အောင်မြင်မှုပန်းတိုင်ဆီ ချီတက်နိုင်ဖို့ ဆူးခင်းလမ်းကို ကျော်ဖြတ်ခဲ့ရသူ မန်ဒီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လွန်ခဲ့တဲ့(၇)နှစ်လောက်က ကလပ်အသင်းလက်မဲ့၊ အနာဂတ်က ဘာမှရေရေရာရာမရှိတဲ့ အသက်(၂၀)ကျော် ဘောလုံးသမားကောင်လေးတစ်ယောက်က အခုအချိန်မှာ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတစ်သင်းရဲ့ အမာခံကစားသမားတစ်ဦးဖြစ်နေတယ်ဆိုရင် ပရိသတ်တွေ အံ့အားသင့်သွားမလား . .အဲဒီကစားသမားက လူမသိသူမသိဘဝကနေ အခုဆို တစ်ကမ္ဘာလုံးက ပရိသတ်တွေစိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ပရီးမီးယားလိဂ်လိုပြိုင်ပွဲမျိုးမှာ ကစားခွင့်ရနေပြီ၊ သူ ကစားနေတာကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အောင်မြင်မှုအများဆုံးအသင်းတွေထဲက တစ်သင်းလည်းဖြစ်နေတယ်။ ဒီနေ့လို အနေအထားမျိုးရောက်အောင် ပြင်းထန်တဲ့စိတ်ဓာတ်နဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားခဲ့သူကတော့ ချယ်လ်ဆီးအသင်းမှာ အဓိကဂိုးသမားအဖြစ် ပါဝင်ခွင့်ရနေသူ မန်ဒီပါပဲ . .

ချယ်လ်ဆီးအသင်းရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်၊ ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးဂိုးသမားစတဲ့ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူ ကီပါကို အရန်ခုံရောက်သွားအောင် စွမ်းဆောင်ခဲ့သူ၊ လက်စွမ်းပြကာကွယ်မှုတွေကြောင့် ကာလတိုအတွင်းမှာပဲ အသင်းနည်းပြနဲ့ ချယ်လ်ဆီးပရိသတ်တွေရဲ့ ယုံကြည်အားထားမှု၊ ချစ်ခင်မှုကို ပိုင်ဆိုင်နိုင်ခဲ့သူ။ အသင်းကို စရောက်လာတုန်းက ‘မန်ဒီဆိုတာ ဘယ်သူလဲ’လို့ မေးခွန်းထုတ်ခံရတဲ့အခြေအနေကနေ အခုဆိုရင် မသိတဲ့သူမရှိတော့လောက်အောင် ကြိုးစားပြခဲ့သူလည်းဖြစ်တယ်။

ဒါပေမဲ့ အခုလိုရွှေရောင်နေ့ရက်တွေကို မန်ဒီတစ်ယောက် လွယ်လွယ်ကူကူနဲ့ ပိုင်ဆိုင်ခဲ့တာတော့မဟုတ်ဘူး။ အသက်(၁၃)နှစ်အရွယ်မှာ ပြင်သစ်ကလပ် လီဟာဗေးအကယ်ဒမီကို စတင်ရောက်ရှိခဲ့ပြီး သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုတော့ ပြင်သစ်တတိယတန်းကလပ် AS ရှဲဘော့ဂ်အသင်းနဲ့ စတင်ခဲ့တယ်။ အဲဒီအသင်းမှာ ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်အထိကစားခဲ့ပြီး ၂၀၁၄ နွေရာသီ၊ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ မန်ဒီအတွက် ကံဆိုးခြင်းနေ့ရက်တွေက ချက်ချင်းရောက်လာပါတော့တယ်။ သူ့ကို ခေါ်မယ့်ကလပ်လည်းမရှိ၊ အေးဂျင့်ကလည်း ဟိုလိုလိုဒီလိုလိုလုပ်ပြီး ခေါက်သွားချိန်မှာ မန်ဒီဟာ ဘာလုပ်ရမှန်းမသိတော့ဘူး။

