အဲရစ်ဆင်ရဲ့ စိတ်မကောင်းစရာအဖြစ်အပျက်ကြောင့် ဒိန်းမတ်နဲ့ဖင်လန်ပွဲရွှေ့ဆိုင်းခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒိန်းမတ်နဲ့ဖင်လန်အသင်းတို့ရဲ့ ယူရိုအုပ်စုပွဲစဉ်မှာ ဒိန်းမတ်အသင်းရဲ့ နာမည်ကျော်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ပွဲကစားချိန်အတွင်း ရုတ်တရက်လဲကျသွားပြီး အဲဒီအဖြစ်အပျက်ကြောင့် ဒိန်းမတ်နဲ့ဖင်လန်ပွဲကို ဆက်မကစားနိုင်ဘဲ ပွဲရွှေ့ဆိုင်းခဲ့ရပါတယ်။

ပထမပိုင်း မိနစ် ၄၀ ကျော်လောက်မှာ ဒိန်းမတ်အသင်း လက်ပစ်ဘောရခဲ့ပြီး အသင်းဖော်က အဲရစ်ဆင်ဆီအပေးမှာ အဲရစ်ဆင်ဟာ ရုတ်တရက်လဲကျသွားခဲ့တာဖြစ်ပြီး ဒိန်းမတ်ကစားသမားတွေဟာ ဆေးအဖွဲ့အမြန်လာဖို့ အချက်ပေးခဲ့ပါတယ်။

ဆေးအဖွဲ့တွေဟာ အဲရစ်ဆင်ကို အချိန်အတော်ကြာတဲ့အထိ ဆေးကုသမှုပြုလုပ်ခဲ့ပြီး မြင်ကွင်းတွေအရ ဆေးအဖွဲ့ဝင်တွေဟာ အဲရစ်ဆင်ကို အသက်ပြန်ရှုအောင်ရှေးဦးသူနာပြုနည်းလမ်းတွေ ပြုလုပ်ခဲ့တာကြောင့် အဲရစ်ဆင်ဟာ ရုတ်တရက် နှလုံးခုန်ရပ်သွားတာမျိုးဖြစ်နိုင်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် နှစ်ဖက်ကစားသမားတွေဟာ မယုံနိုင်အောင်ဖြစ်ခဲ့ရပြီး ဒိန်းမတ်ကစားသမားတွေက အဲရစ်ဆင် ဆေးကုသမှုခံယူနေချိန်မှာ ရုပ်သံမြင်ကွင်းထဲမပါအောင် ပတ်ပတ်လည်ဝန်းရံခဲ့ကြပါတယ်။

အဲရစ်ဆင်ရဲ့ဇနီးဖြစ်သူဟာလည်း စိုးရိမ်စိတ်နဲ့ကွင်းဘေးနားအထိရောက်လာတာကြောင့် ဂိုးသမားကက်စ်ပါရှမိုက်ကယ်နဲ့ အသင်းခေါင်းဆောင် ခါဂျာတို့က သူမကို ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ဒိန်းမတ်နဲ့ဖင်လန်တို့ရဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ရပြီး အဲရစ်ဆင်ကိုလည်း ဆေးရုံအလျင်အမြန်ပို့ဆောင်ခဲ့ရသလို နောက်ဆုံးသတင်းတွေအရ အဲရစ်ဆင်ဟာ သတိပြန်ရလာပြီဖြစ်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထား မရှိတော့ဘူးလို့လည်း သိရပါတယ်။

အသင်းခေါင်းဆောင် ခါဂျာဟာလည်း ဆေးအဖွဲ့တွေကွင်းထဲဝင်ရောက်မလာခင်မှာ အဲရစ်ဆင်က သူ့ရဲ့ လျှာအတွင်းဘက်သို့ မျိုချ မမိစေရန် ပြုလုပ်ပေးထားခဲ့ပြီး လေပြွန်မပိတ်သွားစေဖို့ ရှေးဦးသူနာပြုနည်းနဲ့ ပြုလုပ်ပေးနိုင်ခဲ့တာကလည်း အဲရစ်ဆင်အဖို့ ကံကောင်းသွားစေခဲ့တာပါပဲ။

အဲရစ်ဆင် နှလုံးနှိုးနေရတဲ့ အချိန်မှာ မီဒီယာတွေက ရိုက်ကူးမှုတွေ မပြုလုပ်နိုင်အောင်လို့လည်း ဒိန်းမက်ကစားသမားတွေက ဝန်းရံပေးထားခဲ့တာကလည်း လေးစားစရာကောင်းတဲ့အပြုအမူတစ်ခုပါပဲ။

နာမည်ကျော် ဘောလုံးသမားတွေကလည်း အဲရစ်ဆင်ကို အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေဖို့ဆုတောင်းမှုတွေပြုလုပ်ပေးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဲရစ္ဆင္ရဲ႕ စိတ္မေကာင္းစရာအျဖစ္အပ်က္ေၾကာင့္ ဒိန္းမတ္နဲ႔ဖင္လန္ပြဲေ႐ႊ႕ဆိုင္းခဲ့ရ

