အောင်မြေနင်းပြီး စန်းထလာတဲ့ လင်ဂတ်ရဲ့ တစ်ကျော့ပြန် အင်္ဂလန်လက်ရွေးစင်ခရီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၂ ကမ္ဘာဖလားခြေစစ်ပွဲတွေ ယှသ်ပြိုင်ကစားမယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းကို နည်းပြဆောက်ဂိတ်က ထုတ်ပြန်ကြေညာလိုက်တဲ့အချိန်မှာ ဘောလုံးပရိသတ်တွေအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ လက်ရွေးစင်အသင်းလူစာရင်းမှာ ပရိသတ်တွေ မထင်မှတ်တဲ့သူတစ်ချို့ ရွေးချယ်ခံရတာနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာလည်း ဖြစ်ခဲ့ပါတယ်။

လက်ရွေးစင်အသင်းနဲ့ ကင်းကွာနေတာကြာပြီဖြစ်တဲ့ လုခ်ရှော၊ လင်ဂတ်နဲ့ ၈ျွန်စတုန်းတို့လို ရွေးချယ်ခဲ့တာတွေ့ရပါတယ်။ မန်စီးတီးနဲ့ မန်ယူလို အသင်းကြီးတွေမှာ နေရာရပြီး ခြေစွမ်းပြနေလို့ လုခ်ရှောနဲ့ ဂျွန်စတုန်းကို ရွေးထားတာနဲ့ ပတ်သတ်ပြီး ဘာမှသိပ်ပြောစရာမရှိပေမယ့် ဝက်စ်ဟမ်းက လင်ဂတ်ကို ရွေးချယ်တာကတော့ အံံအားသင့်စရာတွေဖြစ်ခဲ့တာပါ။

တကယ်တော့ လင်ဂတ်ဟာ ဝက်စ်ဟမ်းကို အငှားသွားမကစားဖြစ်ခဲ့ရင် အခုလိုမျိုး လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ မဖြစ်နိုင်ပါဘူး။ မန်ယူအသင်းရဲ့ အရန်လူစာရင်းမှာတောင် ဖလားပွဲတွေမှာသာပါရတဲ့ လင်ဂတ်တစ်ယောက် ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်မှာ ဝက်စ်ဟမ်းကို ပြောင်းသွားတာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုရက်စ်ဟာ လင်ဂတ်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။

ဝက်စ်ဟမ်းအတွက် ပွဲဦးထွက်ကစားပေးတဲ့ပွဲမှာပဲ လင်ဂတ်တစ်ယောက် ခြေစွမ်းပြနိုင်ခဲ့သလို ဂိုးလည်းသွင်းနိုင်ခဲ့တာပါ။ ဝက်စ်ဟမ်းမှာ တောက်လျှောက်ပုံမှန်ပွဲထွက်ခွင့် ရရှိနေခဲ့ပြီး ခြေစွမ်းပြဂိုးတွေသွင်းလာနိုင်ပေမယ့် လက်ရွေးစင်အသင်း၈ျာစီကို တစ်ကျော့ပြန် ဝတ်ဖို့ကတော့ သိပ်မလွယ်လှပါဘူး။ ဒါပေမယ့် ကံတရားက လင်ဂတ်ဖက်မှာပဲ ရှိနေတယ်လို့ ပြောရမလားပါပဲ။

လင်ဂတ်နဲ့ ကစားပေါက်တူတဲ့ ဂရီလစ်ရှ်၊ မက်ဒီဆင်၊ ဆန်ချို၊ဟာဗေဘန်းစ်စတဲ့ ကစားသမားတွေ ဒဏ်ရာပြသနာကိုယ်စီရှိနေတဲ့အတွက် လင်ဂတ်တစ်ယောက် အင်္ဂလန်အတွက် တစ်ကျော့ပြန် ရွေးချယ်ခံခဲ့ရပါတယ်။ ဝက်စ်ဟမ်းအတွက် ၆ပွဲမှာ ၄ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဝက်စ်ဟမ်းက သူ့ကို အပြီးသတ် ခေါ်ယူနိုင်ဖို့အထိ ကြိုးစားနေတာပါ။

လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ကတော့ လူပြောများနေတဲ့ ဒီကစားသမား ၃ယောက်နဲ့ပတ်သတ်ပြီး သူတို့အပေါ် ဘယ်တုန်းကမှ ခြေစွမ်းပိုင်း သံသယမဖြစ်ခဲ့ကြောင်း၊ သူ့ရဲ့ရွေးချယ်မှုကို အပြည့်အဝယုံကြည်တယ်လို့ဆိုပါတယ်။ တကယ်တော့ ၂၀၂၂ ကမ္ဘာဖလားရဲ့ ခြေစစ်ပွဲတွေထက် ပိုအရေးကြီးတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရှိနေပါတယ်။

ကိုဗစ်ရောဂါကြောင့် ပြိုင်ပွဲကို ၁နှစ် နောက်ဆုတ်ခဲ့ပြီး ဒီနှစ်ဥရောပဘောလုံးရာသီအပြီးမှာ ယှဉ်ပြိုင်ကစားဖို့ရှိနေတာပါ။ အဲ့ဒီ့ပြိုင်ပွဲအတွက်ကတော့ အင်္ဂလန်လက်ရွေးစင်အသင်းကို အတောင့်တင်းဆုံး လူစာရင်းနဲ့ နည်းပြဆောက်ဂိတ်ပွဲထုတ်မယ်ဆိုတာ သေချာပါတယ်။ အဲ့အခါကျရင် လင်ဂတ်တစ်ယောက် သူ့ရဲ့ လက်ရွေးစင် ကစားသမားဘ၀ တစ်နေရာစာအတွက် ပြိုင်ဖက်ကောင်းတွေကို ကျော်ဖြတ်ပြီး နေရာရနိုင်မလားဆိုတာက ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၂၀၂၂ ကမာၻဖလားေျခစစ္ပြဲေတြ ယွသ္ၿပိဳင္ကစားမယ့္ အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ လူစာရင္းကို နည္းျပေဆာက္ဂိတ္က ထုတ္ျပန္ေၾကညာလိုက္တဲ့အခ်ိန္မွာ ေဘာလုံးပရိသတ္ေတြအၾကား လႈပ္လႈပ္ရွားရွား ျဖစ္သြားပါတယ္။ လက္ေ႐ြးစင္အသင္းလူစာရင္းမွာ ပရိသတ္ေတြ မထင္မွတ္တဲ့သူတစ္ခ်ိဳ႕ ေ႐ြးခ်ယ္ခံရတာနဲ႔ပတ္သတ္ၿပီး စိတ္ဝင္စားစရာလည္း ျဖစ္ခဲ့ပါတယ္။

လက္ေ႐ြးစင္အသင္းနဲ႔ ကင္းကြာေနတာၾကာၿပီျဖစ္တဲ့ လုခ္ေရွာ၊ လင္ဂတ္နဲ႔ ၈ြၽန္စတုန္းတို႔လို ေ႐ြးခ်ယ္ခဲ့တာေတြ႕ရပါတယ္။ မန္စီးတီးနဲ႔ မန္ယူလို အသင္းႀကီးေတြမွာ ေနရာရၿပီး ေျခစြမ္းျပေနလို႔ လုခ္ေရွာနဲ႔ ဂြၽန္စတုန္းကို ေ႐ြးထားတာနဲ႔ ပတ္သတ္ၿပီး ဘာမွသိပ္ေျပာစရာမရွိေပမယ့္ ဝက္စ္ဟမ္းက လင္ဂတ္ကို ေ႐ြးခ်ယ္တာကေတာ့ အံံအားသင့္စရာေတြျဖစ္ခဲ့တာပါ။

တကယ္ေတာ့ လင္ဂတ္ဟာ ဝက္စ္ဟမ္းကို အငွားသြားမကစားျဖစ္ခဲ့ရင္ အခုလိုမ်ိဳး လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံရဖို႔ မျဖစ္ႏိုင္ပါဘူး။ မန္ယူအသင္းရဲ႕ အရန္လူစာရင္းမွာေတာင္ ဖလားပြဲေတြမွာသာပါရတဲ့ လင္ဂတ္တစ္ေယာက္ ၿပီးခဲ့တဲ့ ဇန္နဝါရီေဈးကြက္မွာ ဝက္စ္ဟမ္းကို ေျပာင္းသြားတာ မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈျဖစ္ခဲ့ပါတယ္။ မန္ယူနည္းျပေဟာင္း ေဒးဗစ္မိုရက္စ္ဟာ လင္ဂတ္ကို ဘယ္လိုအသုံးျပဳရမလဲဆိုတာ ေကာင္းေကာင္းသိပါတယ္။

