M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကတော့ ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အသင်းဖော်တွေကို ချီးကျူးသွားပါတယ်။
ယူနိုက်တက်အသင်းဟာ ဗီလာရီးရဲလ်အသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ဒီဂီယာရဲ့အံ့အားသင့်ဖွယ် ကာကွယ်မှုတွေကြောင့် ပေးဂိုးများစွာ ခွင့်မပြုခဲ့ရတာလည်း ဖြစ်ပါတယ်။
“ဒီပွဲကိုအနိုင်ကန်နိုင်တယ်လို့ကျွန်တော်အမြဲတွေးတယ်။ သူတို့ဂိုးအရင်ရသွားတယ်ဆိုရင်တောင်ပေါ့။
ပွဲကိုအလှည့်အပြောင်းလုပ်ပစ်နိုင်တယ်လို့ ကျွန်တော်ခံစားမိတယ်။
တဲလက်စ်ရဲ့ဂိုးကတော့ တကယ့်ကိုအံ့ဩဖို့ကောင်းလွန်းပါတယ်။
ပရိသတ်တွေရဲ့လက်ခုပ်သံတွေကလည်းတဲလက်စ် ရဲ့ဂိုးနဲ့ထပ်တူအံ့ဩဖို့ကောင်းပါတယ်။
ရော်နယ်ဒို ကတော့ နောက်တစ်ကြိမ် လုပ်ပြနိုင်ခဲ့ပြန်ပါပြီ။
ကျွန်တော်တို့တွေ တိုက်စစ်မှူး(၂)ဦးနဲ့အတူ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ”
“ဒီဂီယာ က ဒီနေ့ပွဲမှာကြီးကြီးမားမားကာကွယ်မှုတွေကိုလုပ်ပြခဲ့ပြီး ကျွန်တော်တို့ကိုပုံမပျက်သွားအောင်ထိန်းပေးတယ်။
စပိန်အသင်းတွေနဲ့ကန်ရတာအမြဲခက်ပါတယ်။ ဘောလုံးထိန်းကစားတာကောင်းတယ်။
သူတို့ကစားပုံကောင်းခဲ့သလို ကျွန်တော်တို့ကလည်းဖွဲ့စည်းပုံကောင်းခဲ့တယ်။
တစ်ခါတလေ ကျွန်တော်တို့အနေနဲ့ဘာကိုမှမလောဘဲစိတ်ရှည်တတ်ဖို့လိုတယ်။ အဓိကကသုံးမှတ်ပါပဲ”
“ပြိုင်ဘက်ဧရိယာထဲဘောလုံးရောက်တိုင်းအန္တရာယ်ရှိတယ်ဆိုတာ ကျွန်တော်တို့သိတယ်။
ဘယ်အချိန်မဆို ကျွန်တော်တို့တိုက်စစ်ကစားသမားတွေ ဂိုးသွင်းနိုင်တာလည်းသိပါတယ်”
“ပရိသတ်တွေရဲ့ အားပေးသံဟာ မယုံနိုင်လောက်အောင် ကိုကောင်းပါတယ်။
ကျွန်တော့်အတွက်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ပရိသတ်အားပေးမှု အသံတွေပဲမဟုတ်ဘဲ တခြားသောပြိုင်ပွဲတွေရဲ့အားပေးမှုအသံတွေကလည်း ထူးခြားမှုရှိပါတယ်။” လို့ ဖာနန်ဒက်စ်က ပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အောင်ပွဲဖန်တီးပေးတဲ့ အသင်းဖော်တွေအတွက် ဖာနန်ဒက်စ် ရဲ့ ချီးကျူးစကား