အော်… ဒါကြောင့် မြန်မာအသင်း ဘဲဥ ကွဲတာကိုး!.. ပြိုင်ဘက်အသင်းမှာ တိုက်စစ်မှုး ဂိုးဝင်ဖမ်းခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အနေနဲ့ ကစားသွားတဲ့ ကာဂျစ္စတန် အသင်းနဲ့ မြန်မာအသင်းတို့ရဲ့ပွဲစဉ်မှာ ပွဲပြီး အဖြေက ၁-၈ ထွက်ခဲ့တာပါ။

မြန်မာအသင်းနဲ့ ကစားသွားတဲ့ ကာဂျစ္စတန် အသင်းဟာ ကိုဗစ်ကူးစက်ခံ၇တဲ့ ပြသနာကြောင့် အဓိက ကစားသမား အတော်များများ မပါနိုင်ခဲ့ပါဘူး။

ပိုပြီး ထူးခြားတာက အသင်းမှာရှိတဲ့ ဂိုးသမား ၃ယောက်စလုံး ကိုဗစ်ဖြစ်နေလို့ ဂိုးသမားနေရာမှာ တိုက်စစ်မှုး အာနစ်က အစားထိုး ဝင်ရောက်ကစားခဲ့ရပါတယ်။

ဂိုးသမားနေရာနဲ့ တိုက်စစ်မှုးနေရာဆိုတာ တကယ့်ကို ဆန့်ကျင်ဖက်နေရာ နှစ်ခုဆိုတာ အားလုံးအသိပါပဲ။

ဒီလိုအခြေအနေကြုံနေတဲ့ အသင်းကို မြန်မာအသင်းဟာ ၁ဂိုးပြန်သွင်းနိုင်ခဲ့ပြီး ဂျပန်နဲ့ပွဲတုန်းက ဘဲဥမကွဲတာကို ချေဖျက်နိုင်ခဲ့ပါတယ်။

ကာဂျစ္စတန်အသင်းဟာ မြန်မာ အသင်းကို (၈ -၁) နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအပြင် ၂၀၂၃ အာရှဖလားခြေစစ်ပွဲမှာလည်း

ဂိုးသမားတွေအားလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေခဲ့တဲ့အတွက် တိုက်စစ်ကစားသမား အာနစ် က ဂိုးသမားအဖြစ် ဝင်ရောက်ဖမ်းခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မြန်မာ အသင်းကစားသမားတွေဟာ အာနစ် ရဲ့ ဂိုးပေါက်ကို အများကြီး မခြိမ်းခြောက်နိုင်ခဲ့ပေမယ့် တစ်ဂိုးတော့ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် မွန်ဂိုလီးယားအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း နောက်ခံလူ အက်ခ်မာ‌တော့ဗ် က ကာဂျစ္စတန်အသင်း ဂိုးသမားအဖြစ် ကစားခဲ့ရပါသေးတယ်။

အဲဒီပွဲတုန်းကတော့ မွန်ဂိုလီးယား အသင်းသွင်းယူခဲ့တဲ့ဂိုးကို ခွင့်ပြုခဲ့ရပြီး အဲ့ဒီဂိုးနဲ့ပဲ ကာဂျစ္စတန် အသင်းက မွန်ဂိုလီးယား အသင်းကို (၁-ဝ) နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အခုပွဲမှာလည်း မြန်မာအသင်းကစားသမားတွေက အာနစ် ကို ဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အသင်းခေါင်းဆောင်မောင်မောင်လွင် နဲ့ အခြား ကစားသမားအချို့ရဲ့ ကန်သွင်းချက်တွေဟာ ဂိုးပေါက်တောင် မတည့်ခဲ့ပါဘူး။

ကာဂျစ္စတန်အသင်းဟာ ဒီပွဲမှာ မြန်မာအသင်း ကွင်းလယ်ကစားသမား ရန်နိုင်ဦး မထုတ်ခင်ခံရချိန်အထိ တစ်ဂိုးပဲ သွင်းနိုင်ခဲ့ပေမယ့်

ရန်ကုန်ယူနိုက်တက်ကစားသမား ရန်နိုင်ဦး ထုတ်ပယ်ခံရပြီးချိန်မှာ နောက်ထပ် (၇)ဂိုးအထိ သွင်းယူပြီး (၈ -၁ )ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ၅-၀ နဲပ နိုင်နေခဲ့ပြီး ဒုတိယပိုင်းမှာ နောက်ထပ် ၂ဂိုး ထပ်ရပြီး ၇ဂိုးပြတ် ဦးဆောင်ခဲ့သေးတာပါ။

မြန်မာအသင်းအတွက် လှိုင်းဘိုဘိုက ပွဲချိန် ၆၉မိနစ်မှာ သိက္ခဆည်ဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ၇၈မိနစ်မှာ ကာဂျစ္စတန်အသင်းက နောက်တစ်ဂိုး ထပ်သွင်းသွားခဲ့တာပါ။

ကာဂျစ္စတန်အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်း အဆင့်၂နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

မြန်မာအသင်းကတော့ ၂ပွဲပေါင်း ၁၈ဂိုး အထိ ပေးခဲ့ရတာကြောင့် အုပ်စုနောက်ဆုံးနေရာကို ရောက်ရှိသွားခဲ့ပါတယ်။

ကာဂျစ္စတန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့် အဲ့ပွဲမှာလည်း ဂိုးသမားစစ်စစ်သာ ဂိုးမဖမ်းခဲ့ဘူးဆိုရင် ဂျပန်အသင်းတိုက်စစ်ကို အလူးအလဲကာကွယ်ရနိုင်ပါတယ်။

မြန်မာအသင်းကတော့ နောက်တစ်ပွဲမှာ တာဂျစ်ကစ္စတန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi







