အောက်တိုဘာလရဲ့ ယူနိုက်တက်အကောင်းဆုံးကစားသမားဆုကို စီရော်နယ်လ်ဒိုဆွတ်ခူးခဲ့ပြီး (၂)လဆက်တိုက်ရရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနာမည်ကျော်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဟာ

အောက်တိုဘာလအတွက် အသင်းရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို

ဆွတ်ခူးရရှိခဲ့ပြီး (၂)လဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ယူနိုက်တက်အသင်းအတွက် အရေးပါတဲ့သွင်းဂိုးတွေသွင်းယူခဲ့သလို

နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး သူက မဲအရေအတွက်(၅၇%)အထိရရှိခဲ့တာကြောင့် အသင်းဖော်တွေဖြစ်တဲ့ ဒီဂီယာ(၃၀%)၊

ရပ်ရှ်ဖို့ဒ်(၁၃%)တို့ကိုကျော်ဖြတ်ပြီးတော့ တစ်လတာအကောင်းဆုံးဆုရရှိခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလအတွင်း ယူနိုက်တက်အသင်းရဲ့ရလဒ်အများစုက စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့်

နိုင်ပွဲရခဲ့တဲ့ပွဲတွေမှာ စီရော်နယ်လ်ဒိုရဲ့သွင်းဂိုးတွေက အဓိကကျခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ အတ္တလန်တာအသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ အရေးပါတဲ့အနိုင်ဂိုးသွင်းယူခဲ့သလို

စပါးအသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာလည်း တစ်ဂိုးသွင်းယူခဲ့တဲ့အပြင်

ကာဗာနီ ဂိုးသွင်းနိုင်အောင်လည်းဂိုးဖန်တီးမှုပြုလုပ်ခဲ့ပါသေးတယ်။

အခုဆိုရင် စီရော်နယ်လ်ဒိုဟာ စက်တင်ဘာ၊ အောက်တိုဘာ (၂)လဆက်တိုက်

ယူနိုက်တက်အသင်းတစ်လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့တာကြောင့်

အသင်းဖော်တွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်၊ လုခ်ရှော၊ ကာဗာနီတို့နဲ့အတူ

တစ်လတာအကောင်းဆုံးဆုကို (၂)လဆက်ရယူခဲ့သူအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။

ဒါ့အပြင် ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို စီရော်နယ်လ်ဒို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ အသင်းဟောင်းယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာချိန်ကစလို့

တောက်လျှောက်ဂိုးတွေသွင်းယူနေပြီး ပြိုင်ပွဲစုံ(၁၀)ပွဲကစားပြီးချိန်မှာ (၇)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

အဲဒါကြောင့် ဒီရာသီ ယူနိုက်တက်အသင်းအတွက်သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ စီရော်နယ်လ်ဒိုက ထိပ်ဆုံးဦးဆောင်နေပြီး

သူ့နောက်မှာ (၄)ဂိုးစီသွင်းယူထားတဲ့ ဂရင်းဝုဒ်၊ ဘရူနိုဖာနန်ဒက်စ်နဲ့ (၄)ပွဲကစား၊ (၃)ဂိုးသွင်းယူထားတဲ့ ရပ်ရှ်ဖို့ဒ်တို့ရှိနေတာဖြစ်ပါတယ်။

စီရော်နယ်လ်ဒို ဂိုးသွင်းနိုင်ရင် ယူနိုက်တက်အသင်းရလဒ်ကောင်းလေ့ရှိပေမယ့်

ဗီလာ၊ အဲဗာတန်၊ လီဗာပူးလ်တို့နဲ့ပွဲမှာ စီရော်နယ်လ်ဒို ဂိုးမသွင်းနိုင်ခဲ့သလို

ယူနိုက်တက်အသင်းဟာလည်း အဲဒီ(၃)ပွဲမှာ (၁)မှတ်သာရယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေအာက္တိုဘာလရဲ႕ ယူႏိုက္တက္အေကာင္းဆုံးကစားသမားဆုကို စီေရာ္နယ္လ္ဒိုဆြတ္ခူးခဲ့ၿပီး (၂)လဆက္တိုက္ရရွိ

မန္ခ်က္စတာယူႏိုက္တက္အသင္းနာမည္ေက်ာ္တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ေအာက္တိုဘာလအတြက္

