အဲဗာတန်နည်းပြသစ်ဖြစ်လာဖု့ိ သဘောတူညီလိုက်တဲ့ အန်စလော့တီ

photo-mirror

photo-gettyimages

အအောင်မြင်ဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်တဲ့ အန်စလော့တီဟာ ပရီးမီးယားလိဂ်ကလပ်အဲဗာတန်ရဲ့နည်းပြသစ်ဖြစ်လာဖို့ သဘောတူညီလိုက်ပြီလို့ စိတ်ချရတဲ့သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အန်စလော့တီဟာ ပြီးခဲ့ဲတဲ့အပတ်ကမှ နာပိုလီကနေ ထုတ်ပယ်ခံလိုက်တာဖြစ်ပြီး အခုတော့ အဲဗာတန်နဲ့အတူ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်ရောက်လာဖို့ ရှိနေတာပါ။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ မာဆေးဆိုဒ်ဒေသကို အဲဒီအီတလီသားနည်းပြရောက်လာပြီးတဲ့နောက် အဲဗာတန်နဲ့သူ့အကြား ဆွေးနွေးမှုတွေဟာ ကောင်းစွာတိုးတက်မှုရှိခဲ့ပါတယ်။

photo-gettyimages

ဒါကြောင့်လည်း ဗုဒ္ဓဟူးနေ့ကစားမယ့် လက်စတာနဲ့ အင်္ဂလန်လိဂ်ဖလားကွာတားပွဲမတိုင်ခင် နည်းပြသစ်အဖြစ် အန်စလော့တီကို အတည်ပြုနိုင်လိမ့်မယ်လို့ နားလည်ရပါတယ်။ လက်ရှိမှာတော့ အဲဗာတန်ကို အသင်းဂန္ထဝင်ကစားသမားဟောင်းဒန်ကန်ဖာဂူဆန်က ယာယီကိုင်တွယ်နေပြီး သူ့လက်ထက် ၂ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေကစားထားကာ အခြေအနေကောင်းနေပါတယ်။ ဒါပေမဲ့လည်း အဲဗာတန်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်အထက်နားရှိနေဆဲပါပဲ။

photo-gettyimages

အသက် ၆၀ အရွယ် အန်စလော့တီဟာ ၂၀၀၉ ကနေ ၂၀၁၁ အထိ ချဲလ်ဆီးကို လာရောက်ကိုင်တွယ်ခဲ့စဉ်တုန်းက ပရီးမီးယားလိဂ်၊အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့မှာ ဗိုလ်စွဲခဲ့ဖူးပါတယ်။ ဒါ့အပြင် အန်စလော့တီဟာ ရီးရဲလ်၊ပီအက်စ်ဂျီနဲ့ဘိုင်ယန်မြူးနစ်တို့လို နာမည်ကြီးဥရောပအသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပြီး သူ့နည်းပြဘဝမှာ ချန်ပီယံလိဂ်အောင်မြင်မှု ၃ ကြိမ်ကိုင်မြှောက်နိုင်ခဲ့ဖူးပါတယ်။

[Zawgyi]

အဲဗာတန္နည္းျပသစ္ျဖစ္လာဖု႔ိ သေဘာတူညီလုိက္တဲ့ အန္စေလာ့တီ

အေအာင္ျမင္ဆုံးနည္းျပေတြထဲက တစ္ေယာက္ျဖစ္တဲ့ အန္စေလာ့တီဟာ ပရီးမီးယားလိဂ္ကလပ္အဲဗာတန္ရဲ႕နည္းျပသစ္ျဖစ္လာဖို႔ သေဘာတူညီလိုက္ၿပီလို႔ စိတ္ခ်ရတဲ့သတင္းရင္းျမစ္တစ္ခုျဖစ္တဲ့ Sky Sports သတင္းဌာနက ေဖာ္ျပလုိက္ပါတယ္။ အန္စေလာ့တီဟာ ၿပီးခဲ့ဲတဲ့အပတ္ကမွ နာပုိလီကေန ထုတ္ပယ္ခံလိုက္တာျဖစ္ၿပီး အခုေတာ့ အဲဗာတန္နဲ႔အတူ ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ျပန္ေရာက္လာဖို႔ ရွိေနတာပါ။ ၿပီးခဲ့တဲ့တနလၤာေန႔မွာ မာေဆးဆိုဒ္ေဒသကို အဲဒီအီတလီသားနည္းျပေရာက္လာၿပီးတဲ့ေနာက္ အဲဗာတန္နဲ႔သူ႔အၾကား ေဆြးေႏြးမႈေတြဟာ ေကာင္းစြာတိုးတက္မႈရွိခဲ့ပါတယ္။

ဒါေၾကာင့္လည္း ဗုဒၶဟူးေန႔ကစားမယ့္ လက္စတာနဲ႔ အဂၤလန္လိဂ္ဖလားကြာတားပြဲမတိုင္ခင္ နည္းျပသစ္အျဖစ္ အန္စေလာ့တီကို အတည္ျပဳႏုိင္လိမ့္မယ္လို႔ နားလည္ရပါတယ္။ လက္ရွိမွာေတာ့ အဲဗာတန္ကို အသင္းဂႏၳ၀င္ကစားသမားေဟာင္းဒန္ကန္ဖာဂူဆန္က ယာယီကိုင္တြယ္ေနၿပီး သူ႔လက္ထက္ ၂ ပြဲမွာ ၁ ပြဲႏိုင္၊ ၁ ပြဲသေရကစားထားကာ အေျခအေနေကာင္းေနပါတယ္။ ဒါေပမဲ့လည္း အဲဗာတန္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ တန္းဆင္းဇုန္အထက္နားရွိေနဆဲပါပဲ။

အသက္ ၆၀ အရြယ္ အန္စေလာ့တီဟာ ၂၀၀၉ ကေန ၂၀၁၁ အထိ ခ်ဲလ္ဆီးကို လာေရာက္ကိုင္တြယ္ခဲ့စဥ္တုန္းက ပရီးမီးယားလိဂ္၊အက္ဖ္ေအဖလားနဲ႔ ကြန္ျမဴနတီဒိုင္းတို႔မွာ ဗုိလ္စဲြခ့ဲဖူးပါတယ္။ ဒါ့အျပင္ အန္စေလာ့တီဟာ ရီးရဲလ္၊ပီအက္စ္ဂ်ီနဲ႔ဘိုင္ယန္ျမဴးနစ္တုိ႔လို နာမည္ႀကီးဥေရာပအသင္းေတြကိုလည္း ကိုင္တြယ္ခဲ့ဖူးၿပီး သူ႔နည္းျပဘ၀မွာ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ ၃ ႀကိမ္ကိုင္ေျမွာက္ႏိုင္ခဲ့ဖူးပါတယ္။