အော်ဟစ်လှောင်ပြောင်ခြင်းကို ခံခဲ့ရပေမဲ့ မက်ဆီ အပေါ်လေးစားမှုရှိနေဆဲဆိုတဲ့ မီနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ကိုလမ်ဘီယာ နဲ့ အာဂျင်တီးနား တို့ရဲ့ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ကိုလမ်ဘီယာနောက်ခံလူ မီနာ ကို မက်ဆီ က လှောင်ပြောင်အော်ဟစ်ခဲ့တာကို သိကြမယ်ထင်ပါတယ်။

မသိလိုက်ဘူးဆိုတဲ့ သူတွေအတွက် ရှင်းပြပေးချင်ပါတယ်။

ဥရုဂွေး နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မီနာ ဟာ ပင်နယ်တီအဆုံးအဖြတ်ကို ဝင်အောင်ကန်နိုင်ခဲ့ပြီးချိန်မှာ ရုပ်သံကင်မရာကို ကြည့်ကာ ကပြခဲ့ပြီး အောင်ပွဲခံခဲ့ပါတယ်။

မီနာ ရဲ့ လုပ်ရပ်ဟာ ဥရုဂွေး ပရိသတ်တွေကို စိတ်ဆိုးစေခဲ့ပြီး တခြားပရိသတ်တွေကလည်း ပြိုင်ဖက်ကိုလေးစားမှုမရှိခဲ့တဲ့ မီနာ ကို ဝေဖန်ခဲ့ကြပါတယ်။

အာဂျင်တီးနား နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာတော့ မီနာ ရဲ့ ပင်နယ်တီကန်ချက်ကို အာဂျင်တီးနား ဂိုးသမား မာတီနက်စ် က ကာကွယ်နိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ ပင်နယ်တီလွဲပြီး အသင်းဖော်တွေဆီကိုပြန်လာနေတဲ့ မီနာ ကို မက်ဆီ က “ ကအုန်းလေ ၊ အခုလည်း ကအုန်းလေ “ လို့ဆိုပြီး အော်ဟစ်ပြောဆိုခဲ့တာကို ရုပ်သံက အမိအရရိုက်ကူးပြခဲ့ပါတယ်။

မက်ဆီ ရဲ့ လုပ်ရပ်ကို ပရိသတ်တွေဟာ သဘောကျခဲ့ပြီး ပြိုင်ဖက်ကိုမလေးစားတက်တဲ့ မီနာ ကို သင်ခန်းစာပေးနိုင်ခဲ့တယ်လို့ ပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။

မီနာ နဲ့ မက်ဆီ တို့ဟာ ဘာစီလိုနာအသင်းမှာ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတွေဖြစ်ပါတယ်။

မက်ဆီ ရဲ့ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံခဲ့ရပေမဲ့ အသင်းဖော်ဟောင်း မက်ဆီ ကိုတော့ လေးစားမှုရှိနေဆဲလို့ မီနာ က အခုလို ပြောဆိုလိုက်ပါတယ်။

“ မက်ဆီ နဲ့ ဖြစ်ပျက်ခဲ့တဲ့အရာက ဘောလုံးလောကမှာ အမြဲဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေပါ။

ဘဝ ဆိုတာ သံသရာလည်နေတာပါ။

လက်စားချေဖို့အတွက် အခွင့်အရေးတွေကို အမြဲပေးတက်ပါတယ်။

အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကတော့ အေးဆေးပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ မက်ဆီ က ကြီးကျယ်ခမ်းနားတဲ့ လူကောင်းတယောက်ဆိုတာကို ကျွန်တော်သိလို့ပါ။

ဘာစီလိုနာမှာ သူနဲ့ကျွန်တော်ဆုံခဲ့ဖူးတယ်။

အဲ့ဒီအချိန်တုန်းက သူရဲ့ကူညီမှုတွေကို ကျွန်တော်ကျေးဇူးတင်နေဆဲပါ။

သူ့ကို ကျွနတော် အမြဲလေးစားနေမှာပါ “ လို့ အင်တာဗျူးတခုမှာ မီနာ က ဖွင့်ဟပြောဆိုခဲ့ပါတယ်။

မီနာ ဟာ ဘာစီလိုနာ အသင်းမှာ တရာသီသာနေခဲ့ရပြီး ၆ ပွဲသာကစားခွင့်ရရှိခဲ့ပါတယ်။

မီနာ ဟာ ပင်နယ်တီ ကန်ပြီးတိုင်း ကပြကာ အောင်ပွဲခံလေ့ရှိတဲ့ ကစားသမားဖြစ်ပါတယ်။

ဘာစီလိုနာမှာ ကစားခဲ့စဉ်တုန်းကလည်း အလားတူအောင်ပွဲခံမှုမျိုးကို ပြုလုပ်ခဲ့ဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေအာ္ဟစ္ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရေပမဲ့ မက္ဆီ အေပၚေလးစားမႈရွိေနဆဲဆိုတဲ့ မီနာ

