အောက်တိုဘာဟာ ယူနိုက်တက်အသင်းအတွက် ကြမ္မာဆိုးတွေယူလာလေ့ရှိတဲ့ ကံမကောင်းတဲ့လ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်တော့ အောက်တိုဘာဟာ အသင်းအတွက်ကံကြမ္မာဆိုးတွေယူဆောင်ပေးလေ့ရှိတဲ့ ကံမကောင်းတဲ့လအဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။

အဲဒီလိုသတ်မှတ်ရတာကလည်း အကြောင်းရင်းခိုင်ခိုင်မာမာရှိပါတယ်။

အဲဒါကတော့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဂိုးပြတ်ရှုံးနိမ့်ခဲ့တာ(၅)ပွဲအထိရှိခဲ့ပြီး အဲဒီ(၅)ပွဲစလုံးက ထူးထူးခြားခြားဆိုသလို အောက်တိုဘာအတွင်းမှာရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ သူတို့ရဲ့အခါးသီးဆုံးပြိုင်ဘက်လီဗာပူးလ်ကို (၅-၀)ဂိုးပြတ်နဲ့အရှက်တကွဲအရှုံးပေးခဲ့ရပြီး ဒါဟာ ယူနိုက်တက်အသင်းအတွက် လီဗာပူးလ်ကို အိမ်ကွင်းမှာအကြီးမားဆုံးရလဒ်နဲ့ရှုံးနိမ့်ခဲ့တာပါပဲ။

ပရီးမီးယားလိဂ်လို့စတင်အမည်ပြောင်းလဲခဲ့တဲ့ ၁၉၉၂-၉၃ ရာသီကနေ အခုအချိန်အထိ ယူနိုက်တက်အသင်း ဂိုးအပြတ်ဆုံးရှုံးပွဲတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ (၅)ပွဲမှာ (၃)ပွဲက အိမ်ကွင်းမှာဖြစ်နေတာက အံ့အားသင့်ဖို့ကောင်းပါတယ်။

ယူနိုက်တက်အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဂိုးပြတ်ရှုံးပွဲက ၁၉၉၆၊ အောက်တိုဘာ(၂၀)မှာ

နယူးကာဆယ်နဲ့ကစားခဲ့တဲ့အဝေးကွင်းပွဲဖြစ်ပြီး အလန်ရှီးယား၊ လက်စ်ဖာဒီနန်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ နယူးကာဆယ်အသင်းက (၅-၀)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပါတယ်။

ဒုတိယမြောက်ဂိုးအပြတ်ဆုံးရှုံးပွဲက ၁၉၉၉၊ အောက်တိုဘာလ(၃)ရက်တုန်းက ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ပွဲမှာဖြစ်ပြီး ဂိုးသမားတိုင်ဘီရဲ့စိတ်ပျက်စရာအမှားကနေ ဂိုးပေးလိုက်ရတဲ့အပြင် နစ်ကီဘတ်ပါအနီကတ်နဲ့အထုတ်ခံခဲ့ရတာကြောင့် (၅-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

၂၀၁၁၊ အောက်တိုဘာ(၂၃)ရက်မှာ ယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကို (၆-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး

၁၉၅၅ ခုနှစ်တုန်းက မန်စီးတီးကို(၅-၀)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အကြီးမားဆုံးအိမ်ကွင်းရှုံးပွဲ၊ ၁၉၃၀ ခုနှစ်မှာ ဟတ်ဒါဖီးလ်ကို(၆-၀)ဂိုးပြတ်၊ နယူးကာဆယ်ကို (၇-၄)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အိမ်ကွင်းမှာ (၆)ဂိုးအထိပေးခဲ့ရတာပါ။

ပြီးခဲ့တဲ့ရာသီအစပိုင်းက စပါးအသင်းကို အိမ်ကွင်းမှာ(၆-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကလည်း အောက်တိုဘာလထဲမှာပဲဖြစ်ပြီး

၂၀၂၀၊ အောက်တိုဘာ(၄)ရက်နေ့မှာ အခုလိုရှုံးပွဲကြုံခဲ့ရတာဖြစ်သလို အဲဒီပွဲအပြီးမှာ ဆိုးလ်ရှားက သူ့ဘဝတစ်လျှောက်အဆိုးရွားဆုံးနေ့တစ်နေ့လို့ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားဟာ (၁)နှစ်ကျော်အကြာမှာပဲ အဆိုးတကာ့အဆိုးဆုံးနေ့နဲ့ပြန်လည်ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့အောက်တိုဘာ၊ (၂၄)ရက်မှာ လီဗာပူးလ်ကို (၅-၀)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

အံ့အားသင့်စရာကောင်းတာက မန်စီးတီးကို (၆-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့(၁၀)နှစ်မြောက်နှစ်ပတ်လည်နေ့ရဲ့ နောက်တစ်ရက်မှာပဲ ယူနိုက်တက်တို့ လီဗာပူးလ်ကိုဂိုးပြတ်အရေးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေအာက္တိုဘာဟာ ယူႏိုက္တက္အသင္းအတြက္ ၾကမၼာဆိုးေတြယူလာေလ့ရွိတဲ့ ကံမေကာင္းတဲ့လ

