အဲဗာတန်တိုက်စစ်မှူ း လီဝင် ကိုပေါင်သန်း ၅၀ နဲ့ခေါ်ယူဖို့ မန်ယူပစ်မှတ်ထားနေ

Photo-Internet
Photo-Internet

မန်ယူအသင်းဟာ နော်ဝေတိုက်စစ်မှူ း အာလင်းဟာလန်းကို ဒေါ့မန်အသင်းဆီလက်လွှတ်ခဲ့ရပြီးနောက် အဲဗာတန်မှာခြေစွမ်းပြနေတဲ့ တိုက်စစ်မှူ း ကယ်လ်ဗက်လီဝင်ကို လာမယ့်နွေရာသီမှာပေါင်သန်း ၅၀ နဲ့ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

မန်ယူဟာ ဒီဇင်ဘာလအတွင်းမှာ ဟာလန်းကိုခေါ်ယူဖို့ကြိုးစားခဲ့စဉ်ကတည်းက မရခဲ့ရင် လီဝင်ကိုခေါ်ဖို့အရန်အစီအစဉ်အဖြစ် သတ်မှတ်ထားပြီးသားလို့လည်းဆိုပါတယ်။ မန်ယူဟာ ဟာလန်းရဲ့အေးဂျင့်နဲ့ ဖခင်ဖြစ်သူတို့ရဲ့ ပြန်ပေးဆွဲသလိုငွေတောင်းတဲ့ လုပ်ရပ်ကြောင့် ကစားသမားကိုဒေါ့မန်ဆီလက်လွှတ်လိုက်ရတာဖြစ်ပါတယ်။

Photo-Internet

အသက် ၂၂ သာရှိသေးတဲ့ လီဝင်ဟာ အင်္ဂလန်ယူ- ၂၁ လက်ရွေးစင်ဟောင်းဖြစ်ပြီး သူ့တန်ကြေးကပေါင်သန်း ၅၀ ဖြစ်လို့ ဟာလန်းရဲ့စာချုပ်ပါတန်ကြေးပေါင် ၁၈ သန်းထက် ၃ ဆနီးပါးပိုမိုများပြားပါတယ်။ သူဟာဒီရာသီပရီးမီးယားလိဂ်မှာ ၈ ဂိုးသွင်းယူထားပြီး နောက်ဆုံး ၂ ပွဲဖြစ်တဲ့ ဘန်လေ၊ နယူးကာဆယ်တို့ကိုအနိုင်ရခဲ့တဲ့ပွဲတွေမှာ ၃ ဂိုးသွင်းယူထားပါတယ်။

Photo-Internet

အဲဗာတန်နည်းပြ အန်စလော့တီက လီဝင်ဟာကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူ းဖြစ်လာနိုင်ပြီး သူနာပိုလီမှာရှိနေစဉ်ကတည်းက ခေါ်ယူဖို့စိတ်ဝင်စားခဲ့တာလို့ ပြောထားပါတယ်။ မန်ယူရဲ့လက်ရှိတိုက်စစ်ပိုင်းက ကောင်းမွန်နေပေမယ့် ဒဏ်ရာပြဿ     နာကြုံခဲ့ရင် ဟန်ချက်ပျက်လေ့ရှိလို့ နောက်ထပ်တစ်ဦးခေါ်ယူလိုနေတာဖြစ်ပါတယ်။

Photo-Internet

အရပ် ၆ ပေ ၂ လက်မရှိတဲ့ လီဝင်ဟာကြံခိုင်မှုပိုင်းကောင်းမွန်တဲ့အပြင် ပရီးမီးယားလိဂ်မှာလည်းခြေစွမ်းပြနိုင်သူဖြစ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက အရင်ကတည်းကစောင့်ကြည့်ခဲ့တာလို့လည်း သိရပါတယ်။

Photo-Internet

Zawgyi





