
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူရို ၂၀၂၀ ရဲ့ အုပ်စု (ခ) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ ရုရှားတို့ရဲ့ပွဲမှာတော့ လူကာကူရဲ့ သွင်းဂိုးတွေကြောင့် ဘယ်လ်ဂျီယံဂိုးပြတ်နိုင်ပွဲရရှိသွားခဲ့ပါတယ်။
ဘယ်လ်ဂျီယံ အသင်းဟာ ရုရှားအသင်းကို ၃ ဂိုးပြတ် အနိုင် ကစားခဲ့တာ ဖြစ်ပြီး၊ ဘယ်လ်ဂျီယံ အတွက် တိုက်စစ်မှူး လူကာကူ က ၂ ဂိုး သွင်းပေး ခဲ့ပြီး ကျန် ၁ ဂိုးကိုတော့ မူနဲယားကသွင်းပေးခဲ့တာပါ။
ဘယ်လ်ဂျီယံ-ရုရှားပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကို ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက ရရှိသွားခဲ့ပါတယ်။
အဲရစ်ဆင် ကွင်းအတွင်း လဲကျ သတိလစ်ခဲ့တဲ့အတွက် ကလပ်အသင်းဖော် လူကာကူလည်း စိုးရိမ်စိတ်တွေ ဖြစ်ခဲ့ပါတယ်။
လူကာကူဟာ သူဂိုးသွင်းနိုင်ချိန်မှာတော့ အဲရစ်ဆင်အတွက် ရည်ရွယ် အောင်ပွဲခံခဲ့ပါတယ်။
လူကာကူက ”အသင်းနိုင်ပွဲရတဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။
ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ အသင်းဖော် အဲရစ်ဆင် အကြောင်းပဲ တွေးနေမိတာကြောင့် ကစားရ အတော် ခက်ခဲခဲ့ပါတယ်။ ”
”သူနေကောင်းကျန်းမာဖို့ မျှော်လင့်ပါတယ်။
ကျွန်တော်ဒီနေ့ စွမ်းဆောင်ခဲ့တာတွေက သူ့အတွက်ပါပဲ။
ကျွန်တော် အဲရစ်ဆင် ရဲ့ ဖြစ်ရပ်ကို မြင်ပြီး ငိုခဲ့ရပါတယ်။
ကြောက်လန့်စိုးရိမ်တာလည်း ဖြစ်ခဲ့ပါတယ်”
”ကျွန်တော်တို့က တစ်နှစ်ခွဲကျော်လောက် အခိုက်အတန့်ကောင်းတွေကို အတူတူ ဖြတ်သန်းလာတဲ့သူတွေပါ။
မိသားစုထက်တောင် သူနဲ့ အချိန်ပိုကုန်ဆုံး ဖြစ်ပါတယ်။
သူအခုလို ဖြစ်တဲ့အခါ သူ့မိသားစုဝင်တွေလိုပါပဲ ကျွန်တော်လည်း ခံစားရပါတယ်” ဆိုပြီး ပြောထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အဲရစ္ဆင္ေၾကာင့္ ေၾကာက္ၿပီးငိုခဲ့ရတဲ့ လူကာကူ အေကာင္းဆုံး ကစားသမားဆု ဆြတ္ခူး
ယူ႐ို ၂၀၂၀ ရဲ႕ အုပ္စု (ခ) ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဘယ္လ္ဂ်ီယံနဲ႔ ႐ုရွားတို႔ရဲ႕ပြဲမွာေတာ့ လူကာကူရဲ႕ သြင္းဂိုးေတြေၾကာင့္ ဘယ္လ္ဂ်ီယံဂိုးျပတ္ႏိုင္ပြဲရရွိသြားခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံ အသင္းဟာ ႐ုရွားအသင္းကို ၃ ဂိုးျပတ္ အႏိုင္ ကစားခဲ့တာ ျဖစ္ၿပီး၊ ဘယ္လ္ဂ်ီယံ အတြက္ တိုက္စစ္မႉး လူကာကူ က ၂ ဂိုး သြင္းေပး ခဲ့ၿပီး က်န္ ၁ ဂိုးကိုေတာ့ မူနဲယားကသြင္းေပးခဲ့တာပါ။
ဘယ္လ္ဂ်ီယံ-႐ုရွားပြဲစဥ္အတြက္ အေကာင္းဆုံးကစားသမားဆုကို ဘယ္လ္ဂ်ီယံတိုက္စစ္မႉး လူကာကူက ရရွိသြားခဲ့ပါတယ္။ အဲရစ္ဆင္ ကြင္းအတြင္း လဲက် သတိလစ္ခဲ့တဲ့အတြက္ ကလပ္အသင္းေဖာ္ လူကာကူလည္း စိုးရိမ္စိတ္ေတြ ျဖစ္ခဲ့ပါတယ္။ လူကာကူဟာ သူဂိုးသြင္းႏိုင္ခ်ိန္မွာေတာ့ အဲရစ္ဆင္အတြက္ ရည္႐ြယ္ ေအာင္ပြဲခံခဲ့ပါတယ္။
လူကာကူက ”အသင္းႏိုင္ပြဲရတဲ့အတြက္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္စိတ္ထဲမွာ အသင္းေဖာ္ အဲရစ္ဆင္ အေၾကာင္းပဲ ေတြးေနမိတာေၾကာင့္ ကစားရ အေတာ္ ခက္ခဲခဲ့ပါတယ္။ သူေနေကာင္းက်န္းမာဖို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္ဒီေန႔ စြမ္းေဆာင္ခဲ့တာေတြက သူ႔အတြက္ပါပဲ။ ကြၽန္ေတာ္ အဲရစ္ဆင္ ရဲ႕ ျဖစ္ရပ္ကို ျမင္ၿပီး ငိုခဲ့ရပါတယ္။ ေၾကာက္လန႔္စိုးရိမ္တာလည္း ျဖစ္ခဲ့ပါတယ္”
”ကြၽန္ေတာ္တို႔က တစ္ႏွစ္ခြဲေက်ာ္ေလာက္ အခိုက္အတန႔္ေကာင္းေတြကို အတူတူ ျဖတ္သန္းလာတဲ့သူေတြပါ။ မိသားစုထက္ေတာင္ သူနဲ႔ အခ်ိန္ပိုကုန္ဆုံး ျဖစ္ပါတယ္။သူအခုလို ျဖစ္တဲ့အခါ သူ႔မိသားစု၀င္ေတြလိုပါပဲ ကြၽန္ေတာ္လည္း ခံစားရပါတယ္” ဆိုၿပီး ေျပာထားပါတယ္။