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြအတြက္ေတာ့ ေအာက္တိုဘာဟာ အသင္းအတြက္ကံၾကမၼာဆိုးေတြယူေဆာင္ေပးေလ့ရွိတဲ့ ကံမေကာင္းတဲ့လအျဖစ္သတ္မွတ္ရမွာျဖစ္ပါတယ္။ အဲဒီလိုသတ္မွတ္ရတာကလည္း အေၾကာင္းရင္းခိုင္ခိုင္မာမာရွိပါတယ္။ အဲဒါကေတာ့ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးဂိုးျပတ္ရႈံးနိမ့္ခဲ့တာ(၅)ပြဲအထိရွိခဲ့ၿပီး အဲဒီ(၅)ပြဲစလုံးက ထူးထူးျခားျခားဆိုသလို ေအာက္တိုဘာအတြင္းမွာရႈံးနိမ့္ခဲ့တာပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ယူႏိုက္တက္အသင္းဟာ အိုးလ္ထရက္ဖို႔ဒ္မွာ သူတို႔ရဲ႕အခါးသီးဆုံးၿပိဳင္ဘက္လီဗာပူးလ္ကို (၅-၀)ဂိုးျပတ္နဲ႔အရွက္တကြဲအရႈံးေပးခဲ့ရၿပီး ဒါဟာ ယူႏိုက္တက္အသင္းအတြက္ လီဗာပူးလ္ကို အိမ္ကြင္းမွာအႀကီးမားဆုံးရလဒ္နဲ႔ရႈံးနိမ့္ခဲ့တာပါပဲ။ ပရီးမီးယားလိဂ္လို႔စတင္အမည္ေျပာင္းလဲခဲ့တဲ့ ၁၉၉၂-၉၃ ရာသီကေန အခုအခ်ိန္အထိ ယူႏိုက္တက္အသင္း ဂိုးအျပတ္ဆုံးရႈံးပြဲေတြနဲ႔ရင္ဆိုင္ခဲ့ရတဲ့ (၅)ပြဲမွာ (၃)ပြဲက အိမ္ကြင္းမွာျဖစ္ေနတာက အံ့အားသင့္ဖို႔ေကာင္းပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ဂိုးျပတ္ရႈံးပြဲက ၁၉၉၆၊ ေအာက္တိုဘာ(၂၀)မွာ နယူးကာဆယ္နဲ႔ကစားခဲ့တဲ့အေဝးကြင္းပြဲျဖစ္ၿပီး အလန္ရွီးယား၊ လက္စ္ဖာဒီနန္တို႔ရဲ႕သြင္းဂိုးေတြနဲ႔အတူ နယူးကာဆယ္အသင္းက (၅-၀)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ပါတယ္။

ဒုတိယေျမာက္ဂိုးအျပတ္ဆုံးရႈံးပြဲက ၁၉၉၉၊ ေအာက္တိုဘာလ(၃)ရက္တုန္းက ခ်ယ္လ္ဆီးနဲ႔ကစားခဲ့တဲ့ပြဲမွာျဖစ္ၿပီး ဂိုးသမားတိုင္ဘီရဲ႕စိတ္ပ်က္စရာအမွားကေန ဂိုးေပးလိုက္ရတဲ့အျပင္ နစ္ကီဘတ္ပါအနီကတ္နဲ႔အထုတ္ခံခဲ့ရတာေၾကာင့္ (၅-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

၂၀၁၁၊ ေအာက္တိုဘာ(၂၃)ရက္မွာ ယူႏိုက္တက္အသင္းဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးအသင္းကို (၆-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ၁၉၅၅ ခုႏွစ္တုန္းက မန္စီးတီးကို(၅-၀)ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ အႀကီးမားဆုံးအိမ္ကြင္းရႈံးပြဲ၊ ၁၉၃၀ ခုႏွစ္မွာ ဟတ္ဒါဖီးလ္ကို(၆-၀)ဂိုးျပတ္၊ နယူးကာဆယ္ကို (၇-၄)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အိမ္ကြင္းမွာ (၆)ဂိုးအထိေပးခဲ့ရတာပါ။

ၿပီးခဲ့တဲ့ရာသီအစပိုင္းက စပါးအသင္းကို အိမ္ကြင္းမွာ(၆-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာကလည္း ေအာက္တိုဘာလထဲမွာပဲျဖစ္ၿပီး ၂၀၂၀၊ ေအာက္တိုဘာ(၄)ရက္ေန႔မွာ အခုလိုရႈံးပြဲႀကဳံခဲ့ရတာျဖစ္သလို အဲဒီပြဲအၿပီးမွာ ဆိုးလ္ရွားက သူ႔ဘဝတစ္ေလွ်ာက္အဆိုး႐ြားဆုံးေန႔တစ္ေန႔လို႔ဝန္ခံေျပာဆိုခဲ့ဖူးပါတယ္။ ဒါေပမဲ့ ဆိုးလ္ရွားဟာ (၁)ႏွစ္ေက်ာ္အၾကာမွာပဲ အဆိုးတကာ့အဆိုးဆုံးေန႔နဲ႔ျပန္လည္ရင္ဆိုင္ခဲ့ရၿပီး ၿပီးခဲ့တဲ့ေအာက္တိုဘာ၊ (၂၄)ရက္မွာ လီဗာပူးလ္ကို (၅-၀)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့ပါတယ္။ အံ့အားသင့္စရာေကာင္းတာက မန္စီးတီးကို (၆-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့(၁၀)ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔ရဲ႕ ေနာက္တစ္ရက္မွာပဲ ယူႏိုက္တက္တို႔ လီဗာပူးလ္ကိုဂိုးျပတ္အေရးနိမ့္ခဲ့တာပဲျဖစ္ပါတယ္။