
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အဲဗာတန်အသင်းက သူတို့ရဲ့ကွင်းလယ်လူဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ကာတာကလပ်အယ်လ်ရိုင်ယန်အသင်းဆီ မဖော်ပြတဲ့ပြောင်းရွှေ့တစ်ရပ်နဲ့ရောင်းချလိုက်ပြီဖြစ်တယ်လို့ အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။
အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ကိုလံဘီယာလက်ရွေးစင်ကစားသမားဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဗုဒ္ဓဟူးနေ့ကတည်းက အယ်လ်ရိုင်ယန်အသင်းမှာဆေးစစ်မှုအောင်မြင်ခဲ့တာဖြစ်ပြီး
အယ်လ်ရိုင်ယန်အသင်းက သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့အပြောင်းအရွှေ့သတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။
အယ်လ်ရိုင်ယန်အသင်းကို ပြင်သစ်နဲ့မန်ချက်စတာယူနိုက်တက်နာမည်ကျော်နောက်ခံလူဟောင်း လော်ရင့်ဘလန့်က နည်းပြအဖြစ်ကိုင်တွယ်နေပြီး အစောပိုင်းတုန်းက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အငှားနဲ့သာခေါ်ယူဖို့ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ဆုံးဖြတ်ခဲ့တာပါ။
၂၀၂၀၊ စက်တင်ဘာလတုန်းက ရီးယဲလ်အသင်းကနေ ဆရာဟောင်းအန်ဆယ်လော့တီရှိရာ အဲဗာတန်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အဲဗာတန်ကစားသမားဘဝအစ
ပရီးမီးယားလိဂ်(၆)ပွဲမှာ (၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့ပြီးခြေစွမ်းပြနိုင်ခဲ့ပေမယ့် ခြေသလုံးဒဏ်ရာနဲ့ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပါတယ်။
အဲဒီနောက် နွေရာသီကာလတုန်းက အန်ဆယ်လော့တီဟာ အသင်းဟောင်းရီးယဲလ်အသင်းနည်းပြအဖြစ် ပြန်လည်ခန့်အပ်ခံခဲ့ရပြီး အဲဗာတန်နည်းပြသစ်ဖြစ်လာတဲ့ ဘင်နီတက်ဇ်က
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အသင်းလူစာရင်းမှာမထည့်သွင်းတော့ဘဲ သူ့အနာဂတ်အစီအစဉ်ထဲမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ် မပါဝင်ဘူးလို့လည်း အသိပေးခဲ့တာဖြစ်ပါတယ်။
၂၀၂၁၊ မေလ(၁၆)ရက်တုန်းက ရှက်ဖီးယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲမှာ အဲဗာတန်အသင်းအတွက် ပါဝင်ကစားခဲ့ပြီးနောက်ပိုင်း ဒီရာသီမှာ တစ်ပွဲမှကစားခွင့်မရခဲ့တာကြောင့်
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အသင်းနဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အယ်လ်ရိုင်ယန်အသင်းမှာ ကစားသမားဘဝသစ် ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။
အဲဗာတန်အသင်းကလည်း ဘဏ္ဍာရေးမျှခြေစည်းမျဉ်း(FFP)နဲ့ ကိုက်ညီအောင် တစ်ပတ်လစာပေါင်(၂၂၀,၀၀၀)အထိပေးနေရတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ရောင်းချဖို့ဆန္ဒရှိခဲ့တာဖြစ်ပြီး
ပြီးခဲ့တဲ့နွေရာသီတုန်းက ပေါ်တိုတောင်ပံကစားသမားလူးဝစ်ဒီယက်ဇ်နဲ့ တိုက်ရိုက်လဲလှယ်ဖို့ကမ်းလှမ်းခဲ့ပေမယ့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပါဘူး။
အဲဗာတန်အသင်းအတွက် စုစုပေါင်း(၂၆)ပွဲကစား၊ (၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၉)ကြိမ်ပြုလုပ်ခဲ့သူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အယ်လ်ရိုင်ယန်အသင်းမှာ (၅)ဦးမြောက်ပြည်ပကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အဲဗာတန္အသင္းမွာ ေခ်ာင္ထိုးခံထားရတဲ့ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ ကာတာကလပ္ အယ္လ္႐ိုင္ယန္ကို ေျပာင္းေ႐ႊ႕
