အောင်ပွဲခံတဲ့ပုံစံကြောင့် ယူရို ၃၀၀၀ ဒဏ်ရိုက်ခံရဖွယ်ရှိတဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုဆာဆူနာနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ မက်ဆီဟာ ပွဲချိန်၇၂မိနစ်မှာ ထရင်ကာအို ထိုးပေးလိုက်တဲ့ ဘောလုံးကို အိုဆာဆူနာနောက်ခံလူတစ်ဦးကိုလှည့်ပြီး ဂိုးဧရိယာထိပ်ကိုဆွဲလာခဲ့ကာ အိုဆာဆူနာနောက်ခံလူ၃ဦးရှိနေတဲ့ကြားက ဘယ်ခြေနဲ့ ဂိုးပေါက်ညာအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူခဲ့ပါတယ်။

ဘာစီလိုနာက ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီး မက်ဆီက အသင်းအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ မက်ဆီဟာ ဂိုးသွင်းယူအပြီးမှာ ဘာစီလိုနာဂျာစီကိုချွတ်ပြီး၊ အောက်ကခံဝတ်လာတဲ့ နယူးဝဲအိုးဘွိုင်းကလပ်ဂျာစီကိုပြသခဲ့ကာ မာရာဒိုနာကိုရည်ရွယ်ပြီးကောင်းကင်ပေါ်ကို ဆုတောင်းနူတ်ဆက်တဲ့ဟန်ပြုလုပ်ပြီးအောင်ပွဲခံသွားခဲ့ပါတယ်။

အဲဒီလိုအောင်ပွဲခံခဲ့တဲ့အတွက် မက်ဆီကို ကွင်းလယ်ဒိုင်က အဝါကဒ်ပြားပြသခဲ့ပါတယ်။ ဖီဖာက ပြဌာန်းထားတဲ့ စည်းမျဉ်းတွေမှာတော့ ကစားသမားတစ်ယောက်ဟာ အမှတ်တံဆိပ်တစ်ခုကို သော်လည်းကောင်း ၊ ဆိုရိုးစကားတစ်ခုကိုသော်လည်းကောင်း ၊ ဂန္တဝင် ကစားသမား တစ်ဦးကိုသော်လည်းကောင်းစတဲ့ ရည်ညွှန်း ဖော်ပြမှုအတွက် ဂျာစီချွတ်ပြီး အောင်ပွဲခံခဲ့ပါက ဒဏ်ငွေ ယူရို 3000 သတ်မှတ်ခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဘာစီလိုနာအနေနဲ့ မက်ဆီရဲ့အောင်ပွဲခံတဲ့ ပုံစံအတွက် ယူရို 3000 ကို ဒဏ်ကြေး ပေးဆောင်သွားရဖွယ် ရှိနေပါတယ်။ မာရာဒိုနာလုပ်ဆောင်ခဲ့တဲ့ပုံစံလိုမျိုးအဲဒီပွဲမှာ မက်ဆီလုပ်ဆောင်ဖို့ကြိုးစားတဲ့နောက်ထပ်အကြောင်းအရာတစ်ခုရှိပါသေးတယ်။ ဘာစီလိုနာအသင်းရဲ့ အဖွင့်ဂိုးရရှိခဲ့မှုမှာ မက်ဆီက ဘောလုံးကိုလက်နဲ့ပုတ်သွင်းဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ကိစ္စပါ။

