
photo-the sun
photo-tottenham
စပါးအသင်းဟာ သူတို့ရဲ့အဓိကကွင်းလယ်လူဖြစ်တဲ့ အဲရစ်ဆင်ကို အင်တာမီလန်အသင်းဆီလက်လွှတ်လိုက်ရပေမယ့် ဘက်တစ်ကနေ အငှားခေါ်ထားတဲ့ ကွင်းလယ်လူလိုဆယ်ဆိုကို အပြီးသတ်ခေါ်ယူမှုပြုလုပ်လိုက်ပါတယ်။ စပါးဟာ အဲဒီအာဂျင်တီးနားသားကို ပြီးခဲ့တဲ့နွေရာသီကတည်းက ၆ လအငှားနဲ့ ခေါ်ယူထားတာဖြစ်ပြီး အငှားသက်တမ်းကုန်ချိန်ဖြစ်တဲ့ အခုချိန်မှာ ပြောင်းရွှေ့ကြေးပေါင် ၂၇.၂ သန်းပေးပြီး ၂၀၂၅ အထိ စာချုပ်လိုက်တာ ဖြစ်ပါတယ်။
photo-gettyimages
အင်တာမီလန်က အဲရစ်ဆင်ရဲ့အပြောင်းအရွှေ့ကို အတည်ပြုလိုက်ပြီး တစ်ချိန်တည်းမှာပဲ စပါးဟာ လိုဆယ်ဆိုကို အပြီးသတ်ခေါ်လိုက်တာကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ အဲဒီအာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ တင်ပါးဒဏ်ရာကြောင့် အရင်နည်းပြပိုချက်တီနိုလက်ထက်မှာ ထင်သလောက်ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိနည်းပြမော်ရင်ဟိုလက်ထက်မှာတော့ ခြေစွမ်းပိုင်းအရ များစွာတိုးတက်လာခဲ့ပါတယ်။
photo-REX
လိုဆယ်ဆိုဟာ မကြာသေးခင်ရက်သတ္တပတ်တွေမှာ ပိုမိုခြေစွမ်းပြလာနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီပြိုင်ပွဲအရပ်ရပ် စပါးအတွက် ပွဲ ၂၀ ကစားပေးထားကာ ၂ ဂိုးသွင်းယူပေးထားပါတယ်။ ဆောက်သမ်တန်နဲ့ ၁-၁ သရေကျခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီးကတည်းက စပါးနည်းပြမော်ရင်ဟိုက လက်ရှိခြေစွမ်းကြောင့် လိုဆယ်ဆိုကို အပြီးသတ်ခေါ်ဖို့ထက် တခြားရွေးချယ်စရာမရှိတော့ဘူးလို့ ဖွင့်ဟပြောခဲ့တာပါ။ အသက် ၂၃ နှစ်သာရှိသေးပေမယ့် လိုဆယ်ဆိုဟာ ကလပ်အဆင့်မှာ ပွဲပေါင်း ၁၇၀ ကျော်ကစားထားပြီး နိုင်ငံအသင်းအာဂျင်တီးနားအတွက်လည်း ၁၉ ပွဲကစားပေးထားပါတယ်။
[Zawgyi]
အဲရစ္ဆင္ကို လက္လႊတ္လုိက္ရေပမယ့္ လုိဆယ္ဆိုကို အၿပီးသတ္ေခၚလိုက္တဲ့ စပါး
စပါးအသင္းဟာ သူတုိ႔ရဲ႕အဓိကကြင္းလယ္လူျဖစ္တဲ့ အဲရစ္ဆင္ကို အင္တာမီလန္အသင္းဆီလက္လႊတ္လိုက္ရေပမယ့္ ဘက္တစ္ကေန အငွားေခၚထားတဲ့ ကြင္းလယ္လူလုိဆယ္ဆိုကို အၿပီးသတ္ေခၚယူမႈျပဳလုပ္လိုက္ပါတယ္။ စပါးဟာ အဲဒီအာဂ်င္တီးနားသားကုိ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ၆ လအငွားနဲ႔ ေခၚယူထားတာျဖစ္ၿပီး အငွားသက္တမ္းကုန္ခ်ိန္ျဖစ္တ့ဲ အခုခ်ိန္မွာ ေျပာင္းေရႊ႕ေၾကးေပါင္ ၂၇.၂ သန္းေပးၿပီး ၂၀၂၅ အထိ စာခ်ဳပ္လိုက္တာ ျဖစ္ပါတယ္။
အင္တာမီလန္က အဲရစ္ဆင္ရဲ႕အေျပာင္းအေရႊ႕ကို အတည္ျပဳလုိက္ၿပီး တစ္ခ်ိန္တည္းမွာပဲ စပါးဟာ လိုဆယ္ဆုိကို အၿပီးသတ္ေခၚလိုက္တာကို ေၾကညာလိုက္တာ ျဖစ္ပါတယ္။ အဲဒီအာဂ်င္တီးနားလက္ေရြးစင္ကစားသမားဟာ တင္ပါးဒဏ္ရာေၾကာင့္ အရင္နည္းျပပိုခ်က္တီႏိုလက္ထက္မွာ ထင္သေလာက္ေျခစြမ္းျပႏိုင္ျခင္း မရွိခဲ့ပါဘူး။ ဒါေပမ့ဲ လက္ရွိနည္းျပေမာ္ရင္ဟိုလက္ထက္မွာေတာ့ ေျခစြမ္းပိုင္းအရ မ်ားစြာတိုးတက္လာခဲ့ပါတယ္။
လိုဆယ္ဆိုဟာ မၾကာေသးခင္ရက္သတၱပတ္ေတြမွာ ပိုမိုေျခစြမ္းျပလာႏိုင္ခဲ့တာျဖစ္ၿပီး ဒီရာသီၿပိဳင္ပဲြအရပ္ရပ္ စပါးအတြက္ ပြဲ ၂၀ ကစားေပးထားကာ ၂ ဂိုးသြင္းယူေပးထားပါတယ္။ ေဆာက္သမ္တန္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္အၿပီးကတည္းက စပါးနည္းျပေမာ္ရင္ဟိုက လက္ရွိေျခစြမ္းေၾကာင့္ လုိဆယ္ဆုိကို အၿပီးသတ္ေခၚဖုိ႔ထက္ တျခားေရြးခ်ယ္စရာမရွိေတာ့ဘူးလို႔ ဖြင့္ဟေျပာခဲ့တာပါ။ အသက္ ၂၃ ႏွစ္သာရွိေသးေပမယ့္ လုိဆယ္ဆိုဟာ ကလပ္အဆင့္မွာ ပြဲေပါင္း ၁၇၀ ေက်ာ္ကစားထားၿပီး ႏိုင္ငံအသင္းအာဂ်င္တီးနားအတြက္လည္း ၁၉ ပြဲကစားေပးထားပါတယ္။