အောင်ပွဲခံစဉ် ဂျော်ဂျင်ဟိုက ပေါင်ကြားထဲလာကိုင်တဲ့ကိစ္စ ဆိုရှယ်မီဒီယာပေါ်မှာ ဘတ်ရှုယီနောက်ပြောင်

photo-the sun

photo-gettyimages

အေဂျက်နဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲမှာ လူစားဝင်တိုက်စစ်မှုးဘတ်ရှုယီက တစ်လုံးတည်းသောနောက်ကျအနိုင်ဂိုးသွင်းလိုက်ပြီး အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံစဉ်မှာ ကွင်းလယ်လူဂျော်ဂျင်ဟိုဟာ အတိုင်းထက်လွန်သွားတဲ့အပြုအမူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဂျိုဟန်ခရိုက်ဖ်ကွင်းရဲ့ထောင့်တစ်နေရာမှာ ဂိုးသွင်းခဲ့တဲ့ဘတ်ရှုယီဆီ အသင်းဖော်တွေအပြေးရောက်လာခဲ့ကြပြီး အားလုံးနီးပါးက ပွေ့ဖက်ဂုဏ်ပြုခဲ့ကြပေမယ့် ဂျော်ဂျင်ဟိုကတော့ နားလည်ရခက်လောက်အောင် ဘတ်ရှုယီရဲ့ပေါင်ကြားထဲကို လက်နဲ့သွားဆုပ်ကိုင်ခဲ့တာပါ။

photo-social media

ရုပ်သံကင်မရာတွေထဲပါသွားတဲ့ အဲဒီဖြစ်ရပ်ဗီဒီယိုအပိုင်းအစလေးဟာ ချက်ချင်းပဲ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့သွားပါတယ်။ ပွဲပြီးတော့ အဲဒီဗီဒိယိုကို ဘတ်ရှုယီက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်တင်ခဲ့ကာ “ဒါကိုရှင်းပြပေးပါ သူငယ်ချင်း။ ဘာကြောင့်လဲ”ဆိုတဲ့ မေးခွန်းနဲ့အပြောင်အပျက်သဘောမျိုးတင်ခဲ့ပါတယ်။ ဒါ့အပြင် ဘတ်ရှုယီဟာ ဂောျ်ဂျင်ဟိုရဲ့Instagram ပို့စ်မှာလည်း ”ကျေးဇူးပြုပြီး ငါ့ရဲ့ဥတွေကို ပြန်ရနိုင်မလား”လို့လည်း comment ပေးခဲ့ပါတယ်။

photo-daily star

ဘရာဇီးဖွား အီတလီလက်ရွေးစင်ကစားသမားဖြစ်တဲ့ ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီးအသင်းအဝတ်အစားလဲခန်းထဲမှာ အနောက်ပြောင်ဆုံးကစားသမားလို့ သိရပါတယ်။ အခု အက်သလက်တီကိုမှာပြန်ကစားနေတဲ့ ဘရာဇီးဖွား ဒီယေဂိုကော်စတာဟာလည်း ချဲလ်ဆီးမှရှိစဉ် အနောက်ပြောင်ဆုံးသူဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အေဂျက်နဲ့ပွဲက ဂျော်ဂျင်ဟိုရဲ့လုပ်ရပ်ကတော့ ကော်စတာထက် ပိုသာသွားပါတယ်။

[Zawgyi]

ေအာင္ပြဲခံစဥ္ ေဂ်ာ္ဂ်င္ဟိုက ေပါင္ၾကားထဲလာကိုင္တဲ့ကိစၥ ဆုိရွယ္မီဒီယာေပၚမွာ ဘတ္ရႈယီေနာက္ေျပာင္

ေအဂ်က္နဲ႔ ခ်န္ပီယံလိဂ္အေ၀းကြင္းပြဲမွာ လူစား၀င္တုိက္စစ္မႈးဘတ္ရႈယီက တစ္လုံးတည္းေသာေနာက္က်အႏိုင္ဂိုးသြင္းလုိက္ၿပီး အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ပြဲခံစဥ္မွာ ကြင္းလယ္လူေဂ်ာ္ဂ်င္ဟိုဟာ အတိုင္းထက္လြန္သြားတဲ့အျပဳအမူတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ဂ်ိဳဟန္ခရိုက္ဖ္ကြင္းရဲ႕ေထာင့္တစ္ေနရာမွာ ဂိုးသြင္းခဲ့တဲ့ဘတ္ရႈယီဆီ အသင္းေဖာ္ေတြအေျပးေရာက္လာခဲ့ၾကၿပီး အားလုံးနီးပါးက ေပြ႕ဖက္ဂုဏ္ျပဳခဲ့ၾကေပမယ့္ ေဂ်ာ္ဂ်င္ဟိုကေတာ့ နားလည္ရခက္ေလာက္ေအာင္ ဘတ္ရႈယီရဲဲ႕ေပါင္ၾကားထဲကို လက္နဲ႔သြားဆုပ္ကိုင္ခဲ့တာပါ။

ရုပ္သံကင္မရာေတြထဲပါသြားတဲဲ့ အဲဒီျဖစ္ရပ္ဗီဒီယိုအပိုင္းအစေလးဟာ ခ်က္ခ်င္းပဲ ဆုိရွယ္မီဒီယာေပၚ ပ်ံ႔ႏွံ႔သြားပါတယ္။ ပြဲၿပီးေတာ့ အဲဒီဗီဒိယိုကို ဘတ္ရႈယီက ဆုိရွယ္မီိဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚတင္ခဲ့ကာ “ဒါကိုရွင္းျပေပးပါ သူငယ္ခ်င္း။ ဘာေၾကာင့္လဲ”ဆိုတဲ့ ေမးခြန္းနဲ႔အေျပာင္အပ်က္သေဘာမ်ိဳးတင္ခဲ့ပါတယ္။ ဒါ့အျပင္ ဘတ္ရႈယီဟာ ေဂာ်္ဂ်င္ဟိုရဲ႕Instagram ပုိ႔စ္မွာလည္း ”ေက်းဇူးျပဳၿပီး ငါ့ရဲ႕ဥေတြကို ျပန္ရႏိုင္မလား”လုိ႔လည္း comment ေပးခဲ့ပါတယ္။

ဘရာဇီးဖြား အီတလီလက္ေရြးစင္ကစားသမားျဖစ္တဲ့ ေဂ်ာ္ဂ်င္ဟိုဟာ ခ်ဲလ္ဆီးအသင္းအ၀တ္အစားလဲခန္းထဲမွာ အေနာက္ေျပာင္ဆုံးကစားသမားလုိ႔ သိရပါတယ္။ အခု အက္သလက္တီကိုမွာျပန္ကစားေနတဲ့ ဘရာဇီးဖြား ဒီေယဂိုေကာ္စတာဟာလည္း ခ်ဲလ္ဆီးမွရွိစဥ္ အေနာက္ေျပာင္ဆုံးသူျဖစ္ခဲ့တာပါ။ ဒါေပမဲ့ ေအဂ်က္နဲ႔ပြဲက ေဂ်ာ္ဂ်င္ဟိုရဲ႕လုပ္ရပ္ကေတာ့ ေကာ္စတာထက္ ပိုသာသြားပါတယ္။