အဲဒီအချိန်မှာ သူ့အသက်က( ၂၂)နှစ်ပဲရှိသေးတယ်။ (၁)နှစ်လောက်အထိ ကလပ်အသင်းရှာမတွေ့လို့ အလုပ်လက်မဲ့အဖြစ်စာရင်းသွင်းပြီး ဘောလုံးသမားဘဝကို စွန့်လွှတ်၊ တခြားအလုပ်ပြောင်းလုပ်ဖို့ အလုပ်တွေရှာဖွေခဲ့တော့တာပဲ။ အဲဒီတုန်းက ရင်ဆိုင်ခဲ့ရတဲ့အဖြစ်အပျက်တွေကို မန်ဒီက အခုလိုရင်ဖွင့်ပြခဲ့တယ်။

“အဲဒီအချိန်မှာ ကျွန်တော့်အသက်က (၂၂)နှစ်၊ AS ရှဲဘော့ဂ်အသင်းနဲ့ စာချုပ်ကလည်း သက်တမ်းပြည့်သွားပြီ။ ကျွန်တော့်အေးဂျင့်က တခြားကလပ်ဆီကနေ ကမ်းလှမ်းမှုရထားတယ်လို့တော့ပြောတာပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ဆီ ကျွန်တော်ဆက်သွယ်တော့ သူက ဖုန်းမကိုင်ဘဲ အဆက်အသွယ်ဖြတ်လိုက်တယ်။ နောက်တော့ ‘အနာဂတ်မှာ အောင်မြင်မှုရပါစေလို့ ဆုတောင်းပါတယ်’ဆိုတဲ့ စာတိုလေးတစ်ကြောင်းပို့တာကလွဲပြီး သူနဲ့ကျွန်တော် ဘာအဆက်အသွယ်မှမရှိတော့ဘူး” ဘောလုံးသမားဘဝနဲ့ အနာဂတ်ကို ဖြတ်သန်းဖို့ ဆန္ဒရှိခဲ့ပေမယ့် မသေချာမရေရာမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ မန်ဒီအတွက် ဖြစ်မှဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ်တွေဝင်လာတော့တယ်။ ဒါပေမဲ့ ချီးကျူးစရာကောင်းတာက မန်ဒီရဲ့ မိဘတွေရော၊ ဆွေမျိုးအသိုင်းအဝိုင်းတွေက မန်ဒီကို ဘောလုံးသမားအဖြစ် ဆက်လက်ရပ်တည်ဖို့ ဝိုင်းဝန်းအားပေးခဲ့ကြတာပါ။


“ကျွန်တော့်မှာ ဘာအလုပ်မှလည်းမရှိဘူး။ အဲဒါကြောင့် ဘောလုံးသမားဘဝကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်မိသားစုနဲ့ ဆွေမျိုးတွေရဲ့ အားပေးမှုကြောင့် နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ ငယ်ဘဝကလပ်ဖြစ်တဲ့ လီဟာဗေးအသင်းမှာ ကစားခွင့်ရခဲ့ပြီး (၁)နှစ်လောက်အထိ လစာတစ်ပြားမှမရဘဲ ကစားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်ဟာ မာဆေးလ်အသင်းရဲ့ တတိယဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်” မန်ဒီကို မာဆေးလ်အသင်းကို သွားဖို့ အကြံကောင်းပေးခဲ့သူက သူငယ်ချင်းလည်းဖြစ်၊ အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ Ted Lavie ပါပဲ။

၂၀၁၅ ခုနှစ်မှာ မာဆေးလ်အသင်းရဲ့ ဂိုးသမားအဖြစ် သွားရောက်အရွေးချယ်ခံဖို့ Ted Lavie က အကြံပေးခဲ့ပြီး မာဆေးလ်အကယ်ဒမီအသင်းရဲ့ ဂိုးနည်းပြဖြစ်သူ Dominique Bernatowicz က မန်ဒီကို စတုတ္ထဂိုးသမားအဖြစ် ရွေးချယ်လိုက်ပြီလို့ ဖုန်းဆက်အကြောင်းကြားခဲ့ချိန်မှာ မန်ဒီတစ်ယောက် ဘယ်လိုမှပြောပြလို့မရအောင် ဝမ်းသာအားရဖြစ်ခဲ့ရတယ်။ မာဆေးလ်အသင်းကို ရောက်ခဲ့တာက မန်ဒီရဲ့ကစားသမားဘဝကို ကြီးမားတဲ့အပြောင်းအလဲဖြစ်စေတဲ့ ခြေလှမ်းတစ်ခုလို့ပြောရမယ်။ ၂၀၁၅-၁၆ မှာ မာဆေးလ်အရန်ဂိုးသမားအဖြစ် တာထွက်ခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ နောက်ထပ်ခြေလှမ်းတစ်ရပ်အဖြစ် ရမ်းစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြန်တယ်။

ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲတွေကို စိတ်မပျက်၊ အားမလျှော့ဘဲ ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းနိုင်တဲ့ လူတစ်ယောက်အတွက် ကံကောင်းခြင်းတွေကို အချိန်တိုအတွင်းမှာ ပိုင်ဆိုင်ခွင့်ရဖို့က သေချာသလို မန်ဒီလည်း ကံကြမ္မာရဲ့မျက်နှာသာပေးမှုကို ရရှိခဲ့တယ်။ ၂၀၁၆-၁၇ ပြင်သစ်လီဂူး -၂ ရာသီအစ အာမီယန်နဲ့ကစားခဲ့တဲ့ပွဲမှာ ရမ်းစ်အသင်းအဓိကဂိုးသမား ကာရက်စ်ဆိုဟာ ပွဲအစ(၅)မိနစ်မှာပဲ အနီကတ်နဲ့အထုတ်ခံခဲ့ရလို့ မန်ဒီအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပြီး နည်းပြအကြိုက်တွေ့အောင် လက်စွမ်းပြနိုင်ခဲ့တယ်။ ‘ပတ္တမြားမှန်ရင် နွံမနစ်ဘူး’ဆိုတဲ့စကားအတိုင်း မန်ဒီဟာ သူပါဝင်ကစားခဲ့တဲ့ (၇)ပွဲမှာ (၃)ပွဲ Clean Sheet ရယူခဲ့ပြီး သူ့အရည်အသွေးကို ပြသခဲ့သလို နောက်ရာသီမှာ ရမ်းစ်အသင်းရဲ့အဓိကဂိုးသမားဖြစ်လာတဲ့အပြင် ပြင်သစ်လီဂူး-၂ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပြနိုင်ခဲ့တယ်။ ၂၀၁၈-၁၉ ရာသီ ပြင်သစ်လီဂူးမှာ Clean Sheets (၁၄)ပွဲအထိရယူပြီး ပြိုင်ပွဲရဲ့တတိယမြောက် Clean Sheets ပွဲအများဆုံးဂိုးသမားအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပြန်တယ်။

အဲဒီနောက်မှာတော့ မန်ဒီဟာ ရန်းစ်အသင်းဆီ ဆက်လက်ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၉-၂၀ တစ်ရာသီအကြာမှာပဲ သူ့ရဲ့စွမ်းဆောင်ရည်ကို သတိထားမိတဲ့ ချယ်လ်ဆီးအသင်းနည်းစနစ်အကြံပေး ပီတာချက်(ဂိုးသမားဟောင်း)က မန်ဒီကို ခေါ်ဖို့ လမ်းပတ်ကို တိုက်တွန်းခဲ့တာကြောင့် ၂၀၂၀ ခုနှစ်မှာ ချယ်လ်ဆီးအသင်းက ပေါင်(၂၂)သန်းနဲ့ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ တစ်ချိန်က ဘယ်ကလပ်အသင်းကမှ ခေါ်ဖို့ဆန္ဒမရှိတဲ့ ဂိုးသမားတစ်ဦးဟာ ပေါင်(၂၂)သန်းတန်ဖိုးရှိတဲ့သူတစ်ဦးဖြစ်လာမယ်လို့ ဘယ်သူကထင်မိမှာလဲ။

ချယ်လ်ဆီးကို ရောက်တော့လည်း မန်ဒီဟာ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက်ပြသခဲ့ပြီး ပရီးမီးယားလိဂ်(၃)ပွဲဆက် Clean Sheets ယူပြခဲ့လို့ ၂၀၀၄ ခုနှစ်တုန်းက ပီတာချက်နောက်ပိုင်း အဲဒီလိုမှတ်တမ်းပိုင်ဆိုင်ခဲ့တဲ့ ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

ဒီရာသီမှာ ချယ်လ်ဆီးအသင်းဟာ မန်ဒီရဲ့လက်စွမ်းပြကာကွယ်မှုတွေနဲ့အတူ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပြီဖြစ်သလို FA ဖလားမှာလည်း ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိနေပါပြီ။

အခုလောလောဆယ်မှာ မန်ဒီဟာ အဓိကဆုဖလားအောင်မြင်မှု မရှိသေးဘူးဆိုပေမယ့်လည်း အောင်မြင်မှုပန်းတိုင်ဆီ ချီတက်နိုင်ဖို့ ဆူးခင်းလမ်းကိုတောင် ဖြတ်ကျော်ခဲ့တဲ့ မန်ဒီအတွက် ဆုဖလားတွေကိုင်မြှောက်ခွင့်ရဖို့က မဝေးတော့ဘူးလို့ပဲပြောရတော့မှာပါ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ေအာင္ျမင္မႈပန္းတိုင္ဆီ ခ်ီတက္ႏိုင္ဖို႔ ဆူးခင္းလမ္းကို ေက်ာ္ျဖတ္ခဲ့ရသူ မန္ဒီ

လြန္ခဲ့တဲ့(၇)ႏွစ္ေလာက္က ကလပ္အသင္းလက္မဲ့၊ အနာဂတ္က ဘာမွေရေရရာရာမရွိတဲ့ အသက္(၂၀)ေက်ာ္ ေဘာလုံးသမားေကာင္ေလးတစ္ေယာက္က အခုအခ်ိန္မွာ ပရီးမီးယားလိဂ္ထိပ္တန္းအသင္းတစ္သင္းရဲ႕ အမာခံကစားသမားတစ္ဦးျဖစ္ေနတယ္ဆိုရင္ ပရိသတ္ေတြ အံ့အားသင့္သြားမလား . .အဲဒီကစားသမားက လူမသိသူမသိဘဝကေန အခုဆို တစ္ကမာၻလုံးက ပရိသတ္ေတြစိတ္ဝင္တစားေစာင့္ၾကည့္ေနၾကတဲ့ ပရီးမီးယားလိဂ္လိုၿပိဳင္ပြဲမ်ိဳးမွာ ကစားခြင့္ရေနၿပီ၊ သူ ကစားေနတာကလည္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ေအာင္ျမင္မႈအမ်ားဆုံးအသင္းေတြထဲက တစ္သင္းလည္းျဖစ္ေနတယ္။ ဒီေန႔လို အေနအထားမ်ိဳးေရာက္ေအာင္ ျပင္းထန္တဲ့စိတ္ဓာတ္နဲ႔ အခက္အခဲေတြကို ရင္ဆိုင္ေက်ာ္လႊားခဲ့သူကေတာ့ ခ်ယ္လ္ဆီးအသင္းမွာ အဓိကဂိုးသမားအျဖစ္ ပါဝင္ခြင့္ရေနသူ မန္ဒီပါပဲ . .

ခ်ယ္လ္ဆီးအသင္းရဲ႕ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးပိုင္ရွင္၊ ကမာၻ႔ေျပာင္းေ႐ႊ႕ေၾကးအျမင့္ဆုံးဂိုးသမားစတဲ့ဂုဏ္ပုဒ္ေတြကို ပိုင္ဆိုင္ထားသူ ကီပါကို အရန္ခုံေရာက္သြားေအာင္ စြမ္းေဆာင္ခဲ့သူ၊ လက္စြမ္းျပကာကြယ္မႈေတြေၾကာင့္ ကာလတိုအတြင္းမွာပဲ အသင္းနည္းျပနဲ႔ ခ်ယ္လ္ဆီးပရိသတ္ေတြရဲ႕ ယုံၾကည္အားထားမႈ၊ ခ်စ္ခင္မႈကို ပိုင္ဆိုင္ႏိုင္ခဲ့သူ။ အသင္းကို စေရာက္လာတုန္းက ‘မန္ဒီဆိုတာ ဘယ္သူလဲ’လို႔ ေမးခြန္းထုတ္ခံရတဲ့အေျခအေနကေန အခုဆိုရင္ မသိတဲ့သူမရွိေတာ့ေလာက္ေအာင္ ႀကိဳးစားျပခဲ့သူလည္းျဖစ္တယ္။ ဒါေပမဲ့ အခုလိုေ႐ႊေရာင္ေန႔ရက္ေတြကို မန္ဒီတစ္ေယာက္ လြယ္လြယ္ကူကူနဲ႔ ပိုင္ဆိုင္ခဲ့တာေတာ့မဟုတ္ဘူး။ အသက္(၁၃)ႏွစ္အ႐ြယ္မွာ ျပင္သစ္ကလပ္ လီဟာေဗးအကယ္ဒမီကို စတင္ေရာက္ရွိခဲ့ၿပီး သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကိုေတာ့ ျပင္သစ္တတိယတန္းကလပ္ AS ရွဲေဘာ့ဂ္အသင္းနဲ႔ စတင္ခဲ့တယ္။ အဲဒီအသင္းမွာ ၂၀၁၁ ကေန ၂၀၁၄ ခုႏွစ္အထိကစားခဲ့ၿပီး ၂၀၁၄ ေႏြရာသီ၊ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာေတာ့ မန္ဒီအတြက္ ကံဆိုးျခင္းေန႔ရက္ေတြက ခ်က္ခ်င္းေရာက္လာပါေတာ့တယ္။ သူ႔ကို ေခၚမယ့္ကလပ္လည္းမရွိ၊ ေအးဂ်င့္ကလည္း ဟိုလိုလိုဒီလိုလိုလုပ္ၿပီး ေခါက္သြားခ်ိန္မွာ မန္ဒီဟာ ဘာလုပ္ရမွန္းမသိေတာ့ဘူး။

