
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အမေရိကန်အမျိုးသားအသင်းဟာ ၂၀၂၁ ကွန်ကာကပ်ဖ်ရွှေဖလားဗိုလ်လုပွဲမှာ အဓိကပြိုင်ဘက်မက္ကဆီကိုအသင်းကို (၁-၀)ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ခဲ့ပေမယ့်
အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံးအဖြစ်ရပ်တည်နေတဲ့ အမေရိကန်အမျိုးသမီးအသင်းကတော့ လက်ရှိကျင်းပနေတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့်မှာ ကနေဒါကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကထွက်လိုက်ရပြီဖြစ်ပါတယ်။
ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲဝင် အမေရိကန်အသင်းမှာ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ပူလီဆစ်၊ မက်ကန်နီ၊ ရေနာတို့ မပါဝင်ခဲ့ပေမယ့်လည်း မက္ကဆီကိုအသင်းနဲ့ကစားခဲ့တဲ့ဗိုလ်လုပွဲ အချိန်ပိုမိနစ်(၃၀)ပြည့်ဖို့ (၃)မိနစ်လောက်အလိုမှာ
နောက်ခံလူမိုင်းစ်ရော်ဘင်ဆင်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် အနိုင်ရခဲ့တာဖြစ်ပြီး ၂၀၁၉ ဗိုလ်လုပွဲတုန်းက ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာဖြစ်သလို ၂၀၁၇ ခုနှစ်နောက်ပိုင်း ကွန်ကာကပ်ဖ်ရွှေဖလားကို ပြန်လည်ပိုင်ဆိုင်ခဲ့ပဲဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် (၇)ကြိမ်မြောက်ချန်ပီယံဆုဖလားရယူခဲ့တာဖြစ်ပေမယ့် အောင်မြင်မှုအကြိမ်အရေအတွက်မှာတော့ မက္ကဆီကိုအသင်းကို အမီမလိုက်နိုင်သေးဘဲ မက္ကဆီကိုအသင်းက စုစုပေါင်း(၁၁)ကြိမ်အထိ ဗိုလ်စွဲခဲ့တာပါ။
အမေရိကန်အမျိုးသားအသင်း ကွန်ကာကပ်ဖ်ရွှေဖလားအောင်မြင်မှုရယူပြီး မရှေးမနှောင်းမှာပဲ အမေရိကန်အမျိုးသမီးအသင်းကတော့ ၂၀၂၀ တိုကျိုအိုလံပစ်ဘောလုံးပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့်မှာ ကနေဒါကို ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲတောင်မတက်ရောက်နိုင်ပဲ ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။
အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေတံဆိပ်ဆု(၄)ကြိမ်အထိရရှိခဲ့ပြီး အောင်မြင်မှုအများဆုံးအသင်းအဖြစ်ရပ်တည်နေတဲ့ အမေရိကန်အမျိုးသမီးအသင်းဟာ ကနေဒါနဲ့ပွဲမှာ ဖလင်းမင်းရဲ့ပယ်နယ်တီသွင်းဂိုးကြောင့် (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပြီး
ဒါက နှစ်ပေါင်း(၂၀)အတွင်း ကနေဒါအသင်းကို ပထမဆုံးအကြိမ်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်အမျိုးသမီးအသင်းဟာ ၂၀၁၆ ရီယိုအိုလံပစ်တုန်းကလည်း ကွာတားဖိုင်နယ်မှာ ဆွီဒင်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် အိုလံပစ်ပြိုင်ပွဲနှစ်ကြိမ်ဆက် ဗိုလ်လုပွဲတက်ခွင့်နဲ့ လွဲချော်ခဲ့တာဖြစ်ပြီး
အခုပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုမျှော်လင့်ချက်မရှိတော့ပေမယ့် နှစ်သိမ့်စရာအဖြစ် တတိယကြေးတံဆိပ်ဆုရယူနိုင်ဖို့ ဆက်လက်ကြိုးစားရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ေအာင္ျမင္မႈနဲ႔က်ရႈံးမႈကို တစ္ခ်ိန္တည္းရင္ဆိုင္ခဲ့ရတဲ့ အေမရိကန္အမ်ိဳးသားအသင္းနဲ႔ အမ်ိဳးသမီးအသင္း
