အေ၀းကြင္းအက်ီၤသစ္ကို ရွန္ဟိုင္းၿမိဳ႕မွာ ဂ်ဴ ဗင္တပ္မိတ္ဆက္ျပသ

ဂ်ဴ ဗင္တပ္အသင္းဟာ ရာသီသစ္မွာ၀တ္ဆင္မယ္႔ အေ၀းကြင္းအက်ၤီသစ္ကို ရွန္ဟိုင္းၿမိဳ႕ကိုေရာက္စဥ္မွာ မိတ္ဆက္ျပသလိုက္တယ္လို႔ သိရပါတယ္။ ဒီအက်ီၤကို တိုက္စစ္မွဴ း စီေရာ္နယ္ဒို ဦးေဆာင္ၿပီး ျပသသြားခဲ့တာလည္းျဖစ္ပါတယ္။

အာရွကိုေျခစမ္းခရီးေရာက္ေနတဲ႔ ဂ်ဴ ဗင္တပ္ဟာၿပီးခဲ့တဲ႔ ၾကာသပေတးေန႔ ေန႔လည္ပိုင္းကရွန္ဟိုင္းၿမိဳ႕မွာ အက််ီၤကိုမိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ ဒီအက်ီၤဟာ အျဖဴ နဲ႔အနီေရာင္သာပါ၀င္ၿပီး တရုတ္ျပည္ကိုေရာက္ေနတဲ႔အတြက္ အက်ီၤေနာက္ေက်ာဘက္မွာ ကစားသမားေတြရဲ႕နာမည္ကိုလည္း တရုတ္လိုသာေရးထိုးခဲ့တာျဖစ္ပါတယ္။

ဒီမိတ္ဆက္မႈမွာ ကစားသမားအမ်ားစုပါ၀င္ခဲ့ၿပီး ရာသီသစ္မွာ အေ၀းကြင္းအက်ၤီသစ္၀တ္ဆင္ရမယ္႔အတြက္ အမ်ားႀကီးစိတ္လႈပ္ရွားမိတယ္လို႔လည္း ကစားသမားေတြကဆိုပါတယ္။ ဂ်ဴ ဗင္တပ္အသင္းကလည္း အဲဒီအက်ီၤဒီဇိုင္းအေၾကာင္းကို ရွင္းျပခဲ့ၿပီး အစဥ္အလာကေနခြဲထြက္တဲ႔ ဒီဇိုင္းကိုအေျခခံကာ ပိုမိုျပတ္သားတဲ႔ပုံရိပ္ျဖစ္လာေစဖို႔ လည္းရည္ရြယ္ထားတယ္လို႔ဆိုခဲ့ပါတယ္။

ဒါ့အျပင္ ကလပ္ရဲ႕ကြင္းျဖစ္တဲ႔ အလိုင္းယန္႔ဇ္ပတ္လည္မွာရွိတဲ႔ ၿမိဳ႕ျပအေဆက္အဦေတြရဲ႕ပုံစံကိုအေျခခံထားၿပီး မ်ဳိ းဆက္သစ္ေတြအတြက္ရည္ရြယ္ကာ ထုတ္လုပ္တာျဖစ္တယ္လို႔ လည္းေၾကညာသြားခဲ့ပါတယ္။ ဒီအက်ီၤသစ္ကို အမ်ဳိးသားအသင္းနည္းတူ အမ်ဳိးသမီးအသင္းကလည္း ၀တ္ဆင္ျပသသြားခဲ့ပါတယ္။

အခုမိတ္ဆက္ျပသမႈထဲမွာ အသင္းကေနထြက္မယ္လို႔နာမည္ေက်ာ္ေနတဲ႔ ဒိုင္ဘာလာနဲ႔ မာတူဒီတို႔လည္းပါ၀င္ခဲ့ပါတယ္။ ဒိုင္ဘာလာဟာ ၿပီးခဲ့တဲ႔ေႏြရာသီက စီေရာ္နယ္ဒိုေရာက္လာၿပီးေနာက္ ပုံမွန္ေနရာရဖို႔ ခက္ခဲသြားတဲ႔အတြက္ အသင္းကေနထြက္မယ္လို႔ သတင္းႀကီးေနတာပါ။ သူ႔ကိုမန္ယူကေခၚယူဖို႔စိတ္၀င္စားေနတယ္လို႔လည္းသိရပါတယ္။

