အဲဗာတန်ကို နှုတ်ဆက် အသင်းဟောင်းဆီ ပြန်ရောက်နိုင်ခြေရှိတဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တိုအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်း ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို အဲဗာတန်အသင်းဆီကနေ ပြန်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

အဲဗာတန်နည်းပြသစ် ဘင်နီတက်ဇ်က ဂျိမ်းစ်ဟာ သူ့ရဲ့ လာမယ့်ရာသီအစီအစဉ်ထဲမှာ မပါဝင်ဘူးလို့ ပြောဆိုပါတယ်။

သတင်းများအရ ပေါ်တိုအသင်းဘက်ကတော့ ဂျိမ်းစ်ကို ဖြစ်နိုင်သမျှ မြန်မြန်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ပေါ်တို မိုနာကို ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ကစားသမားဟောင်း ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီကမှ ရီးရဲလ်အသင်းကနေ အဲဗာတန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးသာသာနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီအတွင်း အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ(၂၆)ပွဲအထိ ပါဝင်ကစားခဲ့ကာ (၆)ဂိုးသွင်းယူခဲ့သလို (၉)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဂျိမ်းစ်တစ်ယောက် အသင်းပြောင်းရနိုင်ခြေဟာ လမ်းပြဆရာကြီး သူနဲ့ အတူ မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဂျိမ်းစ်ကို အဲဗာတန်အသင်းဆီ ခေါ်ဆောင်ခဲ့တဲ့ နည်းပြအန်စလော့တီက အဲဗာတန်နဲ့ လမ်းခွဲသွားပြီဖြစ်တာကြောင့် ဂျိမ်းစ်ကိုယ်တိုင် အဲဗာတန်မှာ မပျော်ရွှင်တော့တဲ့ အနေအထားမျိုးပါ။

ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ဟာ အဲဗာတန်အသင်းနဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာကြောင့် တစ်နှစ်ပဲ ကျန်ရှိနေတဲ့ ဂျိမ်းစ်အတွက် အဲဗာတန်ဘက်ကနေ Cut-price နဲ့သာ ရောင်းထုတ်ဖွယ်ရှိနေပြီး ယူရို(၁၅)သန်းဝန်းကျင်နဲ့ ရောင်းချလာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi






