အဲဗာတန်နဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းက ချန်လှပ်ခဲ့တဲ့ဆုံးဖြတ်ချက်အပေါ် နောင်တမရဘူးလို့ ဆိုးလ်ရှားဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဲဗာတန်အသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက ပွဲထွက်စာရင်းကို အပြောင်းလဲတချို့လုပ်ခဲ့ပြီး တိုက်စစ်မှူးနေရာမှာ စီရော်နယ်လ်ဒိုကို ချန်လှန်ပြီးတော့ ကာဗာနီနဲ့ပွဲထွက်ခဲ့သလို ဘယ်ခြမ်းတိုက်စစ်မှာလည်းမာစီယဲလ်ကို ပွဲထွက်ခွင့်ပြန်ပေးခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ပွဲထွက်ကစားသမားတွေဟာ ပထမပိုင်းမှာ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ပေးပို့မှုကနေ မာစီယဲလ်က ဦးဆောင်ဂိုးသွင်းယူခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ယူနိုက်တက်အသင်း (၁-၀)ဂိုးနဲ့ဦးဆောင်ခဲ့ပါတယ်။

ဆိုးလ်ရှားက ဒုတိယပိုင်းမိနစ်(၆၀)လောက်မှာ စီရော်နယ်လ်ဒိုနဲ့ဆန်ချိုကို လူစားဝင်အဖြစ်အသုံးပြုခဲ့ပေမယ့် ယူနိုက်တက်အသင်း ဂိုးထပ်မရတဲ့အပြင် တောင်ဆန်က ချေပဂိုးပြန်သွင်းယူခဲ့တာကြောင့်

ပွဲအပြီးမှာ(၁-၁)ဂိုးစီသရေကျခဲ့သလို ယူနိုက်တက်အသင်းပရီးမီးယားလိဂ်အိမ်ကွင်း(၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာပဲဖြစ်ပါတယ်။

အဲဒီပွဲမှာ ဒီရာသီပြိုင်ပွဲစုံ (၅)ပွဲကစား(၅)ဂိုးသွင်းထားတဲ့ စီရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းကနေချန်လှပ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေထွက်နေတာကြောင့် ဆိုးလ်ရှားက စီရော်နယ်လ်ဒိုကို ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နောင်တမရဘူးလို့ ပြန်လည်တုံ့ပြန်လိုက်တာပါ။

အဲဗာတန်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက စီရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းကနေချန်လှပ်ခဲ့တဲ့အပေါ် နောင်တရမိလားလို့ မေးမြန်းခဲ့ချိန်မှာ ဆိုးလ်ရှားက ”လုံးဝနောင်တမရပါဘူး။ ရာသီအရှည်ကြီးကို ဖြတ်သန်းရတဲ့အခါ ဖြစ်သင့်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ရလေ့ရှိပါတယ်။

နည်းပြတစ်ယောက်ဟာ ကစားသမားတစ်ဦးချင်းစီရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မျှတအောင်ထိန်းညှိပေးရမှာဖြစ်တာကြောင့် ကျွန်တော့်ဆုံးဖြတ်ချက်က မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ပွဲ(ဗီလာရီးယဲလ်)တုန်းက စီရော်နယ်လ်ဒိုဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းမှာ အားထုတ်ကစားခဲ့ရတဲ့အတွက် သူ့ကို အနားရအောင် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာပါ။

အခုပွဲမှာ မာစီယဲလ်ဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး တစ်ဂိုးသွင်းယူခဲ့ပါတယ်။

ကာဗာနီကလည်း ပွဲထွက်ကစားခွင့်ရဖို့လိုအပ်နေပြီး သူလည်း ဂိုးသွင်းနိုင်ဖို့အခွင့်အရေးရခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ၂၀၀၇၊ မေလတုန်းက ဝက်စ်ဟမ်းအသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲနောက်ပိုင်း ပထမဆုံးအဖြစ် ယူနိုက်တက်ကစားသမားဘဝမှာ လူစားဝင်ကစားခဲ့ရတာဖြစ်ပြီး

၂၀၀၇၊ ဝက်စ်ဟမ်းနဲ့ပွဲမှာ ယူနိုက်တက်အသင်း(၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို အခုပွဲမှာလည်း အဲဗာတန်နဲ့(၁-၁)ဂိုးစီသရေကျခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဲဗာတန္နဲ႔ပြဲမွာ စီေရာ္နယ္လ္ဒိုကို ပြဲထြက္လူစာရင္းက ခ်န္လွပ္ခဲ့တဲ့ဆုံးျဖတ္ခ်က္အေပၚ ေနာင္တမရဘူးလို႔ ဆိုးလ္ရွားဆို