အဲဒီအခ်ိန္မွာ သူ႔အသက္က( ၂၂)ႏွစ္ပဲရွိေသးတယ္။ (၁)ႏွစ္ေလာက္အထိ ကလပ္အသင္းရွာမေတြ႕လို႔ အလုပ္လက္မဲ့အျဖစ္စာရင္းသြင္းၿပီး ေဘာလုံးသမားဘဝကို စြန႔္လႊတ္၊ တျခားအလုပ္ေျပာင္းလုပ္ဖို႔ အလုပ္ေတြရွာေဖြခဲ့ေတာ့တာပဲ။ အဲဒီတုန္းက ရင္ဆိုင္ခဲ့ရတဲ့အျဖစ္အပ်က္ေတြကို မန္ဒီက အခုလိုရင္ဖြင့္ျပခဲ့တယ္။

“အဲဒီအခ်ိန္မွာ ကြၽန္ေတာ့္အသက္က (၂၂)ႏွစ္၊ AS ရွဲေဘာ့ဂ္အသင္းနဲ႔ စာခ်ဳပ္ကလည္း သက္တမ္းျပည့္သြားၿပီ။ ကြၽန္ေတာ့္ေအးဂ်င့္က တျခားကလပ္ဆီကေန ကမ္းလွမ္းမႈရထားတယ္လို႔ေတာ့ေျပာတာပဲ။ ဒါေပမဲ့ ေနာက္ပိုင္းမွာ သူ႔ဆီ ကြၽန္ေတာ္ဆက္သြယ္ေတာ့ သူက ဖုန္းမကိုင္ဘဲ အဆက္အသြယ္ျဖတ္လိုက္တယ္။ ေနာက္ေတာ့ ‘အနာဂတ္မွာ ေအာင္ျမင္မႈရပါေစလို႔ ဆုေတာင္းပါတယ္’ဆိုတဲ့ စာတိုေလးတစ္ေၾကာင္းပို႔တာကလြဲၿပီး သူနဲ႔ကြၽန္ေတာ္ ဘာအဆက္အသြယ္မွမရွိေတာ့ဘူး” ေဘာလုံးသမားဘဝနဲ႔ အနာဂတ္ကို ျဖတ္သန္းဖို႔ ဆႏၵရွိခဲ့ေပမယ့္ မေသခ်ာမေရရာမႈေတြနဲ႔ ရင္ဆိုင္ရခ်ိန္မွာ မန္ဒီအတြက္ ျဖစ္မွျဖစ္ႏိုင္ပါ့မလားဆိုတဲ့ သံသယစိတ္ေတြဝင္လာေတာ့တယ္။ ဒါေပမဲ့ ခ်ီးက်ဴးစရာေကာင္းတာက မန္ဒီရဲ႕ မိဘေတြေရာ၊ ေဆြမ်ိဳးအသိုင္းအဝိုင္းေတြက မန္ဒီကို ေဘာလုံးသမားအျဖစ္ ဆက္လက္ရပ္တည္ဖို႔ ဝိုင္းဝန္းအားေပးခဲ့ၾကတာပါ။
“ကြၽန္ေတာ့္မွာ ဘာအလုပ္မွလည္းမရွိဘူး။ အဲဒါေၾကာင့္ ေဘာလုံးသမားဘဝကို စြန႔္လႊတ္ဖို႔ ဆုံးျဖတ္လိုက္တယ္။ ဒါေပမဲ့ ကြၽန္ေတာ့္မိသားစုနဲ႔ ေဆြမ်ိဳးေတြရဲ႕ အားေပးမႈေၾကာင့္ ေနာက္တစ္ႀကိမ္ထပ္ႀကိဳးစားၾကည့္ဖို႔ ဆုံးျဖတ္လိုက္တာပါပဲ။ ငယ္ဘဝကလပ္ျဖစ္တဲ့ လီဟာေဗးအသင္းမွာ ကစားခြင့္ရခဲ့ၿပီး (၁)ႏွစ္ေလာက္အထိ လစာတစ္ျပားမွမရဘဲ ကစားခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ ကြၽန္ေတာ္ဟာ မာေဆးလ္အသင္းရဲ႕ တတိယဂိုးသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္” မန္ဒီကို မာေဆးလ္အသင္းကို သြားဖို႔ အႀကံေကာင္းေပးခဲ့သူက သူငယ္ခ်င္းလည္းျဖစ္၊ အသင္းေဖာ္ေဟာင္းလည္းျဖစ္တဲ့ Ted Lavie ပါပဲ။ ၂၀၁၅ ခုႏွစ္မွာ မာေဆးလ္အသင္းရဲ႕ ဂိုးသမားအျဖစ္ သြားေရာက္အေ႐ြးခ်ယ္ခံဖို႔ Ted Lavie က အႀကံေပးခဲ့ၿပီး မာေဆးလ္အကယ္ဒမီအသင္းရဲ႕ ဂိုးနည္းျပျဖစ္သူ Dominique Bernatowicz က မန္ဒီကို စတုတၳဂိုးသမားအျဖစ္ ေ႐ြးခ်ယ္လိုက္ၿပီလို႔ ဖုန္းဆက္အေၾကာင္းၾကားခဲ့ခ်ိန္မွာ မန္ဒီတစ္ေယာက္ ဘယ္လိုမွေျပာျပလို႔မရေအာင္ ဝမ္းသာအားရျဖစ္ခဲ့ရတယ္။ မာေဆးလ္အသင္းကို ေရာက္ခဲ့တာက မန္ဒီရဲ႕ကစားသမားဘဝကို ႀကီးမားတဲ့အေျပာင္းအလဲျဖစ္ေစတဲ့ ေျခလွမ္းတစ္ခုလို႔ေျပာရမယ္။ ၂၀၁၅-၁၆ မွာ မာေဆးလ္အရန္ဂိုးသမားအျဖစ္ တာထြက္ခဲ့ရၿပီး ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ေနာက္ထပ္ေျခလွမ္းတစ္ရပ္အျဖစ္ ရမ္းစ္အသင္းဆီ ေျပာင္းေ႐ႊ႕ခဲ့ျပန္တယ္။

ဘဝမွာ ရင္ဆိုင္ႀကဳံေတြ႕ရတဲ့အခက္အခဲေတြကို စိတ္မပ်က္၊ အားမေလွ်ာ့ဘဲ ႀကံ့ႀကံ့ခံရင္ဆိုင္ျဖတ္သန္းႏိုင္တဲ့ လူတစ္ေယာက္အတြက္ ကံေကာင္းျခင္းေတြကို အခ်ိန္တိုအတြင္းမွာ ပိုင္ဆိုင္ခြင့္ရဖို႔က ေသခ်ာသလို မန္ဒီလည္း ကံၾကမၼာရဲ႕မ်က္ႏွာသာေပးမႈကို ရရွိခဲ့တယ္။ ၂၀၁၆-၁၇ ျပင္သစ္လီဂူး -၂ ရာသီအစ အာမီယန္နဲ႔ကစားခဲ့တဲ့ပြဲမွာ ရမ္းစ္အသင္းအဓိကဂိုးသမား ကာရက္စ္ဆိုဟာ ပြဲအစ(၅)မိနစ္မွာပဲ အနီကတ္နဲ႔အထုတ္ခံခဲ့ရလို႔ မန္ဒီအတြက္ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး နည္းျပအႀကိဳက္ေတြ႕ေအာင္ လက္စြမ္းျပႏိုင္ခဲ့တယ္။ ‘ပတၱျမားမွန္ရင္ ႏြံမနစ္ဘူး’ဆိုတဲ့စကားအတိုင္း မန္ဒီဟာ သူပါဝင္ကစားခဲ့တဲ့ (၇)ပြဲမွာ (၃)ပြဲ Clean Sheet ရယူခဲ့ၿပီး သူ႔အရည္အေသြးကို ျပသခဲ့သလို ေနာက္ရာသီမွာ ရမ္းစ္အသင္းရဲ႕အဓိကဂိုးသမားျဖစ္လာတဲ့အျပင္ ျပင္သစ္လီဂူး-၂ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ျပႏိုင္ခဲ့တယ္။ ၂၀၁၈-၁၉ ရာသီ ျပင္သစ္လီဂူးမွာ Clean Sheets (၁၄)ပြဲအထိရယူၿပီး ၿပိဳင္ပြဲရဲ႕တတိယေျမာက္ Clean Sheets ပြဲအမ်ားဆုံးဂိုးသမားအျဖစ္ပါ မွတ္တမ္းဝင္ခဲ့ျပန္တယ္။

