အဲဗာတန်နဲ့ ၅ နှစ်စာချုပ်သစ်ကို ရီချာလီဆန်လက်မှတ်ရေးထိုး

Photo-Internet
Photo-Internet

ဘရာဇီးတိုက်စစ်မှူ း ရီချာလီဆန်ဟာ အသင်းနဲ့စာချုပ်သစ်လက်မှတ်ရေးထိုးခဲ့တယ်လို့ အဲဗာတန်အသင်းကထုတ်ပြန်ကြေညာလိုက်ပါတယ်။ အသက် ၂၂ သာရှိသေးတဲ့ ရီချာလီဆန်ဟာ ၂၀၁၈ ဇူလိုင်လက ဝက်ဒ်ဖို့ဒ်ကနေပေါင်သန်း ၄၀ နဲ့ပြောင်းရွှေ့လာတဲ့သူဖြစ်ပါတယ်။

သူဟာအဲဗာတန်နဲ့ လက်ရှိစာချုပ်ကိုပြင်ဆင်ပြောင်းလဲတဲ့ အချက်တွေအပါအဝင် နောက်ထပ်သက်တမ်း ၂ နှစ်ထပ်တိုးခဲ့လို့ စုစုပေါင်းစ ၅ နှစ်ဖြစ်ခဲ့တာပါ။ တကယ်တမ်းကျတော့ စာချုပ်သက်တမ်းက ၅ နှစ်အပြည့်မဟုတ်ဘဲ လက်ကျန်သက်တမ်းတွေကိုပါ အချက်အလက်ပြောင်းလဲပြီးထည့်တွက်ခဲ့လို့ ၅ နှစ်ဖြစ်သွားတာပါ။

Photo-Internet

အဲဗာတန်ဟာ ရလဒ်တွေဆိုးရွားနေပြီး နည်းပြ မာကိုဆေးလ်ဗားရဲ့အနာဂတ်လည်းမသေချာတော့ပေမယ့် အဓိကတိုက်စစ်မှူ း ဖြစ်ပြီး မန်ယူအပါအဝင်အသင်းကြီးအချို့အလိုရှိနေတဲ့ ရီချာလီဆန်ကိုတော့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သူဟာ လက်စတာနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့သေးလို့ အဲဗာတန်အတွက်ပွဲ ၅၀ ကစားပြီး ဂိုး ၂၀ ပြည့်တဲ့မှတ်တမ်းကိုလည်း ရရှိခဲ့ပါတယ်။

Photo-Internet

စာချုပ်လက်မှတ်ရေးထိုးမှုအပြီးမှာ ရီချာလီဆန်က”ဒီမှာကျွန်တော်အကြာကြီး ဆက်နေဖို့ရည်ရွယ်ပါတယ်။ ကျွန်တော့်ဘောလုံးစွမ်းရည်ကိုပြသနိုင်အောင်အခွင့်အရေး ပေးခဲ့တဲ့ကလပ်လည်းဖြစ်ပါတယ်။ ဒီမှာနေပြီး ဘရာဇီးအသင်းမှာ နေရာရခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ဂိုးတွေသွင်းနိုင်ခဲ့တာပါ။

Photo-Internet

ကလပ်ကကျွန်တော့်ကိုယုံသလို ကျွန်တော်ကလည်း သူတို့ကိုယုံပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော့်အပေါ်အများကြီး သက်ရောက်မှုရှိပြီး ဒါကိုပြန်ပေးဆပ်ဖို့အတွက်လည်း ကွင်းထဲမှာ တတ်နိုင်သလောက်ကျွန်တော်ကြိုးစားနေပါတယ်” လို့ပြောသွားပါတယ်။