အဲဗာတန္အသင္းနဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားက ပြဲထြက္စာရင္းကို အေျပာင္းလဲတခ်ိဳ႕လုပ္ခဲ့ၿပီး တိုက္စစ္မႉးေနရာမွာ စီေရာ္နယ္လ္ဒိုကို ခ်န္လွန္ၿပီးေတာ့ ကာဗာနီနဲ႔ပြဲထြက္ခဲ့သလို ဘယ္ျခမ္းတိုက္စစ္မွာလည္းမာစီယဲလ္ကို ပြဲထြက္ခြင့္ျပန္ေပးခဲ့ပါတယ္။ ဆိုးလ္ရွားရဲ႕ပြဲထြက္ကစားသမားေတြဟာ ပထမပိုင္းမွာ ပုံစံေကာင္းျပသႏိုင္ခဲ့ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေပးပို႔မႈကေန မာစီယဲလ္က ဦးေဆာင္ဂိုးသြင္းယူခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာ ယူႏိုက္တက္အသင္း (၁-၀)ဂိုးနဲ႔ဦးေဆာင္ခဲ့ပါတယ္။

ဆိုးလ္ရွားက ဒုတိယပိုင္းမိနစ္(၆၀)ေလာက္မွာ စီေရာ္နယ္လ္ဒိုနဲ႔ဆန္ခ်ိဳကို လူစားဝင္အျဖစ္အသုံးျပဳခဲ့ေပမယ့္ ယူႏိုက္တက္အသင္း ဂိုးထပ္မရတဲ့အျပင္ ေတာင္ဆန္က ေခ်ပဂိုးျပန္သြင္းယူခဲ့တာေၾကာင့္ ပြဲအၿပီးမွာ(၁-၁)ဂိုးစီသေရက်ခဲ့သလို ယူႏိုက္တက္အသင္းပရီးမီးယားလိဂ္အိမ္ကြင္း(၂)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့တာပဲျဖစ္ပါတယ္။ အဲဒီပြဲမွာ ဒီရာသီၿပိဳင္ပြဲစုံ (၅)ပြဲကစား(၅)ဂိုးသြင္းထားတဲ့ စီေရာ္နယ္လ္ဒိုကို ပြဲထြက္လူစာရင္းကေနခ်န္လွပ္ခဲ့တဲ့အတြက္ ေဝဖန္မႈေတြထြက္ေနတာေၾကာင့္ ဆိုးလ္ရွားက စီေရာ္နယ္လ္ဒိုကို ပြဲထြက္ကစားသမားအျဖစ္ အသုံးမျပဳခဲ့တဲ့ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ေနာင္တမရဘူးလို႔ ျပန္လည္တုံ႔ျပန္လိုက္တာပါ။

အဲဗာတန္နဲ႔ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြက စီေရာ္နယ္လ္ဒိုကို ပြဲထြက္လူစာရင္းကေနခ်န္လွပ္ခဲ့တဲ့အေပၚ ေနာင္တရမိလားလို႔ ေမးျမန္းခဲ့ခ်ိန္မွာ ဆိုးလ္ရွားက ”လုံးဝေနာင္တမရပါဘူး။ ရာသီအရွည္ႀကီးကို ျဖတ္သန္းရတဲ့အခါ ျဖစ္သင့္တဲ့ဆုံးျဖတ္ခ်က္ေတြခ်မွတ္ရေလ့ရွိပါတယ္။ နည္းျပတစ္ေယာက္ဟာ ကစားသမားတစ္ဦးခ်င္းစီရဲ႕ ဝန္ထုပ္ဝန္ပိုးေတြကို မွ်တေအာင္ထိန္းညႇိေပးရမွာျဖစ္တာေၾကာင့္ ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္က မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔ပြဲ(ဗီလာရီးယဲလ္)တုန္းက စီေရာ္နယ္လ္ဒိုဟာ ႐ုပ္ပိုင္း၊ စိတ္ပိုင္းမွာ အားထုတ္ကစားခဲ့ရတဲ့အတြက္ သူ႔ကို အနားရေအာင္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခဲ့တာပါ။ အခုပြဲမွာ မာစီယဲလ္ဟာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး တစ္ဂိုးသြင္းယူခဲ့ပါတယ္။ ကာဗာနီကလည္း ပြဲထြက္ကစားခြင့္ရဖို႔လိုအပ္ေနၿပီး သူလည္း ဂိုးသြင္းႏိုင္ဖို႔အခြင့္အေရးရခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ၂၀၀၇၊ ေမလတုန္းက ဝက္စ္ဟမ္းအသင္းနဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲေနာက္ပိုင္း ပထမဆုံးအျဖစ္ ယူႏိုက္တက္ကစားသမားဘဝမွာ လူစားဝင္ကစားခဲ့ရတာျဖစ္ၿပီး ၂၀၀၇၊ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ယူႏိုက္တက္အသင္း(၁-၀)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့သလို အခုပြဲမွာလည္း အဲဗာတန္နဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တာျဖစ္ပါတယ္။