အဲဒီေနာက္မွာေတာ့ မန္ဒီဟာ ရန္းစ္အသင္းဆီ ဆက္လက္ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၂၀၁၉-၂၀ တစ္ရာသီအၾကာမွာပဲ သူ႔ရဲ႕စြမ္းေဆာင္ရည္ကို သတိထားမိတဲ့ ခ်ယ္လ္ဆီးအသင္းနည္းစနစ္အႀကံေပး ပီတာခ်က္(ဂိုးသမားေဟာင္း)က မန္ဒီကို ေခၚဖို႔ လမ္းပတ္ကို တိုက္တြန္းခဲ့တာေၾကာင့္ ၂၀၂၀ ခုႏွစ္မွာ ခ်ယ္လ္ဆီးအသင္းက ေပါင္(၂၂)သန္းနဲ႔ ေခၚယူခဲ့တာပဲျဖစ္ပါတယ္။ တစ္ခ်ိန္က ဘယ္ကလပ္အသင္းကမွ ေခၚဖို႔ဆႏၵမရွိတဲ့ ဂိုးသမားတစ္ဦးဟာ ေပါင္(၂၂)သန္းတန္ဖိုးရွိတဲ့သူတစ္ဦးျဖစ္လာမယ္လို႔ ဘယ္သူကထင္မိမွာလဲ။ ခ်ယ္လ္ဆီးကို ေရာက္ေတာ့လည္း မန္ဒီဟာ စြမ္းေဆာင္ရည္ေကာင္းေတြကို ဆက္လက္ျပသခဲ့ၿပီး ပရီးမီးယားလိဂ္(၃)ပြဲဆက္ Clean Sheets ယူျပခဲ့လို႔ ၂၀၀၄ ခုႏွစ္တုန္းက ပီတာခ်က္ေနာက္ပိုင္း အဲဒီလိုမွတ္တမ္းပိုင္ဆိုင္ခဲ့တဲ့ ဂိုးသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ ဒီရာသီမွာ ခ်ယ္လ္ဆီးအသင္းဟာ မန္ဒီရဲ႕လက္စြမ္းျပကာကြယ္မႈေတြနဲ႔အတူ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ကို တက္ေရာက္ခဲ့ၿပီျဖစ္သလို FA ဖလားမွာလည္း ဆီမီးဖိုင္နယ္အဆင့္ ေရာက္ရွိေနပါၿပီ။ အခုေလာေလာဆယ္မွာ မန္ဒီဟာ အဓိကဆုဖလားေအာင္ျမင္မႈ မရွိေသးဘူးဆိုေပမယ့္လည္း ေအာင္ျမင္မႈပန္းတိုင္ဆီ ခ်ီတက္ႏိုင္ဖို႔ ဆူးခင္းလမ္းကိုေတာင္ ျဖတ္ေက်ာ္ခဲ့တဲ့ မန္ဒီအတြက္ ဆုဖလားေတြကိုင္ေျမႇာက္ခြင့္ရဖို႔က မေဝးေတာ့ဘူးလို႔ပဲေျပာရေတာ့မွာပါ . . .