ကိုပါအေမရိက ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ကိုလမ္ဘီယာ နဲ႔ အာဂ်င္တီးနား တို႔ရဲ႕ပြဲစဥ္မွာ ပင္နယ္တီ လြဲေခ်ာ္ခဲ့တဲ့ ကိုလမ္ဘီယာေနာက္ခံလူ မီနာ ကို မက္ဆီ က ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့တာကို သိၾကမယ္ထင္ပါတယ္။

မသိလိုက္ဘူးဆိုတဲ့ သူေတြအတြက္ ရွင္းျပေပးခ်င္ပါတယ္။ ဥ႐ုေဂြး နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲစဥ္မွာ မီနာ ဟာ ပင္နယ္တီအဆုံးအျဖတ္ကို ဝင္ေအာင္ကန္ႏိုင္ခဲ့ၿပီးခ်ိန္မွာ ႐ုပ္သံကင္မရာကို ၾကည့္ကာ ကျပခဲ့ၿပီး ေအာင္ပြဲခံခဲ့ပါတယ္။ မီနာ ရဲ႕ လုပ္ရပ္ဟာ ဥ႐ုေဂြး ပရိသတ္ေတြကို စိတ္ဆိုးေစခဲ့ၿပီး တျခားပရိသတ္ေတြကလည္း ၿပိဳင္ဖက္ကိုေလးစားမႈမရွိခဲ့တဲ့ မီနာ ကို ေဝဖန္ခဲ့ၾကပါတယ္။

အာဂ်င္တီးနား နဲ႔ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲမွာေတာ့ မီနာ ရဲ႕ ပင္နယ္တီကန္ခ်က္ကို အာဂ်င္တီးနား ဂိုးသမား မာတီနက္စ္ က ကာကြယ္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ ပင္နယ္တီလြဲၿပီး အသင္းေဖာ္ေတြဆီကိုျပန္လာေနတဲ့ မီနာ ကို မက္ဆီ က “ ကအုန္းေလ ၊ အခုလည္း ကအုန္းေလ “ လို႔ဆိုၿပီး ေအာ္ဟစ္ေျပာဆိုခဲ့တာကို ႐ုပ္သံက အမိအရ႐ိုက္ကူးျပခဲ့ပါတယ္။

မက္ဆီ ရဲ႕ လုပ္ရပ္ကို ပရိသတ္ေတြဟာ သေဘာက်ခဲ့ၿပီး ၿပိဳင္ဖက္ကိုမေလးစားတက္တဲ့ မီနာ ကို သင္ခန္းစာေပးႏိုင္ခဲ့တယ္လို႔ ပရိသတ္ေတြက ေျပာဆိုခဲ့ၾကပါတယ္။ မီနာ နဲ႔ မက္ဆီ တို႔ဟာ ဘာစီလိုနာအသင္းမွာ တြဲကစားခဲ့ဖူးတဲ့ အသင္းေဖာ္ေဟာင္းေတြျဖစ္ပါတယ္။ မက္ဆီ ရဲ႕ ေအာ္ဟစ္ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရေပမဲ့ အသင္းေဖာ္ေဟာင္း မက္ဆီ ကိုေတာ့ ေလးစားမႈရွိေနဆဲလို႔ မီနာ က အခုလို ေျပာဆိုလိုက္ပါတယ္။

“ မက္ဆီ နဲ႔ ျဖစ္ပ်က္ခဲ့တဲ့အရာက ေဘာလုံးေလာကမွာ အၿမဲျဖစ္ေလ့ျဖစ္ထရွိတဲ့ အရာေတြပါ။ ဘဝ ဆိုတာ သံသရာလည္ေနတာပါ။ လက္စားေခ်ဖို႔အတြက္ အခြင့္အေရးေတြကို အၿမဲေပးတက္ပါတယ္။ အဲ့ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္ကေတာ့ ေအးေဆးပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ မက္ဆီ က ႀကီးက်ယ္ခမ္းနားတဲ့ လူေကာင္းတေယာက္ဆိုတာကို ကြၽန္ေတာ္သိလို႔ပါ။ ဘာစီလိုနာမွာ သူနဲ႔ကြၽန္ေတာ္ဆုံခဲ့ဖူးတယ္။ အဲ့ဒီအခ်ိန္တုန္းက သူရဲ႕ကူညီမႈေတြကို ကြၽန္ေတာ္ေက်းဇူးတင္ေနဆဲပါ။ သူ႔ကို ကြၽနေတာ္ အၿမဲေလးစားေနမွာပါ “ လို႔ အင္တာဗ်ဴးတခုမွာ မီနာ က ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

မီနာ ဟာ ဘာစီလိုနာ အသင္းမွာ တရာသီသာေနခဲ့ရၿပီး ၆ ပြဲသာကစားခြင့္ရရွိခဲ့ပါတယ္။ မီနာ ဟာ ပင္နယ္တီ ကန္ၿပီးတိုင္း ကျပကာ ေအာင္ပြဲခံေလ့ရွိတဲ့ ကစားသမားျဖစ္ပါတယ္။ ဘာစီလိုနာမွာ ကစားခဲ့စဥ္တုန္းကလည္း အလားတူေအာင္ပြဲခံမႈမ်ိဳးကို ျပဳလုပ္ခဲ့ဖူးပါတယ္။