ဂိုးဧရိယာရှေ့မှာ ရှုပ်ယှက်ခတ်နေပြီး အသင်းဖော်ဘရိတ်ဝေ့တ်က အနီးကပ်ကန်သွင်းခဲ့ရာမှာ ဘောလုံးက မြောက်တက်ခဲ့ပြီး ဂိုးထဲဝင်သွားချိန်မှာ မက်ဆီက အိုဆာဆူနာကစားသမားတစ်ဦးနဲ့ အပြိုင်ခုန်တိုက်ဖို့ ကြိုးစားခဲ့ရာမှာ လက်နဲ့ပုတ်ဖို့ ဟန်ပြင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ လက်နဲ့ပုတ်ဖို့ဟန်ပြင်ခဲ့ပြီးမှ မလုပ်ခဲ့တာလို့ ယူဆရဖွယ်ရှိကြောင်းလည်း သုံးသပ်မှုတွေရှိနေပါတယ်။ အဲဒီဘောလုံးကတော့ ဘယ်သူနဲ့မှ မထိခဲ့ဘဲ ဂိုးအတွင်းဝင်ခဲ့တာကြောင့် ဘရိတ်ဝေ့တ်သွင်းယူခဲ့မှုဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်မက်ဆီရဲ့ အဲဒီလုပ်ဆောင်မှုဟာ မာရာဒိုနာကိုဂုဏ်ပြုပြီး သူ့ပုံစံမျိုးလုပ်ဆောင်တာဖြစ်နိုင်ပါတယ်။ မာရာဒိုနာကလည်း ၁၉၈၆ ခုနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းဘက်ကို လက်နဲ့ပုတ်သွင်းကာ ဂိုးသွင်းခဲ့ပြီးအဲဒါကို ဘုရားပေးသောလက်လို့ တင်စားခဲ့ပါတယ်။ မက်ဆီဟာအိုဆာဆူနာနဲ့ ပွဲစဉ်မှာ ဂိုးရနိုင်တဲ့အခွင့်အရေးဖန်တီးမှု၂ကြိမ်၊ ပေးပို့မှုပေါင်း ၅၇ကြိမ်ကိုပြုလုပ်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေအာင္ပြဲခံတဲ့ပုံစံေၾကာင့္ ယူ႐ို ၃၀၀၀ ဒဏ္႐ိုက္ခံရဖြယ္ရွိတဲ့ မက္ဆီ

အိုဆာဆူနာနဲ႔ ကစားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ မက္ဆီဟာ ပြဲခ်ိန္၇၂မိနစ္မွာ ထရင္ကာအို ထိုးေပးလိုက္တဲ့ ေဘာလုံးကို အိုဆာဆူနာေနာက္ခံလူတစ္ဦးကိုလွည့္ၿပီး ဂိုးဧရိယာထိပ္ကိုဆြဲလာခဲ့ကာ အိုဆာဆူနာေနာက္ခံလူ၃ဦးရွိေနတဲ့ၾကားက ဘယ္ေျခနဲ႔ ဂိုးေပါက္ညာအေပၚေထာင့္ထဲကို အျပင္းကန္သြင္းယူခဲ့ပါတယ္။

ဘာစီလိုနာက ၄-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး မက္ဆီက အသင္းအတြက္ ေနာက္ဆုံးပိတ္အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာပါ။ မက္ဆီဟာ ဂိုးသြင္းယူအၿပီးမွာ ဘာစီလိုနာဂ်ာစီကိုခြၽတ္ၿပီး၊ ေအာက္ကခံဝတ္လာတဲ့ နယူးဝဲအိုးဘြိဳင္းကလပ္ဂ်ာစီကိုျပသခဲ့ကာ မာရာဒိုနာကိုရည္႐ြယ္ၿပီးေကာင္းကင္ေပၚကို ဆုေတာင္းႏူတ္ဆက္တဲ့ဟန္ျပဳလုပ္ၿပီးေအာင္ပြဲခံသြားခဲ့ပါတယ္။