ဒိန္းမတ္နဲ႔ဖင္လန္အသင္းတို႔ရဲ႕ ယူ႐ိုအုပ္စုပြဲစဥ္မွာ ဒိန္းမတ္အသင္းရဲ႕ နာမည္ေက်ာ္ကြင္းလယ္လူ အဲရစ္ဆင္ဟာ ပြဲကစားခ်ိန္အတြင္း ႐ုတ္တရက္လဲက်သြားၿပီး အဲဒီအျဖစ္အပ်က္ေၾကာင့္ ဒိန္းမတ္နဲ႔ဖင္လန္ပြဲကို ဆက္မကစားႏိုင္ဘဲ ပြဲေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။ ပထမပိုင္း မိနစ္ ၄၀ ေက်ာ္ေလာက္မွာ ဒိန္းမတ္အသင္း လက္ပစ္ေဘာရခဲ့ၿပီး အသင္းေဖာ္က အဲရစ္ဆင္ဆီအေပးမွာ အဲရစ္ဆင္ဟာ ႐ုတ္တရက္လဲက်သြားခဲ့တာျဖစ္ၿပီး ဒိန္းမတ္ကစားသမားေတြဟာ ေဆးအဖြဲ႕အျမန္လာဖို႔ အခ်က္ေပးခဲ့ပါတယ္။

ေဆးအဖြဲ႕ေတြဟာ အဲရစ္ဆင္ကို အခ်ိန္အေတာ္ၾကာတဲ့အထိ ေဆးကုသမႈျပဳလုပ္ခဲ့ၿပီး ျမင္ကြင္းေတြအရ ေဆးအဖြဲ႕ဝင္ေတြဟာ အဲရစ္ဆင္ကို အသက္ျပန္ရႈေအာင္ေရွးဦးသူနာျပဳနည္းလမ္းေတြ ျပဳလုပ္ခဲ့တာေၾကာင့္ အဲရစ္ဆင္ဟာ ႐ုတ္တရက္ ႏွလုံးခုန္ရပ္သြားတာမ်ိဳးျဖစ္ႏိုင္ပါတယ္။

ဒီအျဖစ္အပ်က္ေၾကာင့္ ႏွစ္ဖက္ကစားသမားေတြဟာ မယုံႏိုင္ေအာင္ျဖစ္ခဲ့ရၿပီး ဒိန္းမတ္ကစားသမားေတြက အဲရစ္ဆင္ ေဆးကုသမႈခံယူေနခ်ိန္မွာ ႐ုပ္သံျမင္ကြင္းထဲမပါေအာင္ ပတ္ပတ္လည္ဝန္းရံခဲ့ၾကပါတယ္။ အဲရစ္ဆင္ရဲ႕ဇနီးျဖစ္သူဟာလည္း စိုးရိမ္စိတ္နဲ႔ကြင္းေဘးနားအထိေရာက္လာတာေၾကာင့္ ဂိုးသမားကက္စ္ပါရွမိုက္ကယ္နဲ႔ အသင္းေခါင္းေဆာင္ ခါဂ်ာတို႔က သူမကို ဝိုင္းဝန္းႏွစ္သိမ့္ေပးခဲ့ၾကပါတယ္။ ဒီအျဖစ္အပ်က္ေၾကာင့္ ဒိန္းမတ္နဲ႔ဖင္လန္တို႔ရဲ႕ပြဲကို ေ႐ႊ႕ဆိုင္းခဲ့ရၿပီး အဲရစ္ဆင္ကိုလည္း ေဆး႐ုံအလ်င္အျမန္ပို႔ေဆာင္ခဲ့ရသလို ေနာက္ဆုံးသတင္းေတြအရ အဲရစ္ဆင္ဟာ သတိျပန္ရလာၿပီျဖစ္တာေၾကာင့္ အသက္အႏၲရာယ္စိုးရိမ္ရတဲ့အေနအထား မရွိေတာ့ဘူးလို႔လည္း သိရပါတယ္။

အသင္းေခါင္းေဆာင္ ခါဂ်ာဟာလည္း ေဆးအဖြဲ႕ေတြကြင္းထဲဝင္ေရာက္မလာခင္မွာ အဲရစ္ဆင္က သူ႕ရဲ႕ လွ်ာအတြင္းဘက္သို႔ မ်ိဳခ် မမိေစရန္ ျပဳလုပ္ေပးထားခဲ့ၿပီး ေလႁပြန္မပိတ္သြားေစဖို႕ ေရွးဦးသူနာျပဳနည္းနဲ႕ ျပဳလုပ္ေပးႏိုင္ခဲ့တာကလည္း အဲရစ္ဆင္အဖို႕ ကံေကာင္းသြားေစခဲ့တာပါပဲ။ အဲရစ္ဆင္ ႏွလုံးႏႈိးေနရတဲ့ အခ်ိန္မွာ မီဒီယာေတြက ႐ိုက္ကူးမႈေတြ မျပဳလုပ္ႏိုင္ေအာင္လို႕လည္း ဒိန္းမက္ကစားသမားေတြက ဝန္းရံေပးထားခဲ့တာကလည္း ေလးစားစရာေကာင္းတဲ့အျပဳအမူတစ္ခုပါပဲ။ နာမည္ေက်ာ္ ေဘာလံုးသမားေတြကလည္း အဲရစ္ဆင္ကို အျမန္ဆံုးျပန္လည္ေကာင္းမြန္လာေစဖို႕ဆုေတာင္းမႈေတြျပဳလုပ္ေပးခဲ့ပါတယ္။