အော့ဘလက်ရဲ့လက်စွမ်းကို ပိုမိုထင်ရှားပေါ်လွင်စေတဲ့ ဟိုက်လိုက်ဗီဒီယို

Photo Credit

အက်သလက်တီကိုအသင်းဂိုးသမား ယန်အော့ဘလက်ဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒု-အကျော့ပွဲစဉ်မှာ ချန်ပီယံလိဂ်သမိုင်းမှာ အမှတ်ရစရာအကောင်းဆုံးစွမ်းဆောင်ရည်တစ်ခု ထုတ်ပြသွားပြီး အသင်းကို နောက်တစ်ဆင့်တက်ရောက်စေဖို့ အဓိကနေရာကနေ ပါဝင်ကူညီနိုင်ခဲ့ပါတယ်။

Photo Credit

ပ-အကျော့အဖြစ် မက်ဒရစ်မြေမှာ ကစားခဲ့တုန်းက ဆလိုဗေးနီးယားလက်ရွေးစင် အော့ဘလက်အနေနဲ့ သိပ်အလုပ်မရှုပ်ခဲ့ဘဲ လီဗာပူးအသင်းက ဂိုးပေါက်တည့်မှု တစ်ကြိမ်မှမရှိခဲ့ပေမယ့် အဲဒီပွဲအပြီး ၃ပတ်အကြာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညမှာတော့ ပ-အကျော့ကနဲ့ အတော်လေးကွဲပြားခြားနားသွားခဲ့ပါတယ်။

Photo Credit

လီဗာပူးဟာ အန်ဖီးလ်မှာ ဘောလုံးပိုင်ဆိုင်မှု ၇၂%အထိ ရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၃၄ကြိမ်မှာ ဂိုးပေါက်တည့်မှုက ၁၁ကြိမ်အထိရှိခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးအသင်းအနေနဲ့ ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ လုံလောက်တဲ့ဂိုးအရေအတွက်မရခဲ့ဘဲ အော့ဘလက်ရဲ့တည်ငြိမ်တဲ့လက်စွမ်းအောက်မှာ ဒူးထောက်ခဲ့ရပါတယ်။

Photo Credit

အဲဒီပွဲမှာ အထူးလက်စွမ်းပြခဲ့တဲ့ အော့ဘလက်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားအဖြစ် ရပ်တည်နေတဲ့သူ့ရဲ့အေနေအထားကို ထပ်မံသက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အဲဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုရရှိခဲ့တာ အံ့အားသင့်စရာမဟုတ်ဘဲ ဂိုးပေါက်ကာကွယ်မှု ၉ကြိမ်အထိ ပြုလုပ်ခဲ့ရာ ယခုရာသီ ချန်ပီယံလိဂ်မှာ တစ်ပွဲတည်းဂိုးပေါက်ကာကွယ်မှုအများဆုံးဂိုးသမားဖြစ်ခဲ့ပါတယ်။

Photo Credit

ဒီလို အော့ဘလက်က အက်သလက်တီကိုဂိုးပေါက်ရှေ့မှာ မားမားရပ်တည်နိုင်ခဲ့ပေမယ့် လီဗာပူးဂိုးသမား အက်ဒရီယန်အတွက်ကတော့ ဒီပွဲမှာ အမြန်ဆုံးမေ့ပျောက်ချင်တဲ့ပွဲဖြစ်ခဲ့ပါတယ်။ သူဟာ အက်သလက်တီကိုအသင်းရရှိခဲ့တဲ့ ၃ဂိုးအနက် အဖွင့်ဂိုးနဲ့ အဆုံးသတ်ဂိုးတွေမှာ တာဝန်မကင်းခဲ့ဘဲ အထူးသဖြင့် အရေးပါတဲ့ လော်ရန်တေးရဲ့ပထမဂိုးမှာ သူ့ရဲ့အမှားက သိသာထင်ရှားခဲ့ပါတယ်။

Photo Credit

အာနိုးလ် နောက်ပြန်ပေးရာကနေ အက်ဒရီယန် ကန်တင်တာ လှိမ့်ဘောဖြစ်သွားရာကနေ ဂိုးပေးလိုက်ရတာဖြစ်ပြီး မိုရာတာရဲ့အဆုံးသတ်ဂိုးအတွက်လည်း ဒီထက်ကောင်းတဲ့ကာကွယ်မှုပြုလုပ်နိုင်ခဲ့သင့်ပါတယ်။