အသင္းရဲ႕တစ္လတာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးရရွိခဲ့ၿပီး (၂)လဆက္တိုက္ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလအတြင္း ယူႏိုက္တက္အသင္းအတြက္ အေရးပါတဲ့သြင္းဂိုးေတြသြင္းယူခဲ့သလို

ႏိုင္ပြဲရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ၿပီး သူက မဲအေရအတြက္(၅၇%)အထိရရွိခဲ့တာေၾကာင့္ အသင္းေဖာ္ေတြျဖစ္တဲ့ ဒီဂီယာ(၃၀%)၊

ရပ္ရွ္ဖို႔ဒ္(၁၃%)တို႔ကိုေက်ာ္ျဖတ္ၿပီးေတာ့ တစ္လတာအေကာင္းဆုံးဆုရရွိခဲ့တာျဖစ္ပါတယ္။

ေအာက္တိုဘာလအတြင္း ယူႏိုက္တက္အသင္းရဲ႕ရလဒ္အမ်ားစုက စိတ္ပ်က္စရာျဖစ္ခဲ့ေပမယ့္ ႏိုင္ပြဲရခဲ့တဲ့ပြဲေတြမွာ စီေရာ္နယ္လ္ဒိုရဲ႕သြင္းဂိုးေတြက အဓိကက်ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ အတၱလန္တာအသင္းကို (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ အေရးပါတဲ့အႏိုင္ဂိုးသြင္းယူခဲ့သလို

စပါးအသင္းကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာလည္း တစ္ဂိုးသြင္းယူခဲ့တဲ့အျပင္ ကာဗာနီ ဂိုးသြင္းႏိုင္ေအာင္လည္းဂိုးဖန္တီးမႈျပဳလုပ္ခဲ့ပါေသးတယ္။

အခုဆိုရင္ စီေရာ္နယ္လ္ဒိုဟာ စက္တင္ဘာ၊ ေအာက္တိုဘာ (၂)လဆက္တိုက္ ယူႏိုက္တက္အသင္းတစ္လတာအေကာင္းဆုံးကစားသမားဆုရရွိခဲ့တာေၾကာင့္

အသင္းေဖာ္ေတြျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္၊ လုခ္ေရွာ၊ ကာဗာနီတို႔နဲ႔အတူ တစ္လတာအေကာင္းဆုံးဆုကို (၂)လဆက္ရယူခဲ့သူအျဖစ္ရပ္တည္ႏိုင္ခဲ့ပါၿပီ။

ဒါ့အျပင္ ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းကလည္း ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို စီေရာ္နယ္လ္ဒို ဆြတ္ခူးႏိုင္ခဲ့ပါေသးတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ အသင္းေဟာင္းယူႏိုက္တက္ကို ျပန္လည္ေရာက္ရွိလာခ်ိန္ကစလို႔

ေတာက္ေလွ်ာက္ဂိုးေတြသြင္းယူေနၿပီး ၿပိဳင္ပြဲစုံ(၁၀)ပြဲကစားၿပီးခ်ိန္မွာ (၇)ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။

အဲဒါေၾကာင့္ ဒီရာသီ ယူႏိုက္တက္အသင္းအတြက္သြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာ စီေရာ္နယ္လ္ဒိုက ထိပ္ဆုံးဦးေဆာင္ေနၿပီး

သူ႔ေနာက္မွာ (၄)ဂိုးစီသြင္းယူထားတဲ့ ဂရင္းဝုဒ္၊ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ (၄)ပြဲကစား၊ (၃)ဂိုးသြင္းယူထားတဲ့ ရပ္ရွ္ဖို႔ဒ္တို႔ရွိေနတာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒို ဂိုးသြင္းႏိုင္ရင္ ယူႏိုက္တက္အသင္းရလဒ္ေကာင္းေလ့ရွိေပမယ့္ ဗီလာ၊ အဲဗာတန္၊ လီဗာပူးလ္တို႔နဲ႔ပြဲမွာ

စီေရာ္နယ္လ္ဒို ဂိုးမသြင္းႏိုင္ခဲ့သလို ယူႏိုက္တက္အသင္းဟာလည္း အဲဒီ(၃)ပြဲမွာ (၁)မွတ္သာရယူႏိုင္ခဲ့ပါတယ္။