အဲဗာတန်အတွက် ပထမဆုံးဂိုးကို ဝက်စ်ဘရွန်းနဲ့ပွဲမှာ လှလှပပသွင်းယူသွားတဲ့ ဂျိမ်းရိုဒရီဂွက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အဲဗာတန်အသင်း ကွင်းလယ်တိုက်စစ်သမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ လက်ရှိကစားနေတဲ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာ အသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးကို လှလှပပကန်သွင်းယူနိုင်ခဲ့ပါတယ်။


အဲဗာတန်ဟာ ပွဲချိန် ၁၀မိနစ်အကြာမှာပဲ ဝက်စ်ဘရွန်းအသင်းရဲ့ ဦးဆောင်ခြင်းခံခဲ့ရပေမယ့် ပွဲချိန် ၃၁ မိနစ်မှာ ကယ်လ်ဗက်လီဝင်က အသင်းအတွက် ချေပဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ရိုဒရီဂွက်ဇ်က အဲဗာတန်အတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


ပထမပိုင်းပြီးခါနီး တိုက်စစ်မှူး ရစ်ချာလီဆန် ဆွဲပြေးလာပြီး အသာပေးတာကို ရိုဒရီဂွက်ဇ်က ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးသမားရဲ့ဘယ်ဘက်ထောင့်အောက်ခြေထဲ ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။

Video – Credit

ကိုလံဘီယာလက်ရွေးစင် ရိုဒရီဂွက်ဇ်ဟာ ယခုနွေရာသီအတွင်း ရီးရဲလ်အသင်းကနေ ရောက်လာပြီးနောက် အဲဗာတန်အတွက် အဖွင့်ပွဲအဖြစ် စပါးကိုအနိုင်ရခဲ့တဲ့ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့သလို အခုလည်း ပထမဆုံးဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။

Video – Credit

ပထမပိုင်းပြီးခါနီးမှာ ရိုဒရီဂွက်ဇ်ကို ဥပဒပကစားခဲ့တဲ့ ဝက်စ်ဘရွန်းဘယ်နောက်ခံလူ ကီရန်ဂစ်ဘ်လည်း တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပြီး ပွဲချိန် ၄၇ မိနစ်မှာ ဝက်စ်ဘရွန်းက ဒုတိယမြောက်ချေပဂိုးသွင်းယူခဲ့ပေမယ့် ပွဲချိန် ၅၄ မိနစ်မှာ နောက်ခံလူ မိုက်ကယ်ကိန်းက အဲဗာတန်အတွက် တတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi
အဲဗာတန္အတြက္ ပထမဆုံးဂိုးကို ၀က္စ္ဘရြန္းနဲ႔ပဲြမွာ လွလွပပသြင္းယူသြားတဲ့ ဂ်ိမ္း႐ိုဒရီဂြက္ဇ္

အဲဗာတန္အသင္း ကြင္းလယ္တုိက္စစ္သမား ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာ လက္ရွိကစားေနတဲ့ ၀က္စ္ဘရြန္းနဲ႔ပြဲမွာ အသင္းအတြက္ သူ႕ရဲ႕ပထမဆုံးဂိုးကို လွလွပပကန္သြင္းယူႏိုင္ခဲ့ပါတယ္။

အဲဗာတန္ဟာ ပြဲခ်ိန္ ၁၀မိနစ္အၾကာမွာပဲ ၀က္စ္ဘရြန္းအသင္းရဲ႕ ဦးေဆာင္ျခင္းခံခဲ့ရေပမယ့္ ပြဲခ်ိန္ ၃၁ မိနစ္မွာ ကယ္လ္ဗက္လီ၀င္က အသင္းအတြက္ ေခ်ပဂိုးသြင္းယူခဲ့ၿပီး ပထမပိုင္းၿပီးခါနီးမွာ ႐ိုဒရီဂြက္ဇ္က အဲဗာတန္အတြက္ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီး တုိက္စစ္မွဴး ရစ္ခ်ာလီဆန္ ဆြဲေျပးလာၿပီး အသာေပးတာကို ႐ိုဒရီဂြက္ဇ္က ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဂိုးသမားရဲ႕ဘယ္ဘက္ေထာင့္ေအာက္ေျခထဲ ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့တာျဖစ္ပါတယ္။

ကိုလံဘီယာလက္ေရြးစင္ ႐ိုဒရီဂြက္ဇ္ဟာ ယခုေႏြရာသီအတြင္း ရီးရဲလ္အသင္းကေန ေရာက္လာၿပီးေနာက္ အဲဗာတန္အတြက္ အဖြင့္ပြဲအျဖစ္ စပါးကိုအႏိုင္ရခဲ့တဲ့ပြဲမွာ အထူးေျခစြမ္းျပႏိုင္ခဲ့သလုိ အခုလည္း ပထမဆုံးဂိုးပါ သြင္းယူႏုိင္ခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ ႐ိုဒရီဂြက္ဇ္ကို ဥပဒပကစားခဲ့တဲ့ ၀က္စ္ဘရြန္းဘယ္ေနာက္ခံလူ ကီရန္ဂစ္ဘ္လည္း တုိက္႐ိုက္အနီကတ္ျပသခံခဲ့ရၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာ ၀က္စ္ဘရြန္းက ဒုတိယေျမာက္ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္ ပြဲခ်ိန္ ၅၄ မိနစ္မွာ ေနာက္ခံလူ မုိက္ကယ္ကိန္းက အဲဗာတန္အတြက္ တတိယေျမာက္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။