အော်ဘာမီယန်းကယ်တင်လိုက်လို့ အသက်ရှုချောင်ခဲ့တဲ့ အာတီတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲဆက် ရှုံးပွဲ ကြုံတွေ့ထားတဲ့ အာဆင်နယ် အသင်းဟာ ပွဲစဉ် (၄) မှာတော့ အော်ဘာမီယန်း ရဲ့ သွင်းဂိုး နဲ့ အတူ ပထမဆုံး နိုင်ပွဲရော သွင်းဂိုး ပါရရှိ သွားခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ နောဝှစ်ချ် ကို အနိုင်ရတာကြောင့် အဆင့် ၁၆ ကို ယာယီ တက်လှမ်း လာခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် သုံးပွဲဆက် ရှုံး ပြီး သွင်းဂိုးလည်း မရ ဖြစ်နေတာကြောင့် နည်းပြ အာတီတာ တစ်ယောက် ဖိအားတွေ အတော်များ နေခဲ့တာပါ။

နောဝှစ်ချ် နဲ့ ပွဲမှာလည်း အာဆင်နယ် အသင်းဟာ ပွဲချိန် မိနစ် ၆၀ ကျော်အထိ ဂိုးမရ ဖြစ်နေခဲ့တာကြောင့် ပရီးမီးယားလိဂ် သွင်းဂိုး ပျောက်ဆုံးနေတာ အချိန် ငါးနာရီကျော် အထိ ရှိသွားခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ ဆာကာပေးတဲ့ ဘောလုံးကို ပေပေကန်သွင်းခဲ့ရာမှာ အဝေးတိုင်နဲ့ထိပြီး ပြန်ထွက်လာခဲ့တာကို သူကပဲ ပြေးဝင်ပြီး နောက်တစ်ကြိမ် ထပ်ပိတ်ရာမှာ ခံစစ်ကဖျက်တဲ့ အနေအထားကို

သူနဲ့ပဲ ထိပြီး ပြန်ထွက်ခဲ့ရာမှာ တစ်ဖက်မှာ စောင့်နေတဲ့ အော်ဘာမီယန်းအတွက်တော့ ကောက်စားစရာဖြစ်ခဲ့ပြီး အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ရယူနိုင်ခဲ့တာပါ။

ဒီဂိုးမှာ ကနဦးမှာ လူကျွံနေတယ်ဆိုပြီး နောဝှစ်ချ်နောက်တန်းတွေ စောဒကတက်ခဲ့ကြပေမယ့် ပေပေနဲ့ နောက်ဆုံးတစ်ကြိမ် ထပ်ထိတဲ့ အချိန်မှာတော့ အော်ဘာမီယန်းရဲ့ နေရာယူမှုက လူမကျွံတော့လို့

အာဆင်နယ်တို့ ကံကြမ္မာနဲ့ VAR ဖေးမမှုကို ရခဲ့ပြီး ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲကို ရာသီသစ်မှာ ရယူနိုင်ဖို့ အကြောင်းဖန်လာခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းပွဲချိန်တွေမှာ နှစ်ဖက်အသင်းဟာ ဂိုးရဖို့ အပြန်အလှန် ကြိုးစားခဲ့ပေမယ့် ခံစစ်ပိုင်းက ကာကွယ်နိုင်ခဲ့ကြသလို တိုက်စစ်ပိုင်းတွေကလည်း အဆုံးသတ် မသေချာတော့တဲ့အတွက် အာဆင်နယ်တို့ ကန်ခွင့်အကြိမ် ၃၀ ရတဲ့ပွဲမှာ ၆ ကြိမ်သာ ဂိုးပေါက်တည့်မှုနဲ့ အိမ်ကွင်းမှာ ကံကောင်းပြီး အောင်ပွဲခံခဲ့ရတာဖြစ်ပါတယ်။

အော်ဘာမီယန်း အတွက်တော့ အဲဒီသွင်းဂိုးဟာ သူ့အတွက် ၆၅ ဂိုးမြောက် ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်ပါတယ်။

မနေ့ကပွဲမှာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘိုလောဂ့်နာ အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာတဲ့ တိုမီယာဆုဟာ ဘောလုံးကို ရဲရဲ ကိုင်ကစားခဲ့ပြီး အမြင့်ဘောတိုင်းကို အသာစီးရအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။

ဒ့ါအပြင် တိုမီ ဟာ တိုက်စစ်ကိုလည်း ကောင်းကောင်းလိုက်ပါ နိုင်ခဲ့ပြီး သူ့ရဲ့ ကန်ချက် တစ်ကြိမ်ဟာ ဂိုးရဖို့ အတော်လေး နီးစပ် ခဲ့ပါတယ် ။ တိုမီ အတွက် အာဆင်နယ် ပွဲဦးထွက် က ကောင်းမွန် လှပ ခဲ့တယ်လို့ ဆိုရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

