အဲဗာတန်နဲ့ပွဲ လင်ဂတ်လွဲပြီး၊ မာရှယ်၊ လုခ်ရှော၊ မက်ဂွားယားတို့ ပါဝင်လာနိုင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ကစားသမား လင်ဂတ်ဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပါပြီ။

ဒါကြောင့်ဒီနေ့ည အဲဗာတန်နဲ့ ခြေစမ်းပွဲသာမက၊ ရာသီအဖွင့်ပွဲတချို့ပါ လွဲချော်နိုင်ပါတယ်။

ယူနိုက်တက်အသင်းကတော့ ကစားသမားအနေနဲ့ အမြန်ဆုံး ကျန်းမာသက်သာလာစေကြောင်း ဆုတောင်းထားပါတယ်။

ယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ယနေ့ည ၆နာရီ ၁၅ မိနစ်မှာ ရာသီကြိုခြေစမ်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ယနေ့မှာယှဉ်ပြိုင်မယ့် အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာတော့ မက်ဂွားယား၊ ဖာနန်ဒက်စ်၊ဒီဂီယာ၊မာရှယ်လ် တို့ပါဝင်ကစားဖွယ် ရှိနေပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ ဟန်ဒါဆင်တို့ကတော့ ဒဏ်ရာပြဿနာ၊ ကိုဗစ်အရေးတွေကြောင့် ပါဝင်ဖို့မဖြစ်နိုင်သလို အသစ်ခေါ်ယူထားတဲ့ ဗာရန်းနဲ့ဆန်ချိုတို့လည်း ပါဝင်ဦးမှာ မဟုတ်ပါဘူး။

ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ထင်သလောက်ရလဒ်မကောင်းခဲ့ဘဲ ဒါဘီအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူခဲ့ကာ ကျူပီအာအသင်းကိုတော့ လေးဂိုး-နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် ဘရန့်ဖို့ဒ်အသင်းကိုလည်း အိုးထရက်ဖို့ဒ်မှာ တစ်ဖက်နှစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။

အဲဗာတန်အသင်းကတော့ နည်းပြသစ် ဘင်နီတက်ရဲ့ ဦးဆောင်မှုနဲ့အတူ ခြေစမ်းပွဲစဉ်တွေမှာ နိုင်ပွဲတွေဆက်တိုက်ရယူထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

ဒါပေမယ့် အဲဗာတန်အသင်းရင်ဆိုင်ရတဲ့အသင်းတွေက သူ့ထက်များစွာ အင်အားနည်းတဲ့အသင်း တွေ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဲဗာတန္နဲ႔ပြဲ လင္ဂတ္လြဲၿပီး၊ မာရွယ္၊ လုခ္ေရွာ၊ မက္ဂြားယားတို႔ ပါဝင္လာႏိုင္

ယူႏိုက္တက္ ကစားသမား လင္ဂတ္ဟာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ခံလိုက္ရပါၿပီ။ ဒါေၾကာင့္ဒီေန႔ည အဲဗာတန္နဲ႔ ေျခစမ္းပြဲသာမက၊ ရာသီအဖြင့္ပြဲတခ်ိဳ႕ပါ လြဲေခ်ာ္ႏိုင္ပါတယ္။ ယူႏိုက္တက္အသင္းကေတာ့ ကစားသမားအေနနဲ႔ အျမန္ဆုံး က်န္းမာသက္သာလာေစေၾကာင္း ဆုေတာင္းထားပါတယ္။

ယူႏိုက္တက္အသင္းနဲ႔ အဲဗာတန္အသင္းတို႔ဟာ ယေန႔ည ၆နာရီ ၁၅ မိနစ္မွာ ရာသီႀကိဳေျခစမ္းပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ယေန႔မွာယွဥ္ၿပိဳင္မယ့္ အဲဗာတန္အသင္းနဲ႔ပြဲစဥ္မွာေတာ့ မက္ဂြားယား၊ ဖာနန္ဒက္စ္၊ဒီဂီယာ၊မာရွယ္လ္ တို႔ပါဝင္ကစားဖြယ္ ရွိေနပါတယ္။ ရက္ရွ္ဖို႔ဒ္နဲ႔ ဟန္ဒါဆင္တို႔ကေတာ့ ဒဏ္ရာျပႆနာ၊ ကိုဗစ္အ​ေရးေတြေၾကာင့္ ပါဝင္ဖို႔မျဖစ္ႏိုင္သလို အသစ္ေခၚယူထားတဲ့ ဗာရန္းနဲ႔ဆန္ခ်ိဳတို႔လည္း ပါဝင္ဦးမွာ မဟုတ္ပါဘူး။

ယူႏိုက္တက္အသင္းဟာ ရာသီႀကိဳေျခစမ္းပြဲစဥ္မွာ ထင္သေလာက္ရလဒ္မေကာင္းခဲ့ဘဲ ဒါဘီအသင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူခဲ့ကာ က်ဴပီအာအသင္းကိုေတာ့ ေလးဂိုး-ႏွစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ ဒါ့အျပင္ ဘရန႔္ဖို႔ဒ္အသင္းကိုလည္း အိုးထရက္ဖို႔ဒ္မွာ တစ္ဖက္ႏွစ္ဂိုးစီ သေရသာ ကစားႏိုင္ခဲ့ပါတယ္။

အဲဗာတန္အသင္းကေတာ့ နည္းျပသစ္ ဘင္နီတက္ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ေျခစမ္းပြဲစဥ္ေတြမွာ ႏိုင္ပြဲေတြဆက္တိုက္ရယူထားတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ ဒါေပမယ့္ အဲဗာတန္အသင္းရင္ဆိုင္ရတဲ့အသင္းေတြက သူ႔ထက္မ်ားစြာ အင္အားနည္းတဲ့အသင္း ေတြ ျဖစ္ပါတယ္။