အောင်အတိတ် အောင်နမိတ်နဲ့ ဒေ့ဗ်တစ်ယောက် အမေရိကန်ပြိုင်ဘက် ဆိုင်းရပ်စ်ကို ၄ ချီမှာ အလဲထိုးပြီး ရိုးရာလက်ဝှေ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက One Championship မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲမှာ အောင်လအန်ဆိုင်း ရှုံးနိမ့်သွားခဲ့တဲ့အချိန်မှာ သူ့လိုမျိုး မြန်မာနိုင်ငံက ထင်ရှားတဲ့ ဖိုက်တာတစ်ယောက်က ဒီရှုံးပွဲကြောင့် ပြည်သူတွေ စိတ်ပျက်နေတာကို သူ့ရဲ့အောင်ပွဲနဲ့ ပြန်ပြီးဂုဏ်ယူရအောင် လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ သူကတော့ မြန်မာနိုင်ငံကိုယ်စားပြု ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဒေ့ဗ် ပဲဖြစ်ပါတယ်။

အခုတော့ ဒေ့ဗ်တစ်ယောက် သူ့စကားအတိုင်း သူလုပ်ပြနိုင်ခဲ့ပါပြီ။ အမေရိကန်နိုင်ငံ ဝိုင်အိုမင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အလွတ်တန်းကမ္ဘာ့ချန်ပီယံဝိတ်တန်းမှာ စိန်ခေါ်သူအမေရီကန်နိုင်ငံသားဆိုင်းရပ်စ်ကို ၄ချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒီပွဲကို လှောင်အိမ်ထဲမှာ UFC နဲ့ One Championship ပုံစံမျိုး ထိုးသတ်ရတယ်ဆိုပေမယ့် ရိုးရာလက်ဝှေ့စည်းကမ်းတွေအတိုင်းသာ ထိုးသတ်ရတာပါ။ ဒီပွဲက အထူးစိန်ခေါ်ပွဲဖြစ်တာကြောင့် ရိုးရာလက်ဝှေ့ရဲ့ စည်းမျဉ်းအတိုင်း ၅ ချီထိုးသတ်ပြီးလို့ သရေကျနေခဲ့မယ်ဆိုရင် နောက်ထပ် ၂ချီ ထိုးသတ်ဖို့ရှိပါတယ်လို့ ဒေ့ဗ်က ပြောပြထားခဲ့ပါတယ်။

 

ဒေ့ဗ်က ” ဆိုင်းရပ်စ်က သူ့ကိုသတ်နိုင်မှ အနိုင်ရမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ သူ့ကို သတ်ဖို့အထိတော့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်ပြန်ပြောခဲ့တဲ့အတိုင်း အကောင်းဆုံးလူက ဒီကြိုးဝိုင်းထဲမှာ အနိုင်ရခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့အနေနဲ့ စည်းမျဉ်းအရ ထိုးသတ်တဲ့ အချီအတွင်းမှာ ပြိုင်ဘက်ကို အလဲထိုးနိုင်မှသာ အနိုင်သတ်မှတ်ပြီး အလဲမထိုးနိုင်ခဲ့ရင် သရေပွဲအဖြစ်သာ သတ်မှတ်ပါတယ်။ ဒါ့အပြင် တိုက်ခိုက်ရေး အားကစားနည်း အတော်များများမှာ ခွင့်ပြုထားခြင်းမရှိတဲ့ လူရဲ့ ကိုယ်လက်အင်္ဂါအားလုံးကို အသုံးပြုတိုက်ခိုက်ခွင့်ပေးထားပါတယ်။

ဒူး၊ တံတောင်တွေအပြင် ပြိုင်ဘက်ကို ခေါင်းနဲ့လည်းတိုက်နိုင်ခွင့်ပြုထားလို့ တကယ့်ဖိုက်တာတွေကတော့ ကြိုက်နှစ်သက်ပါတယ်။ အလဲထိုးနိုင်မှ အနိုင်အဖြစ်သတ်မှတ်တာကြောင့် အမှတ်ရဖို့အတွက်ပဲ တိုက်ခိုက်တဲ့ အားကစားနည်းတွေထက် ယောက်ကျာ်းပိုဆန်တဲ့ သဘောလည်းရှိနေပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်တဲ့ ဒေ့ဗ်က အသက် ၂၈နှစ်ရှိပြီဖြစ်ပြီး သူဟာ ၂၀၁၆တုန်းက ချန်ပီယံဟောင်းထွန်းထွန်းမင်းကို Air KBZ အောင်လုံပွဲရဲ့ခရူဇာဝိတ်တန်းကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ်ပွဲမှာ အနိုင်ထိုးသတ်ခဲ့တာပါ။ အခု ရှုံးနိမ့်သွားတဲ့ ဆိုင်းရပ်စ်ကတော့ အသက် ၃၆နှစိရှိပြီဖြစ်ပြီး အရင်တုန်းက ကမ္ဘာ့မွေထိုင်းချန်ပီယံဖြစ်ခဲ့သလို အမေရိကန် WBC ချန်ပီယံတစ်ဦးလည်းဖြစ်ပါတယ်။ ဒေ့ဗ်ထက်အရင် ထွန်းထွန်းမင်းကို ၂၀၁၄ တုန်းက ၃ချီမြောက်မှာ အလဲထိုး အနိုင်ရခဲ့ဖူးပါသေးတယ်။