ဝက္စ္ဟမ္းအတြက္ ပြဲဦးထြက္ကစားေပးတဲ့ပြဲမွာပဲ လင္ဂတ္တစ္ေယာက္ ေျခစြမ္းျပႏိုင္ခဲ့သလို ဂိုးလည္းသြင္းႏိုင္ခဲ့တာပါ။ ဝက္စ္ဟမ္းမွာ ေတာက္ေလွ်ာက္ပုံမွန္ပြဲထြက္ခြင့္ ရရွိေနခဲ့ၿပီး ေျခစြမ္းျပဂိုးေတြသြင္းလာႏိုင္ေပမယ့္ လက္ေ႐ြးစင္အသင္း၈်ာစီကို တစ္ေက်ာ့ျပန္ ဝတ္ဖို႔ကေတာ့ သိပ္မလြယ္လွပါဘူး။ ဒါေပမယ့္ ကံတရားက လင္ဂတ္ဖက္မွာပဲ ရွိေနတယ္လို႔ ေျပာရမလားပါပဲ။

လင္ဂတ္နဲ႔ ကစားေပါက္တူတဲ့ ဂရီလစ္ရွ္၊ မက္ဒီဆင္၊ ဆန္ခ်ိဳ၊ဟာေဗဘန္းစ္စတဲ့ ကစားသမားေတြ ဒဏ္ရာျပသနာကိုယ္စီရွိေနတဲ့အတြက္ လင္ဂတ္တစ္ေယာက္ အဂၤလန္အတြက္ တစ္ေက်ာ့ျပန္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ဝက္စ္ဟမ္းအတြက္ ၆ပြဲမွာ ၄ဂိုးသြင္းယူထားႏိုင္ခဲ့ၿပီး ဝက္စ္ဟမ္းက သူ႔ကို အၿပီးသတ္ ေခၚယူႏိုင္ဖို႔အထိ ႀကိဳးစားေနတာပါ။

လက္ေ႐ြးစင္အသင္းနည္းျပ ေဆာက္ဂိတ္ကေတာ့ လူေျပာမ်ားေနတဲ့ ဒီကစားသမား ၃ေယာက္နဲ႔ပတ္သတ္ၿပီး သူတို႔အေပၚ ဘယ္တုန္းကမွ ေျခစြမ္းပိုင္း သံသယမျဖစ္ခဲ့ေၾကာင္း၊ သူ႔ရဲ႕ေ႐ြးခ်ယ္မႈကို အျပည့္အဝယုံၾကည္တယ္လို႔ဆိုပါတယ္။ တကယ္ေတာ့ ၂၀၂၂ ကမာၻဖလားရဲ႕ ေျခစစ္ပြဲေတြထက္ ပိုအေရးႀကီးတဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရွိေနပါတယ္။

ကိုဗစ္ေရာဂါေၾကာင့္ ၿပိဳင္ပြဲကို ၁ႏွစ္ ေနာက္ဆုတ္ခဲ့ၿပီး ဒီႏွစ္ဥေရာပေဘာလုံးရာသီအၿပီးမွာ ယွဥ္ၿပိဳင္ကစားဖို႔ရွိေနတာပါ။ အဲ့ဒီ့ၿပိဳင္ပြဲအတြက္ကေတာ့ အဂၤလန္လက္ေ႐ြးစင္အသင္းကို အေတာင့္တင္းဆုံး လူစာရင္းနဲ႔ နည္းျပေဆာက္ဂိတ္ပြဲထုတ္မယ္ဆိုတာ ေသခ်ာပါတယ္။ အဲ့အခါက်ရင္ လင္ဂတ္တစ္ေယာက္ သူ႔ရဲ႕ လက္ေ႐ြးစင္ ကစားသမားဘ၀ တစ္ေနရာစာအတြက္ ၿပိဳင္ဖက္ေကာင္းေတြကို ေက်ာ္ျဖတ္ၿပီး ေနရာရႏိုင္မလားဆိုတာက ဆက္ၿပီးေစာင့္ၾကည့္ရဦးမွာပါ။