အေမရိကန္အမ်ိဳးသားအသင္းဟာ ၂၀၂၁ ကြန္ကာကပ္ဖ္ေ႐ႊဖလားဗိုလ္လုပြဲမွာ အဓိကၿပိဳင္ဘက္မကၠဆီကိုအသင္းကို (၁-၀)ဂိုးနဲ႔အႏိုင္ယူၿပီး ခ်န္ပီယံဆုဖလားကိုင္ေျမႇာက္ႏိုင္ခဲ့ေပမယ့္ အိုလံပစ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ေအာင္ျမင္မႈအမ်ားဆုံးအျဖစ္ရပ္တည္ေနတဲ့ အေမရိကန္အမ်ိဳးသမီးအသင္းကေတာ့ လက္ရွိက်င္းပေနတဲ့ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲဆီမီးဖိုင္နယ္အဆင့္မွာ ကေနဒါကို မထင္မွတ္ဘဲရႈံးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲကထြက္လိုက္ရၿပီျဖစ္ပါတယ္။
ကြန္ကာကပ္ဖ္ေ႐ႊဖလားၿပိဳင္ပြဲဝင္ အေမရိကန္အသင္းမွာ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ပူလီဆစ္၊ မက္ကန္နီ၊ ေရနာတို႔ မပါဝင္ခဲ့ေပမယ့္လည္း မကၠဆီကိုအသင္းနဲ႔ကစားခဲ့တဲ့ဗိုလ္လုပြဲ အခ်ိန္ပိုမိနစ္(၃၀)ျပည့္ဖို႔ (၃)မိနစ္ေလာက္အလိုမွာ ေနာက္ခံလူမိုင္းစ္ေရာ္ဘင္ဆင္ရဲ႕ ေခါင္းတိုက္သြင္းဂိုးေၾကာင့္ အႏိုင္ရခဲ့တာျဖစ္ၿပီး ၂၀၁၉ ဗိုလ္လုပြဲတုန္းက ရႈံးေႂကြးကို ျပန္ဆပ္ႏိုင္ခဲ့တာျဖစ္သလို ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ကြန္ကာကပ္ဖ္ေ႐ႊဖလားကို ျပန္လည္ပိုင္ဆိုင္ခဲ့ပဲျဖစ္ပါတယ္။ အေမရိကန္အသင္းဟာ ကြန္ကာကပ္ဖ္ေ႐ႊဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ (၇)ႀကိမ္ေျမာက္ခ်န္ပီယံဆုဖလားရယူခဲ့တာျဖစ္ေပမယ့္ ေအာင္ျမင္မႈအႀကိမ္အေရအတြက္မွာေတာ့ မကၠဆီကိုအသင္းကို အမီမလိုက္ႏိုင္ေသးဘဲ မကၠဆီကိုအသင္းက စုစုေပါင္း(၁၁)ႀကိမ္အထိ ဗိုလ္စြဲခဲ့တာပါ။
အေမရိကန္အမ်ိဳးသားအသင္း ကြန္ကာကပ္ဖ္ေ႐ႊဖလားေအာင္ျမင္မႈရယူၿပီး မေရွးမေႏွာင္းမွာပဲ အေမရိကန္အမ်ိဳးသမီးအသင္းကေတာ့ ၂၀၂၀ တိုက်ိဳအိုလံပစ္ေဘာလုံးၿပိဳင္ပြဲဆီမီးဖိုင္နယ္အဆင့္မွာ ကေနဒါကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ဗိုလ္လုပြဲေတာင္မတက္ေရာက္ႏိုင္ပဲ ၿပိဳင္ပြဲကထြက္ခဲ့ရပါတယ္။ အိုလံပစ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ေ႐ႊတံဆိပ္ဆု(၄)ႀကိမ္အထိရရွိခဲ့ၿပီး ေအာင္ျမင္မႈအမ်ားဆုံးအသင္းအျဖစ္ရပ္တည္ေနတဲ့ အေမရိကန္အမ်ိဳးသမီးအသင္းဟာ ကေနဒါနဲ႔ပြဲမွာ ဖလင္းမင္းရဲ႕ပယ္နယ္တီသြင္းဂိုးေၾကာင့္ (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဒါက ႏွစ္ေပါင္း(၂၀)အတြင္း ကေနဒါအသင္းကို ပထမဆုံးအႀကိမ္ရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့အျပင္ အေမရိကန္အမ်ိဳးသမီးအသင္းဟာ ၂၀၁၆ ရီယိုအိုလံပစ္တုန္းကလည္း ကြာတားဖိုင္နယ္မွာ ဆြီဒင္အသင္းကို အေရးနိမ့္ခဲ့တာေၾကာင့္ အိုလံပစ္ၿပိဳင္ပြဲႏွစ္ႀကိမ္ဆက္ ဗိုလ္လုပြဲတက္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး အခုၿပိဳင္ပြဲမွာ ေ႐ႊတံဆိပ္ဆုေမွ်ာ္လင့္ခ်က္မရွိေတာ့ေပမယ့္ ႏွစ္သိမ့္စရာအျဖစ္ တတိယေၾကးတံဆိပ္ဆုရယူႏိုင္ဖို႔ ဆက္လက္ႀကိဳးစားရမွာပါ။