လက်ဝှေ့ပွဲပေါင်း ၁၀၀ ကျော် ထိုးသတ်ထားပြီး ဒေ့ဗ်ထက် အတွေ့အကြုံပိုရှိတဲ့သူဖြစ်ပြီး ဒေ့ဗ်က ချန်ပီယံခါးပတ်ရပြီးတဲပအချိန်အထိ ၂၂ပွဲသာ ထိုးသတ်ခဲ့ရပါသေးတယ်။ ဒေ့ဗ်ရဲ့ အောင်ပွဲကတော့ ရွေးကောက်ပွဲ မဲပေးတဲ့ နိုဝင်ဘာ ၈ရက်နေ့ မြန်မာစံတော်ချိန် နံနက်အစောပိုင်းမှာ ထိုးသတ်သွားခဲတာကြောင့် မြန်မာနိုင်ငံသားတွေအတွက် အောင်အတိတ် အောင်နမိတ် ဖြစ်ပါစေကြောင်း။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေအာင္အတိတ္ ေအာင္နမိတ္နဲ႔ ေဒ့ဗ္တစ္ေယာက္ အေမရိကန္ၿပိဳင္ဘက္ ဆိုင္းရပ္စ္ကို ၄ ခ်ီမွာ အလဲထိုးၿပီး ႐ိုးရာလက္ေဝွ႔ခ်န္ပီယံခါးပတ္ကို ကာကြယ္ႏိုင္ခဲ့

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက One Championship မစ္ဒယ္ဝိတ္တန္း စိန္ေခၚပြဲမွာ ေအာင္လအန္ဆိုင္း ရႈံးနိမ့္သြားခဲ့တဲ့အခ်ိန္မွာ သူ႔လိုမ်ိဳး ျမန္မာႏိုင္ငံက ထင္ရွားတဲ့ ဖိုက္တာတစ္ေယာက္က ဒီရႈံးပြဲေၾကာင့္ ျပည္သူေတြ စိတ္ပ်က္ေနတာကို သူ႔ရဲ႕ေအာင္ပြဲနဲ႔ ျပန္ၿပီးဂုဏ္ယူရေအာင္ လုပ္ေပးမယ္လို႔ ေျပာခဲ့ပါတယ္။ သူကေတာ့ ျမန္မာႏိုင္ငံကိုယ္စားျပဳ ကမာၻ႔လက္ေဝွ႔ခ်န္ပီယံ ေဒ့ဗ္ ပဲျဖစ္ပါတယ္။

အခုေတာ့ ေဒ့ဗ္တစ္ေယာက္ သူ႔စကားအတိုင္း သူလုပ္ျပႏိုင္ခဲ့ပါၿပီ။ အေမရိကန္ႏိုင္ငံ ဝိုင္အိုမင္းမွာ က်င္းပျပဳလုပ္ခဲ့တဲ့ ကမာၻ႔လက္ေဝွ႔ခ်န္ပီယံရွစ္ၿပိဳင္ပြဲရဲ႕ အလြတ္တန္းကမာၻ႔ခ်န္ပီယံဝိတ္တန္းမွာ စိန္ေခၚသူအေမရီကန္ႏိုင္ငံသားဆိုင္းရပ္စ္ကို ၄ခ်ီေျမာက္မွာ ဒိုင္ပြဲရပ္နဲ႔ အႏိုင္ယူႏိုင္ခဲ့ပါတယ္။

ဒီပြဲကို ေလွာင္အိမ္ထဲမွာ UFC နဲ႔ One Championship ပုံစံမ်ိဳး ထိုးသတ္ရတယ္ဆိုေပမယ့္ ႐ိုးရာလက္ေဝွ႔စည္းကမ္းေတြအတိုင္းသာ ထိုးသတ္ရတာပါ။ ဒီပြဲက အထူးစိန္ေခၚပြဲျဖစ္တာေၾကာင့္ ႐ိုးရာလက္ေဝွ႔ရဲ႕ စည္းမ်ဥ္းအတိုင္း ၅ ခ်ီထိုးသတ္ၿပီးလို႔ သေရက်ေနခဲ့မယ္ဆိုရင္ ေနာက္ထပ္ ၂ခ်ီ ထိုးသတ္ဖို႔ရွိပါတယ္လို႔ ေဒ့ဗ္က ေျပာျပထားခဲ့ပါတယ္။

