အေျပာင္းအေရႊ႕အၿပီးသတ္ဖုိ႔ ကာရင္တန္ေလ့က်င့္ေရးကြငး္ကိုေရာက္လာတဲ့ မက္ဂြိဳင္းယား

ေနာက္ခံလူမက္ဂြိဳင္းယားဟာ လက္စတာကေန ေပါင္းသန္း ၈၀ နဲ႔ သူ႔ရဲ႕အေျပာင္းအေရႊ႕အၿပီးသတ္ဖို႔အတြက္ မန္ယူအသင္းရဲ႕ကာရင္တန္ေလ့က်င့္ေရးကြငး္ကိုေရာက္လာခဲ့ၿပီ ျဖစ္ပါတယ္။ တနဂၤေႏြနံနက္မွာ ၂၆ ႏွစ္အရြယ္ မက္ဂြိဳင္းယားလုိက္ပါလာတဲ့ အနက္ေရာက္ Range Rover ကားဟာ မန္ယူေလ့က်င့္ေရးဌာနခ်ဳပ္၀င္းထဲ ေမာင္း၀င္သြားတာ ေတြ႕ရပါတယ္။ သူ႔ရဲ႕စံခ်ိန္တင္အေျပာင္းအေရႊ႕ကို အၿပီးသတ္ႏိုင္ေရးအတြက္ မက္ဂြိဳင္းယားဟာ မန္ခ်က္စတာကို ေရာက္ေနတာလို႔ နည္းလည္ရပါတယ္။

photo-daily mail

အဲဒီအဂၤလန္လက္ေရြးစင္ေနာက္ခံလူဟာ မန္ယူနဲ႔အတူ ေဆးစစ္မႈျပဳလုပ္ၿပီးၿပီျဖစ္လုိ႔ တနလၤာေန႔မွာ မန္ယူကစားသမားတစ္ေယာက္အျဖစ္ အတည္ျပဳဳခံရေတာ့မွာပါ။ မက္ဂြိဳင္းယားဟာ လာမယ့္အပတ္မွာ အသင္းေဖာ္သစ္ေတြနဲ႔အတူ ေလ့က်င့္ခန္းစတင္ျပဳလုပ္ရပါလိမ့္မယ္။ သူဟာ တစ္ပတ္ကို ေပါင္ ၂ သိန္းတန္ေၾကးရွိတဲ့ ၅ ႏွစ္စာခ်ဳပ္ကို လက္မွတ္ေရးထုိးသြားဖို႔ ရွိပါတယ္။ အဲဒီစာခ်ဳပ္မွာ ေနာက္ထပ္ ၁၂ ထပ္တိုးႏိုင္တဲ့အခ်က္လည္း ပါ၀င္မွာပါ။

photo-gettyimages

စာခ်ဳပ္အၿပီးသတ္ရင္ေတာ့ မက္ဂြိဳင္းယားဟာ ကမာၻေပၚမွာ ေစ်းအႀကီးဆုံးေနာက္ခံလူျဖစ္လာမွာပါ။ သူ႔ရဲ႕ေျပာင္းေရႊ႕ေၾကးက ေပါင္သန္း ၈၀ ျဖစ္လုိ႔ ၂၀၁၈ ဇန္န၀ါရီလမွာ ဗန္ဒစ္ဂ်္အတြက္ ေဆာက္သမ္တန္ကို လီဗာပူး ၇၅ သန္းေပးရတာကို ေက်ာ္သြားမွာပါ။ ခံစစ္ပိုင္းနဲ႔ပတ္သက္လို႔ လုိအပ္ခ်က္ေတြရွိေနတဲ့ မန္ယူခံစစ္မွာ မက္ဂြိဳင္းယားဟာ အဓိကက်သူလည္း ျဖစ္လာမွာပါ။

[Unicode]

နောက်ခံလူမက်ဂွိုင်းယားဟာ လက်စတာကနေ ပေါင်းသန်း ၈၀ နဲ့ သူ့ရဲ့အပြောင်းအရွှေ့အပြီးသတ်ဖို့အတွက် မန်ယူအသင်းရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းကိုရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနံနက်မှာ ၂၆ နှစ်အရွယ် မက်ဂွိုင်းယားလိုက်ပါလာတဲ့ အနက်ရောက် Range Rover ကားဟာ မန်ယူလေ့ကျင့်ရေးဌာနချုပ်ဝင်းထဲ မောင်းဝင်သွားတာ တွေ့ရပါတယ်။ သူ့ရဲ့စံချိန်တင်အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ရေးအတွက် မက်ဂွိုင်းယားဟာ မန်ချက်စတာကို ရောက်နေတာလို့ နည်းလည်ရပါတယ်။

အဲဒီအင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ မန်ယူနဲ့အတူ ဆေးစစ်မှုပြုလုပ်ပြီးပြီဖြစ်လို့ တနင်္လာနေ့မှာ မန်ယူကစားသမားတစ်ယောက်အဖြစ် အတည်ပြုုခံရတော့မှာပါ။ မက်ဂွိုင်းယားဟာ လာမယ့်အပတ်မှာ အသင်းဖော်သစ်တွေနဲ့အတူ လေ့ကျင့်ခန်းစတင်ပြုလုပ်ရပါလိမ့်မယ်။ သူဟာ တစ်ပတ်ကို ပေါင် ၂ သိန်းတန်ကြေးရှိတဲ့ ၅ နှစ်စာချုပ်ကို လက်မှတ်ရေးထိုးသွားဖို့ ရှိပါတယ်။ အဲဒီစာချုပ်မှာ နောက်ထပ် ၁၂ ထပ်တိုးနိုင်တဲ့အချက်လည်း ပါဝင်မှာပါ။

စာချုပ်အပြီးသတ်ရင်တော့ မက်ဂွိုင်းယားဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးနောက်ခံလူဖြစ်လာမှာပါ။ သူ့ရဲ့ပြောင်းရွှေ့ကြေးက ပေါင်သန်း ၈၀ ဖြစ်လို့ ၂၀၁၈ ဇန်နဝါရီလမှာ ဗန်ဒစ်ဂျ်အတွက် ဆောက်သမ်တန်ကို လီဗာပူး ၇၅ သန်းပေးရတာကို ကျော်သွားမှာပါ။ ခံစစ်ပိုင်းနဲ့ပတ်သက်လို့ လိုအပ်ချက်တွေရှိနေတဲ့ မန်ယူခံစစ်မှာ မက်ဂွိုင်းယားဟာ အဓိကကျသူလည်း ဖြစ်လာမှာပါ။