Photo-Internet

Zawgyi

အဲဗာတန္နဲ႔ ၅ ႏွစ္စာခ်ဳပ္သစ္ကို ရီခ်ာလီဆန္လက္မွတ္ေရးထိုး

ဘရာဇီးတိုက္စစ္မွဴ း ရီခ်ာလီဆန္ဟာ အသင္းနဲ႔စာခ်ဳပ္သစ္လက္မွတ္ေရးထိုးခဲ့တယ္လို႔ အဲဗာတန္အသင္းကထုတ္ျပန္ေၾကညာလိုက္ပါတယ္။ အသက္ ၂၂ သာရွိေသးတဲ႔ ရီခ်ာလီဆန္ဟာ ၂၀၁၈ ဇူလိုင္လက ၀က္ဒ္ဖို႔ဒ္ကေနေပါင္သန္း ၄၀ နဲ႔ေျပာင္းေရႊ႕လာတဲ႔သူျဖစ္ပါတယ္။

သူဟာအဲဗာတန္နဲ႔ လက္ရွိစာခ်ဳပ္ကိုျပင္ဆင္ေျပာင္းလဲတဲ႔ အခ်က္ေတြအပါအ၀င္ ေနာက္ထပ္သက္တမ္း ၂ ႏွစ္ထပ္တိုးခဲ့လို႔ စုစုေပါင္းစ ၅ ႏွစ္ျဖစ္ခဲ့တာပါ။ တကယ္တမ္းက်ေတာ႔ စာခ်ဳပ္သက္တမ္းက ၅ ႏွစ္အျပည့္မဟုတ္ဘဲ လက္က်န္သက္တမ္းေတြကိုပါ အခ်က္အလက္ေျပာင္းလဲၿပီးထည့္တြက္ခဲ့လို႔ ၅ ႏွစ္ျဖစ္သြားတာပါ။

အဲဗာတန္ဟာ ရလဒ္ေတြဆိုးရြားေနၿပီး နည္းျပ မာကိုေဆးလ္ဗားရဲ႕အနာဂတ္လည္းမေသခ်ာေတာ႔ေပမယ္႔ အဓိကတိုက္စစ္မွဴ း ျဖစ္ၿပီး မန္ယူအပါအ၀င္အသင္းႀကီးအခ်ဳိ႕အလိုရွိေနတဲ႔ ရီခ်ာလီဆန္ကိုေတာ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ သူဟာ လက္စတာနဲ႔ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ေသးလို႔ အဲဗာတန္အတြက္ပြဲ ၅၀ ကစားၿပီး ဂိုး ၂၀ ျပည့္တဲ႔မွတ္တမ္းကိုလည္း ရရွိခဲ့ပါတယ္။

စာခ်ဳပ္လက္မွတ္ေရးထိုးမႈအၿပီးမွာ ရီခ်ာလီဆန္က”ဒီမွာက်ြန္ေတာ္အၾကာႀကီး ဆက္ေနဖို႔ရည္ရြယ္ပါတယ္။ က်ြန္ေတာ္႔ေဘာလုံးစြမ္းရည္ကိုျပသႏိုင္ေအာင္အခြင့္အေရး ေပးခဲ့တဲ႔ကလပ္လည္းျဖစ္ပါတယ္။ ဒီမွာေနၿပီး ဘရာဇီးအသင္းမွာ ေနရာရခဲ့သလို ပရီးမီးယားလိဂ္မွာလည္း ဂိုးေတြသြင္းႏိုင္ခဲ့တာပါ။

ကလပ္ကက်ြန္ေတာ္႔ကိုယုံသလို က်ြန္ေတာ္ကလည္း သူတို႔ကိုယုံပါတယ္။ ပရိသတ္ေတြကလည္း က်ြန္ေတာ္႔အေပၚအမ်ားႀကီး သက္ေရာက္မႈရွိၿပီး ဒါကိုျပန္ေပးဆပ္ဖို႔အတြက္လည္း ကြင္းထဲမွာ တတ္ႏိုင္သေလာက္က်ြန္ေတာ္ႀကိဳးစားေနပါတယ္” လို႔ေျပာသြားပါတယ္။