အဲဒီလိုေအာင္ပြဲခံခဲ့တဲ့အတြက္ မက္ဆီကို ကြင္းလယ္ဒိုင္က အဝါကဒ္ျပားျပသခဲ့ပါတယ္။ ဖီဖာက ျပဌာန္းထားတဲ့ စည္းမ်ဥ္းေတြမွာေတာ့ ကစားသမားတစ္ေယာက္ဟာ အမွတ္တံဆိပ္တစ္ခုကို ေသာ္လည္းေကာင္း ၊ ဆို႐ိုးစကားတစ္ခုကိုေသာ္လည္းေကာင္း ၊ ဂႏၲဝင္ ကစားသမား တစ္ဦးကိုေသာ္လည္းေကာင္းစတဲ့ ရည္ၫႊန္း ေဖာ္ျပမႈအတြက္ ဂ်ာစီခြၽတ္ၿပီး ေအာင္ပြဲခံခဲ့ပါက ဒဏ္ေငြ ယူ႐ို 3000 သတ္မွတ္ခံရႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ဘာစီလိုနာအ​ေနနဲ႔ မက္ဆီရဲ႕ေအာင္ပြဲခံတဲ့ ပုံစံအတြက္ ယူ႐ို 3000 ကို ဒဏ္ေၾကး ေပးေဆာင္သြားရဖြယ္ ရွိေနပါတယ္။ မာရာဒိုနာလုပ္​ေဆာင္ခဲ့တဲ့ပုံစံလိုမ်ိဳးအဲဒီပြဲမွာ မက္ဆီလုပ္​ေဆာင္ဖို႔ႀကိဳးစားတဲ့​ေနာက္ထပ္အ​ေၾကာင္းအရာတစ္ခုရွိပါ​ေသးတယ္။ ဘာစီလိုနာအသင္းရဲ႕ အဖြင့္ဂိုးရရွိခဲ့မႈမွာ မက္ဆီက ေဘာလံုးကိုလက္နဲ႔ပုတ္သြင္းဖို႔ ႀကိဳးစားခဲ့တယ္ဆိုတဲ့ကိစၥပါ။

ဂိုးဧရိယာေရွ႕မွာ ရႈပ္ယွက္ခတ္ေနၿပီး အသင္းေဖာ္ဘရိတ္ေဝ့တ္က အနီးကပ္ကန္သြင္းခဲ့ရာမွာ ေဘာလုံးက ေျမာက္တက္ခဲ့ၿပီး ဂိုးထဲဝင္သြားခ်ိန္မွာ မက္ဆီက အိုဆာဆူနာကစားသမားတစ္ဦးနဲ႔ အၿပိဳင္ခုန္တိုက္ဖို႔ ႀကိဳးစားခဲ့ရာမွာ လက္နဲ႔ပုတ္ဖို႔ ဟန္ျပင္ခဲ့တာျဖစ္ပါတယ္။ မက္ဆီအေနနဲ႔ လက္နဲ႔ပုတ္ဖို႔ဟန္ျပင္ခဲ့ၿပီးမွ မလုပ္ခဲ့တာလို႔ ယူဆရဖြယ္ရွိေၾကာင္းလည္း သုံးသပ္မႈေတြရွိေနပါတယ္။ အဲဒီေဘာလုံးကေတာ့ ဘယ္သူနဲ႔မွ မထိခဲ့ဘဲ ဂိုးအတြင္းဝင္ခဲ့တာေၾကာင့္ ဘရိတ္ေဝ့တ္သြင္းယူခဲ့မႈျဖစ္ခဲ့ပါတယ္။

ဒါ​ေပမယ့္မက္ဆီရဲ႕ အဲဒီလုပ္​ေဆာင္မႈဟာ မာရာဒိုနာကိုဂုဏ္ျပဳၿပီး သူ႔ပုံစံမ်ိဳးလုပ္​ေဆာင္တာျဖစ္ႏိုင္ပါတယ္။ မာရာဒိုနာကလည္း ၁၉၈၆ ခုႏွစ္က ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္းဘက္ကို လက္နဲ႔ပုတ္သြင္းကာ ဂိုးသြင္းခဲ့ၿပီးအဲဒါကို ဘုရားေပးေသာလက္လို႔ တင္စားခဲ့ပါတယ္။ မက္ဆီဟာအိုဆာဆူနာနဲ႔ ပြဲစဥ္မွာ ဂိုးရႏိုင္တဲ့အခြင့္အေရးဖန္တီးမႈ၂ႀကိမ္၊ ေပးပို႔မႈေပါင္း ၅၇ႀကိမ္ကိုျပဳလုပ္ႏိုင္ခဲ့ပါတယ္။