အဲဗာတန္ကို ေခၚယူဖို႔ အာဆင္နယ္ သေဘာတူညီမႈရရွိခဲ့ၿပီဟုဆို

Photo Credit

Photo Credit

အာဆင္နယ္အသင္းဟာ ဘရာဇီးၾကယ္ပြင့္ အဲဗာတန္ဆုိအာရက္စ္ကို ေခၚယူေရးၿပီးျပည့္စုံမႈမရွိေသးေပမယ့္ ေခၚယူဖို႔အတြက္ သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္း သိရပါတယ္။ အာဆင္နယ္အသင္းနည္းျပ အမ္မရီဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ၃ႏွစ္ၾကာကင္းေ၀းေနမႈကို အဆုံးသတ္ႏိုင္ေရးအတြက္ ယခုေႏြရာသီအတြင္း အသင္းအင္အားေတာင့္တင္းေစဖုိ႔ ႀကိဳးစားေနပါတယ္။

Photo Credit ; Getty Images

အာဆင္နယ္ဟာ ယခုေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း ဘက္ဂ်က္ေငြနည္းနည္းေလးပဲရွိေပမယ့္ အခုခ်ိန္မွာေတာ့ အေကာင္းဆုံးေခၚယူမႈျပဳုလုပ္ႏိုင္ၿပီလုိ႔ ေျပာႏိုင္ၿပီး ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ ဘရာဇီးအသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့တဲ့အဲဗာတန္ကို ေခၚယူဖို႔ သူ႕ရဲ႕ကလပ္ ဂရီမီယိုအသင္းနဲ႔ ေျပာင္းေရႊ႕ေၾကး သေဘာတူညီမႈရရွိသြားၿပီလုိ႔ သတင္းေတြက အခုိင္အမာေရးသားေနၾကပါတယ္။

Photo Credit ; Getty Images

ဂ်ာနယ္လစ္ အီမန္ႏူရယ္ဂူလာနယ္လီရဲ႕ေျပာၾကားခ်က္အရ အာဆင္နယ္အသင္းဟာ အသက္ ၂၃ႏွစ္အရြယ္ရွိ အဲဗာတန္အတြက္ ေပါင္ ၂၅သန္းေပးေခ်ဖို႔ သေဘာတူညီမႈရရွိခ့ဲတာျဖစ္ၿပီး စြမ္းေဆာင္ရည္နဲ႔ေအာင္ျမင္မႈအေပၚ မူတည္ကာ ေပါင္ ၃၆သန္းအထိ ျမင့္တက္လာႏုိင္တယ္လုိ႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ ထပ္မံေဆြးေႏြးစရာက်န္ေသးတာက ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅သန္းကို ဘယ္လုိေပးေခ်မလဲဆိုတဲ့အခ်က္ပဲက်န္ေတာ့တယ္လုိ႔ သိရပါတယ္။

Photo Credit ; Reuters

အဲဗာတန္ကလည္း အာဆင္နယ္နဲ႔ ၄ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိလုိေနၿပီး အာဆင္နယ္အသင္းက ေတာင္ပံကစားသမားတစ္ဦးအျပင္ ေနာက္ခံအစြန္လူနဲ႔ ဗဟိုေနာက္ခံလူေတြကိုလည္း ေခၚယူလုိေနပါတယ္။ အာဆင္နယ္ဟာ ကာရက္စ္ကိုနဲ႔ ဖေရဆာတုိ႔ကို ဆက္သြယ္ခဲ့ေပမယ့္ အဆင္မေျပခဲ့ဘဲ ပဲေလ့စ္တုိက္စစ္မွဴး ဇာဟာကို ေခၚယူေရးႀကိဳးစားမႈကလည္း မေအင္ျမင္ဖို႔ မ်ားေနပါတယ္။

Photo Credit ; Getty Images

Unicode

အဲဗာတန်ကို ခေါ်ယူဖို့ အာဆင်နယ် သဘောတူညီမှုရရှိခဲ့ပြီဟုဆို

အာဆင်နယ်အသင်းဟာ ဘရာဇီးကြယ်ပွင့် အဲဗာတန်ဆိုအာရက်စ်ကို ခေါ်ယူရေးပြီးပြည့်စုံမှုမရှိသေးပေမယ့် ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းနည်းပြ အမ်မရီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ၃နှစ်ကြာကင်းဝေးနေမှုကို အဆုံးသတ်နိုင်ရေးအတွက် ယခုနွေရာသီအတွင်း အသင်းအင်အားတောင့်တင်းစေဖို့ ကြိုးစားနေပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ဘက်ဂျက်ငွေနည်းနည်းလေးပဲရှိပေမယ့် အခုချိန်မှာတော့ အကောင်းဆုံးခေါ်ယူမှုပြုုလုပ်နိုင်ပြီလို့ ပြောနိုင်ပြီး ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့အဲဗာတန်ကို ခေါ်ယူဖို့ သူ့ရဲ့ကလပ် ဂရီမီယိုအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိသွားပြီလို့ သတင်းတွေက အခိုင်အမာရေးသားနေကြပါတယ်။
ဂျာနယ်လစ် အီမန်နူရယ်ဂူလာနယ်လီရဲ့ပြောကြားချက်အရ အာဆင်နယ်အသင်းဟာ အသက် ၂၃နှစ်အရွယ်ရှိ အဲဗာတန်အတွက် ပေါင် ၂၅သန်းပေးချေဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်နဲ့အောင်မြင်မှုအပေါ် မူတည်ကာ ပေါင် ၃၆သန်းအထိ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ထပ်မံဆွေးနွေးစရာကျန်သေးတာက ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၅သန်းကို ဘယ်လိုပေးချေမလဲဆိုတဲ့အချက်ပဲကျန်တော့တယ်လို့ သိရပါတယ်။
အဲဗာတန်ကလည်း အာဆင်နယ်နဲ့ ၄နှစ်စာချုပ်ချုပ်ဆိုလိုနေပြီး အာဆင်နယ်အသင်းက တောင်ပံကစားသမားတစ်ဦးအပြင် နောက်ခံအစွန်လူနဲ့ ဗဟိုနောက်ခံလူတွေကိုလည်း ခေါ်ယူလိုနေပါတယ်။ အာဆင်နယ်ဟာ ကာရက်စ်ကိုနဲ့ ဖရေဆာတို့ကို ဆက်သွယ်ခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို ခေါ်ယူရေးကြိုးစားမှုကလည်း မအေင်မြင်ဖို့ များနေပါတယ်။