​​ေအာ္ဘာမီယန္းကယ္တင္လိုက္လို႔ အသက္ရႈ​ေခ်ာင္ခဲ့တဲ့ အာတီတာ

ပရီးမီးယားလိဂ္ အဖြင့္ ၃ ပြဲဆက္ ရႈံးပြဲ ႀကဳံေတြ႕ထားတဲ့ အာဆင္နယ္ အသင္းဟာ ပြဲစဥ္ (၄) မွာေတာ့ ေအာ္ဘာမီယန္း ရဲ႕ သြင္းဂိုး နဲ႔ အတူ ပထမဆုံး ႏိုင္ပြဲ​ေရာ သြင္းဂိုး ပါရရွိ သြားခဲ့ပါတယ္ ။ အာဆင္နယ္ အသင္းဟာ ေနာဝွစ္ခ်္ ကို အႏိုင္ရတာေၾကာင့္ အဆင့္ ၁၆ ကို ယာယီ တက္လွမ္း လာခဲ့ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ သုံးပြဲဆက္ ရႈံး ၿပီး သြင္းဂိုးလည္း မရ ျဖစ္ေနတာေၾကာင့္ နည္းျပ အာတီတာ တစ္ေယာက္ ဖိအားေတြ အေတာ္မ်ား ေနခဲ့တာပါ ။ ေနာဝွစ္ခ်္ နဲ႔ ပြဲမွာလည္း အာဆင္နယ္ အသင္းဟာ ပြဲခ်ိန္ မိနစ္ ၆၀ ေက်ာ္အထိ ဂိုးမရ ျဖစ္ေနခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ သြင္းဂိုး ေပ်ာက္ဆုံးေနတာ အခ်ိန္ ငါးနာရီေက်ာ္ အထိ ရွိသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာ ဆာကာေပးတဲ့ ေဘာလုံးကို ေပေပကန္သြင္းခဲ့ရာမွာ အေဝးတိုင္နဲ႔ထိၿပီး ျပန္ထြက္လာခဲ့တာကို သူကပဲ ေျပးဝင္ၿပီး ေနာက္တစ္ႀကိမ္ ထပ္ပိတ္ရာမွာ ခံစစ္ကဖ်က္တဲ့ အေနအထားကို သူနဲ႔ပဲ ထိၿပီး ျပန္ထြက္ခဲ့ရာမွာ တစ္ဖက္မွာ ေစာင့္ေနတဲ့ ​ေအာ္ဘာမီယန္းအတြက္ေတာ့ ေကာက္စားစရာျဖစ္ခဲ့ၿပီး အသင္းအတြက္ တစ္လုံးတည္းေသာဂိုးကို ရယူႏိုင္ခဲ့တာပါ။

ဒီဂိုးမွာ ကနဦးမွာ လူကြၽံေနတယ္ဆိုၿပီး ေနာဝွစ္ခ်္ေနာက္တန္းေတြ ေစာဒကတက္ခဲ့ၾကေပမယ့္ ေပေပနဲ႔ ေနာက္ဆုံးတစ္ႀကိမ္ ထပ္ထိတဲ့ အခ်ိန္မွာေတာ့ ​ေအာ္ဘာမီယန္းရဲ႕ ေနရာယူမႈက လူမကြၽံေတာ့လို႔ အာဆင္နယ္တို႔ ကံၾကမၼာနဲ႔ VAR ေဖးမမႈကို ရခဲ့ၿပီး ပထမဆုံး ပရီးမီးယားလိဂ္ႏိုင္ပြဲကို ရာသီသစ္မွာ ရယူႏိုင္ဖို႔ အေၾကာင္းဖန္လာခဲ့တာျဖစ္ပါတယ္။

ေနာက္ပိုင္းပြဲခ်ိန္ေတြမွာ ႏွစ္ဖက္အသင္းဟာ ဂိုးရဖို႔ အျပန္အလွန္ ႀကိဳးစားခဲ့ေပမယ့္ ခံစစ္ပိုင္းက ကာကြယ္ႏိုင္ခဲ့ၾကသလို တိုက္စစ္ပိုင္းေတြကလည္း အဆုံးသတ္ မေသခ်ာေတာ့တဲ့အတြက္ အာဆင္နယ္တို႔ ကန္ခြင့္အႀကိမ္ ၃၀ ရတဲ့ပြဲမွာ ၆ ႀကိမ္သာ ဂိုးေပါက္တည့္မႈနဲ႔ အိမ္ကြင္းမွာ ကံ​ေကာင္းၿပီး ေအာင္ပြဲခံခဲ့ရတာျဖစ္ပါတယ္။

ေအာ္ဘာမီယန္း အတြက္​ေတာ့ အဲဒီသြင္းဂိုးဟာ သူ႔အတြက္ ၆၅ ဂိုးေျမာက္ ပရီးမီးယားလိဂ္ သြင္းဂိုး ျဖစ္ပါတယ္။

မ​ေန႔ကပြဲမွာ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ ဘိုေလာဂ့္နာ အသင္းကေန အာဆင္နယ္ အသင္းကို ေရာက္ရွိလာတဲ့ တိုမီယာဆုဟာ ေဘာလုံးကို ရဲရဲ ကိုင္ကစားခဲ့ၿပီး အျမင့္ေဘာတိုင္းကို အသာစီးရေအာင္ စြမ္းေဆာင္ ႏိုင္ခဲ့ပါတယ္ ။ဒ့ါအျပင္ တိုမီ ဟာ တိုက္စစ္ကိုလည္း ေကာင္းေကာင္းလိုက္ပါ ႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ကန္ခ်က္ တစ္ႀကိမ္ဟာ ဂိုးရဖို႔ အေတာ္ေလး နီးစပ္ ခဲ့ပါတယ္ ။ တိုမီ အတြက္ အာဆင္နယ္ ပြဲဦးထြက္ က ေကာင္းမြန္ လွပ ခဲ့တယ္လို႔ ဆိုရမွာပါ။