ေဒ့ဗ္က ” ဆိုင္းရပ္စ္က သူ႔ကိုသတ္ႏိုင္မွ အႏိုင္ရမယ္လို႔ ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္အေနနဲ႔ သူ႔ကို သတ္ဖို႔အထိေတာ့ အဆင္သင့္မျဖစ္ေသးပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ျပန္ေျပာခဲ့တဲ့အတိုင္း အေကာင္းဆုံးလူက ဒီႀကိဳးဝိုင္းထဲမွာ အႏိုင္ရခဲ့ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ျမန္မာ့႐ိုးရာလက္ေဝွ႔အေနနဲ႔ စည္းမ်ဥ္းအရ ထိုးသတ္တဲ့ အခ်ီအတြင္းမွာ ၿပိဳင္ဘက္ကို အလဲထိုးႏိုင္မွသာ အႏိုင္သတ္မွတ္ၿပီး အလဲမထိုးႏိုင္ခဲ့ရင္ သေရပြဲအျဖစ္သာ သတ္မွတ္ပါတယ္။ ဒါ့အျပင္ တိုက္ခိုက္ေရး အားကစားနည္း အေတာ္မ်ားမ်ားမွာ ခြင့္ျပဳထားျခင္းမရွိတဲ့ လူရဲ႕ ကိုယ္လက္အဂၤါအားလုံးကို အသုံးျပဳတိုက္ခိုက္ခြင့္ေပးထားပါတယ္။

ဒူး၊ တံေတာင္ေတြအျပင္ ၿပိဳင္ဘက္ကို ေခါင္းနဲ႔လည္းတိုက္ႏိုင္ခြင့္ျပဳထားလို႔ တကယ့္ဖိုက္တာေတြကေတာ့ ႀကိဳက္ႏွစ္သက္ပါတယ္။ အလဲထိုးႏိုင္မွ အႏိုင္အျဖစ္သတ္မွတ္တာေၾကာင့္ အမွတ္ရဖို႔အတြက္ပဲ တိုက္ခိုက္တဲ့ အားကစားနည္းေတြထက္ ေယာက္က်ာ္းပိုဆန္တဲ့ သေဘာလည္းရွိေနပါတယ္။

ျမန္မာႏိုင္ငံကိုယ္စားျပဳ ယွဥ္ၿပိဳင္တဲ့ ေဒ့ဗ္က အသက္ ၂၈ႏွစ္ရွိၿပီျဖစ္ၿပီး သူဟာ ၂၀၁၆တုန္းက ခ်န္ပီယံေဟာင္းထြန္းထြန္းမင္းကို Air KBZ ေအာင္လုံပြဲရဲ႕ခ႐ူဇာဝိတ္တန္းကမာၻ႔လက္ေဝွ႔ ခ်န္ပီယံရွစ္ပြဲမွာ အႏိုင္ထိုးသတ္ခဲ့တာပါ။ အခု ရႈံးနိမ့္သြားတဲ့ ဆိုင္းရပ္စ္ကေတာ့ အသက္ ၃၆ႏွစိရွိၿပီျဖစ္ၿပီး အရင္တုန္းက ကမာၻ႔ေမြထိုင္းခ်န္ပီယံျဖစ္ခဲ့သလို အေမရိကန္ WBC ခ်န္ပီယံတစ္ဦးလည္းျဖစ္ပါတယ္။ ေဒ့ဗ္ထက္အရင္ ထြန္းထြန္းမင္းကို ၂၀၁၄ တုန္းက ၃ခ်ီေျမာက္မွာ အလဲထိုး အႏိုင္ရခဲ့ဖူးပါေသးတယ္။

လက္ေဝွ႔ပြဲေပါင္း ၁၀၀ ေက်ာ္ ထိုးသတ္ထားၿပီး ေဒ့ဗ္ထက္ အေတြ႕အႀကဳံပိုရွိတဲ့သူျဖစ္ၿပီး ေဒ့ဗ္က ခ်န္ပီယံခါးပတ္ရၿပီးတဲပအခ်ိန္အထိ ၂၂ပြဲသာ ထိုးသတ္ခဲ့ရပါေသးတယ္။ ေဒ့ဗ္ရဲ႕ ေအာင္ပြဲကေတာ့ ေ႐ြးေကာက္ပြဲ မဲေပးတဲ့ ႏိုဝင္ဘာ ၈ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္အေစာပိုင္းမွာ ထိုးသတ္သြားခဲတာေၾကာင့္ ျမန္မာႏိုင္ငံသားေတြအတြက္ ေအာင္အတိတ္ ေအာင္နမိတ္ ျဖစ္ပါေစေၾကာင္း။