Unicode

အဝေးကွင်းအကျီၤသစ်ကို ရှန်ဟိုင်းမြို့မှာ ဂျူ ဗင်တပ်မိတ်ဆက်ပြသ
ဂျူ ဗင်တပ်အသင်းဟာ ရာသီသစ်မှာဝတ်ဆင်မယ့် အဝေးကွင်းအင်္ကျီသစ်ကို ရှန်ဟိုင်းမြို့ကိုရောက်စဉ်မှာ မိတ်ဆက်ပြသလိုက်တယ်လို့ သိရပါတယ်။ ဒီအကျီၤကို တိုက်စစ်မှူ း စီရော်နယ်ဒို ဦးဆောင်ပြီး ပြသသွားခဲ့တာလည်းဖြစ်ပါတယ်။

အာရှကိုခြေစမ်းခရီးရောက်နေတဲ့ ဂျူ ဗင်တပ်ဟာပြီးခဲ့တဲ့ ကြာသပတေးနေ့ နေ့လည်ပိုင်းကရှန်ဟိုင်းမြို့မှာ အကျျီၤကိုမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီအကျီၤဟာ အဖြူ နဲ့အနီရောင်သာပါဝင်ပြီး တရုတ်ပြည်ကိုရောက်နေတဲ့အတွက် အကျီၤနောက်ကျောဘက်မှာ ကစားသမားတွေရဲ့နာမည်ကိုလည်း တရုတ်လိုသာရေးထိုးခဲ့တာဖြစ်ပါတယ်။

ဒီမိတ်ဆက်မှုမှာ ကစားသမားအများစုပါဝင်ခဲ့ပြီး ရာသီသစ်မှာ အဝေးကွင်းအင်္ကျီသစ်ဝတ်ဆင်ရမယ့်အတွက် အများကြီးစိတ်လှုပ်ရှားမိတယ်လို့လည်း ကစားသမားတွေကဆိုပါတယ်။ ဂျူ ဗင်တပ်အသင်းကလည်း အဲဒီအကျီၤဒီဇိုင်းအကြောင်းကို ရှင်းပြခဲ့ပြီး အစဉ်အလာကနေခွဲထွက်တဲ့ ဒီဇိုင်းကိုအခြေခံကာ ပိုမိုပြတ်သားတဲ့ပုံရိပ်ဖြစ်လာစေဖို့ လည်းရည်ရွယ်ထားတယ်လို့ဆိုခဲ့ပါတယ်။

ဒါ့အပြင် ကလပ်ရဲ့ကွင်းဖြစ်တဲ့ အလိုင်းယန့်ဇ်ပတ်လည်မှာရှိတဲ့ မြို့ပြအဆေက်အဦတွေရဲ့ပုံစံကိုအခြေခံထားပြီး မျို းဆက်သစ်တွေအတွက်ရည်ရွယ်ကာ ထုတ်လုပ်တာဖြစ်တယ်လို့ လည်းကြေညာသွားခဲ့ပါတယ်။ ဒီအကျီၤသစ်ကို အမျိုးသားအသင်းနည်းတူ အမျိုးသမီးအသင်းကလည်း ဝတ်ဆင်ပြသသွားခဲ့ပါတယ်။

အခုမိတ်ဆက်ပြသမှုထဲမှာ အသင်းကနေထွက်မယ်လို့နာမည်ကျော်နေတဲ့ ဒိုင်ဘာလာနဲ့ မာတူဒီတို့လည်းပါဝင်ခဲ့ပါတယ်။ ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့နွေရာသီက စီရော်နယ်ဒိုရောက်လာပြီးနောက် ပုံမှန်နေရာရဖို့ ခက်ခဲသွားတဲ့အတွက် အသင်းကနေထွက်မယ်လို့ သတင်းကြီးနေတာပါ။ သူ့ကိုမန်ယူကခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့လည်းသိရပါတယ်။