အဲဗာတန္အသင္းက သူတို႔ရဲ႕ကြင္းလယ္လူဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကို ကာတာကလပ္အယ္လ္႐ိုင္ယန္အသင္းဆီ မေဖာ္ျပတဲ့ေျပာင္းေ႐ႊ႕တစ္ရပ္နဲ႔ေရာင္းခ်လိုက္ၿပီျဖစ္တယ္လို႔ အတည္ျပဳထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္သူ ကိုလံဘီယာလက္ေ႐ြးစင္ကစားသမားဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာ ဗုဒၶဟူးေန႔ကတည္းက အယ္လ္႐ိုင္ယန္အသင္းမွာေဆးစစ္မႈေအာင္ျမင္ခဲ့တာျဖစ္ၿပီး အယ္လ္႐ိုင္ယန္အသင္းက သူတို႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ရဲ႕အေျပာင္းအေ႐ႊ႕သတင္းနဲ႔ပတ္သက္လို႔ ထုတ္ျပန္ေၾကညာခဲ့ၿပီးျဖစ္ပါတယ္။ အယ္လ္႐ိုင္ယန္အသင္းကို ျပင္သစ္နဲ႔မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ေနာက္ခံလူေဟာင္း ေလာ္ရင့္ဘလန႔္က နည္းျပအျဖစ္ကိုင္တြယ္ေနၿပီး အေစာပိုင္းတုန္းက ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကို အငွားနဲ႔သာေခၚယူဖို႔ကမ္းလွမ္းခဲ့တာျဖစ္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ဆုံးျဖတ္ခဲ့တာပါ။
၂၀၂၀၊ စက္တင္ဘာလတုန္းက ရီးယဲလ္အသင္းကေန ဆရာေဟာင္းအန္ဆယ္ေလာ့တီရွိရာ အဲဗာတန္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာ အဲဗာတန္ကစားသမားဘဝအစ ပရီးမီးယားလိဂ္(၆)ပြဲမွာ (၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၃)ႀကိမ္ျပဳလုပ္ခဲ့ၿပီးေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ေျခသလုံးဒဏ္ရာနဲ႔ရင္ဆိုင္ခဲ့ရၿပီးေနာက္ပိုင္း ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးခဲ့ပါတယ္။
အဲဒီေနာက္ ေႏြရာသီကာလတုန္းက အန္ဆယ္ေလာ့တီဟာ အသင္းေဟာင္းရီးယဲလ္အသင္းနည္းျပအျဖစ္ ျပန္လည္ခန႔္အပ္ခံခဲ့ရၿပီး အဲဗာတန္နည္းျပသစ္ျဖစ္လာတဲ့ ဘင္နီတက္ဇ္က ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကို အသင္းလူစာရင္းမွာမထည့္သြင္းေတာ့ဘဲ သူ႔အနာဂတ္အစီအစဥ္ထဲမွာ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ မပါဝင္ဘူးလို႔လည္း အသိေပးခဲ့တာျဖစ္ပါတယ္။ ၂၀၂၁၊ ေမလ(၁၆)ရက္တုန္းက ရွက္ဖီးယူႏိုက္တက္နဲ႔ကစားခဲ့တဲ့ပြဲမွာ အဲဗာတန္အသင္းအတြက္ ပါဝင္ကစားခဲ့ၿပီးေနာက္ပိုင္း ဒီရာသီမွာ တစ္ပြဲမွကစားခြင့္မရခဲ့တာေၾကာင့္ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာ အသင္းနဲ႔လမ္းခြဲဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး အယ္လ္႐ိုင္ယန္အသင္းမွာ ကစားသမားဘဝသစ္ ျပန္လည္စတင္ေတာ့မွာျဖစ္ပါတယ္။
အဲဗာတန္အသင္းကလည္း ဘ႑ာေရးမွ်ေျခစည္းမ်ဥ္း(FFP)နဲ႔ ကိုက္ညီေအာင္ တစ္ပတ္လစာေပါင္(၂၂၀,၀၀၀)အထိေပးေနရတဲ့ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကို ေရာင္းခ်ဖို႔ဆႏၵရွိခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ေပၚတိုေတာင္ပံကစားသမားလူးဝစ္ဒီယက္ဇ္နဲ႔ တိုက္႐ိုက္လဲလွယ္ဖို႔ကမ္းလွမ္းခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕က ျဖစ္မလာခဲ့ပါဘူး။ အဲဗာတန္အသင္းအတြက္ စုစုေပါင္း(၂၆)ပြဲကစား၊ (၆)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၉)ႀကိမ္ျပဳလုပ္ခဲ့သူ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာ အယ္လ္႐ိုင္ယန္အသင္းမွာ (၅)ဦးေျမာက္ျပည္ပကစားသမားအျဖစ္ မွတ္တမ္းဝင္မွာျဖစ္ပါတယ္။