အောင်ပွဲခံမှုကြောင့် ကစားသမား ၂ ဦးအထုတ်ခံလိုက်ရတဲ့ ဘရုဂျက်

Photo- Internet
Photo- Internet

ဘယ်လ်ဂျီယံကလပ် ဘရုဂျက်အသင်းဟာ ဂါလာတာစာရေးနဲ့ ကစားခဲ့တဲ့ အဝေးကွင်းချန်ပီယံလိဂ်ပွဲစဉ်မှာနာကျင်အချိန်ပိုရောက်မှ သရေကျစေမယ့်ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ကစားသမားတွေအောင်ပွဲခံမှာ အလွန်အကျူ းဖြစ်ခဲ့တဲ့အတွက် ဂိုးသွင်းသူအပါအဝင် ကစားသမား ၂ ဦးအထုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဒီပွဲမှာ ဂါလာတာစာရေးဟာ ၁၁ မိနစ်ကတည်းက ဂိုးသွင်းကာဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာကျင်အချိန်ပိုဖြစ်တဲ့ ၉၂ မိနစ်မှာ ဒီယက်တာက ချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဂါလာတာစာရေးဟာ ဒီပွဲရောက်မှ အခုရာသီချန်ပီယံလိဂ်ရဲ့ ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

အုပ်စု A မှာ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့က ၁၆ အသင်းအဆင့်ကိုတက်ရောက် သွားခဲ့ပြီးဖြစ်လို့ ဂါလာတာစာရေး ရောဘရုဂျက်ပါ နောက်တစ်ဆင့်ကိုတက်လို့ မရတော့ပါဘူး။ ဒါပေမယ့် သရေကျစေမယ့် ဂိုးက ဘရုဂျက်ကို ယူရိုပါလိဂ်ဝင်ရောက်ခွင့်ရဖို့ ပိုမိုအခြေအနေကောင်းစေခဲ့တဲ့အတွက် ကစားသမားတွေက အလွန်အကျူ းအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

Photo- Internet

ဂိုးသွင်းခဲ့တဲ့ ဒီယက်တာဟာ အဝါကတ်ထိထားပြီးသူဖြစ်ပြီး အောင်ပွဲခံရာမှာ အကျီၤချွတ်ခဲ့တဲ့အတွက် နောက်ထပ်တစ်ဝါအပြခံရပြီး အနီကတ်နဲ့ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကစားဖော်ဖြစ်တဲ့ ကလင်တန်မာတာ ဟာလည်း ကော်နာအလံတိုင်ကို ခြေထောက်နဲ့ကန်ပြီး အောင်ပွဲခံခဲ့လို့ ဒုတိယအဝါထိပြီး ထုတ်ပယ်ခံလိုက်ရပါတယ်။

Photo- Internet

မာတာရဲ့ ကန်ချက်ဟာပြင်းထန်ပြီး ကော်နာအလံတိုင်ကိုတောင် ကျိုးသွားစေလို့ အခုလိုအဝါကတ်အပြခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ ဘရုဂျက်ဟာ လာမယ့် ဒီဇင်လာမှာအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ကိုအိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

Photo- Internet

Zawgyi

ေအာင္ပြဲခံမႈေၾကာင့္ ကစားသမား ၂ ဦးအထုတ္ခံလိုက္ရတဲ႔ ဘရုဂ်က္

ဘယ္လ္ဂ်ီယံကလပ္ ဘရုဂ်က္အသင္းဟာ ဂါလာတာစာေရးနဲ႔ ကစားခဲ့တဲ႔ အေ၀းကြင္းခ်န္ပီယံလိဂ္ပြဲစဥ္မွာနာက်င္အခ်ိန္ပိုေရာက္မွ သေရက်ေစမယ္႔ဂိုးသြင္းယူႏိုင္ခဲ့တဲ႔အတြက္ ကစားသမားေတြေအာင္ပြဲခံမွာ အလြန္အက်ဴ းျဖစ္ခဲ့တဲ႔အတြက္ ဂိုးသြင္းသူအပါအ၀င္ ကစားသမား ၂ ဦးအထုတ္ခံလိုက္ရတယ္လို႔ သိရပါတယ္။

ဒီပြဲမွာ ဂါလာတာစာေရးဟာ ၁၁ မိနစ္ကတည္းက ဂိုးသြင္းကာဦးေဆာင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ္႔လည္း နာက်င္အခ်ိန္ပိုျဖစ္တဲ႔ ၉၂ မိနစ္မွာ ဒီယက္တာက ေခ်ပဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဂါလာတာစာေရးဟာ ဒီပြဲေရာက္မွ အခုရာသီခ်န္ပီယံလိဂ္ရဲ႕ ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အုပ္စု A မွာ ပီအက္စ္ဂ်ီနဲ႔ ရီးရဲလ္မက္ဒရစ္တို႔က ၁၆ အသင္းအဆင့္ကိုတက္ေရာက္ သြားခဲ့ၿပီးျဖစ္လို႔ ဂါလာတာစာေရး ေရာဘရုဂ်က္ပါ ေနာက္တစ္ဆင့္ကိုတက္လို႔ မရေတာ႔ပါဘူး။ ဒါေပမယ္႔ သေရက်ေစမယ္႔ ဂိုးက ဘရုဂ်က္ကို ယူရိုပါလိဂ္၀င္ေရာက္ခြင့္ရဖို႔ ပိုမိုအေျခအေနေကာင္းေစခဲ့တဲ႔အတြက္ ကစားသမားေတြက အလြန္အက်ဴ းေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

ဂိုးသြင္းခဲ့တဲ႔ ဒီယက္တာဟာ အ၀ါကတ္ထိထားၿပီးသူျဖစ္ၿပီး ေအာင္ပြဲခံရာမွာ အက်ီၤခ်ြတ္ခဲ့တဲ႔အတြက္ ေနာက္ထပ္တစ္၀ါအျပခံရၿပီး အနီကတ္နဲ႔ထုတ္ပယ္ခံလိုက္ရတာျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ကစားေဖာ္ျဖစ္တဲ႔ ကလင္တန္မာတာ ဟာလည္း ေကာ္နာအလံတိုင္ကို ေျခေထာက္နဲ႔ကန္ၿပီး ေအာင္ပြဲခံခဲ့လို႔ ဒုတိယအ၀ါထိၿပီး ထုတ္ပယ္ခံလိုက္ရပါတယ္။

မာတာရဲ႕ ကန္ခ်က္ဟာျပင္းထန္ၿပီး ေကာ္နာအလံတိုင္ကိုေတာင္ က်ဳိးသြားေစလို႔ အခုလိုအ၀ါကတ္အျပခံလိုက္ရတာျဖစ္တယ္လို႔ သိရပါတယ္။ ဘရုဂ်က္ဟာ လာမယ္႔ ဒီဇင္လာမွာအုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ ရီးရဲလ္မက္ဒရစ္ကိုအိမ္ကြင္းမွာ ကစားရမွာျဖစ္ပါတယ္။