Video Credit

Zawgyi

ေအာ့ဘလက္ရဲ႕လက္စြမ္းကို ပိုမိုထင္ရွားေပၚလြင္ေစတဲ့ ဟိုက္လုိက္ဗီဒီယို

အက္သလက္တီကိုအသင္းဂိုးသမား ယန္ေအာ့ဘလက္ဟာ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ဒု-အေက်ာ့ပြဲစဥ္မွာ ခ်န္ပီယံလိဂ္သမုိင္းမွာ အမွတ္ရစရာအေကာင္းဆုံးစြမ္းေဆာင္ရည္တစ္ခု ထုတ္ျပသြားၿပီး အသင္းကို ေနာက္တစ္ဆင့္တက္ေရာက္ေစဖို႔ အဓိကေနရာကေန ပါ၀င္ကူညီႏိုင္ခဲ့ပါတယ္။
ပ-အေက်ာ့အျဖစ္ မက္ဒရစ္ေျမမွာ ကစားခဲ့တုန္းက ဆလုိေဗးနီးယားလက္ေရြးစင္ ေအာ့ဘလက္အေနနဲ႔ သိပ္အလုပ္မ႐ႈပ္ခဲ့ဘဲ လီဗာပူးအသင္းက ဂိုးေပါက္တည့္မႈ တစ္ႀကိမ္မွမရွိခ့ဲေပမယ့္ အဲဒီပြဲအၿပီး ၃ပတ္အၾကာ ၿပီးခဲ့တ့ဲဗုဒၶဟူးညမွာေတာ့ ပ-အေက်ာ့ကနဲ႔ အေတာ္ေလးကြဲျပားျခားနားသြားခဲ့ပါတယ္။
လီဗာပူးဟာ အန္ဖီးလ္မွာ ေဘာလုံးပုိင္ဆုိင္မႈ ၇၂%အထိ ရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၃၄ႀကိမ္မွာ ဂိုးေပါက္တည့္မႈက ၁၁ႀကိမ္အထိရွိခဲ့ပါတယ္။ ဒါေပမဲ့ လီဗာပူးအသင္းအေနနဲ႔ ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ဖို႔ လုံေလာက္တဲ့ဂုိးအေရအတြက္မရခဲ့ဘဲ ေအာ့ဘလက္ရဲ႕တည္ၿငိမ္တဲ့လက္စြမ္းေအာက္မွာ ဒူးေထာက္ခဲ့ရပါတယ္။
အဲဒီပြဲမွာ အထူးလက္စြမ္းျပခဲ့တဲ့ ေအာ့ဘလက္ဟာ ကမၻာ့အေကာင္းဆုံးဂိုးသမားအျဖစ္ ရပ္တည္ေနတဲ့သူ႕ရဲ႕အေေနအထားကို ထပ္မံသက္ေသျပႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ အဲဒီပဲြရဲ႕အေကာင္းဆုံးကစားသမားဆုရရွိခဲ့တာ အ့ံအားသင့့္စရာမဟုတ္ဘဲ ဂိုးေပါက္ကာကြယ္မႈ ၉ႀကိမ္အထိ ျပဳလုပ္ခဲ့ရာ ယခုရာသီ ခ်န္ပီယံလိဂ္မွာ တစ္ပဲြတည္းဂိုးေပါက္ကာကြယ္မႈအမ်ားဆုံးဂိုးသမားျဖစ္ခဲ့ပါတယ္။
ဒီလုိ ေအာ့ဘလက္က အက္သလက္တီကုိဂုိးေပါက္ေရွ႕မွာ မားမားရပ္တည္ႏိုင္ခဲ့ေပမယ့္ လီဗာပူးဂိုးသမား အက္ဒရီယန္အတြက္ကေတာ့ ဒီပဲြမွာ အျမန္ဆုံးေမ့ေပ်ာက္ခ်င္တဲ့ပဲြျဖစ္ခဲ့ပါတယ္။ သူဟာ အက္သလက္တီကိုအသင္းရရွိခဲ့တဲ့ ၃ဂိုးအနက္ အဖြင့္ဂိုးနဲ႔ အဆုံးသတ္ဂိုးေတြမွာ တာ၀န္မကင္းခဲ့ဘဲ အထူးသျဖင့္ အေရးပါတဲ့ ေလာ္ရန္ေတးရဲ႕ပထမဂိုးမွာ သူ႕ရဲ႕အမွားက သိသာထင္ရွားခဲ့ပါတယ္။
အာႏိုးလ္ ေနာက္ျပန္ေပးရာကေန အက္ဒရီယန္ ကန္တင္တာ လွိမ့္ေဘာျဖစ္သြားရာကေန ဂိုးေပးလုိက္ရတာျဖစ္ၿပီး မုိရာတာရဲ႕အဆုံးသတ္ဂုိးအတြက္လည္း ဒီထက္ေကာင္းတဲ့ကာကြယ္မႈျပဳလုပ္ႏိုင္ခဲ့သင့္ပါတယ္။