

ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကူတာက တိုက်စစ်မှူ း အေဘရာဟမ်ဟာ ဒီရာသီမှာပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးဆုဖြစ်တဲ့ ရွှေဖိနပ်ဆုကို ရယူနိုင်မယ့်သူလို့ ပြောလိုက်ပါတယ်။ အေဘရာဟမ်ဟာ တင်ပါးဒဏ်ရာကနေပြန်လည်ကောင်းမွန်လာပြီးနောက် အက်စ်တွန်ဗီလာနဲ့ပွဲမှာ ပြန်လည်ပါဝင်ခဲ့သူဖြစ်ပါတယ်။
ချဲလ်ဆီးက ၂-၁ နဲ့နိုင်တဲ့ ဒီပွဲမှာဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ဒီရာသီသူ့ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကလည်း ၁၁ ဂိုးအထိရှိလာပြီဖြစ်ပါတယ်။ လက်ရှိမှာ ဂိုးသွင်းအများဆုံးဖြစ်နေသူက လက်စတာတိုက်စစ်မှူ း ဗာဒီဖြစ်ပြီး ၁၄ ဂိုးရရှိကာ အေဘရာဟမ်က ဒုတိယနေရာမှာရပ်တည်နေတာပါ။

ဒါပေမယ့်လည်း အေဘရာဟမ်ဟာ အရမ်းကိုတိုးတက်နေတဲ့အတွက် ရာသီကုန်ရင် ဗာဒီကိုကျော်ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရရှိမယ့်သူလို့ အက်ဇ်ပီလူကာတာကဆိုခဲ့ပါတယ်။ သူက”အေဘရာဟမ်စွမ်းဆောင်ပြခဲ့တာက အရမ်းကိုအံအားသင့်စရာကောင်းပါတယ်။

သူဟာအမြင့်ကို ပိုပြီးရောက်လာဦးမှာပါ။ အခုမှဒီဇင်ဘာဘဲရှိသေးလို့ ပွဲတွေအများကြီး ဆက်ကစားရဦးမှာပါ။ သူ့ရဲ့စိတ်ဓါတ်ပြင်းထန်မှု၊ ဂိုးသွင်းဆာလောင်မှုတွေနဲ့ ဆိုရင်ဂိုးသွင်းအများဆုံးသူ ဖြစ်လာမယ့် အလားအလာကောင်းတွေလည်းရှိနေပါတယ်။

ဗာဒီဟာ အံအားသင့်စရာကောင်းတဲ့ ရာသီနဲ့ကြုံတွေ့နေရပြီး ဂိုးတွေလည်းအများကြီးသွင်းထားနိုင်ပါတယ်။ အေဘရာဟမ်ဟာ ဒုတိယနေရာမှာရှိနေပြီး ဒီနေရာကိုထိုက်တန်စွာနဲ့ ရောက်လာတာပါ။ သူ့ခြေစွမ်းနဲ့ဆိုရင် ဂိုးတွေပိုပြီးသွင်းယူနိုင်ဦးမှာသေချာပါတယ်”လို့ ပြောသွားပါတယ်။

Zawgyi
ေအဘရာဟမ္က ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို ရယူႏိုင္မယ္႔သူလို႔ အက္ဇ္ပီလီကူတာေျပာ
ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အက္ဇ္ပီလီကူတာက တိုက္စစ္မွဴ း ေအဘရာဟမ္ဟာ ဒီရာသီမွာပရီးမီးယားလိဂ္ဂိုးသြင္းအမ်ားဆုံးဆုျဖစ္တဲ႔ ေရႊဖိနပ္ဆုကို ရယူႏိုင္မယ္႔သူလို႔ ေျပာလိုက္ပါတယ္။ ေအဘရာဟမ္ဟာ တင္ပါးဒဏ္ရာကေနျပန္လည္ေကာင္းမြန္လာၿပီးေနာက္ အက္စ္တြန္ဗီလာနဲ႔ပြဲမွာ ျပန္လည္ပါ၀င္ခဲ့သူျဖစ္ပါတယ္။
ခ်ဲလ္ဆီးက ၂-၁ နဲ႔ႏိုင္တဲ႔ ဒီပြဲမွာဂိုးသြင္းႏိုင္ခဲ့တဲ႔အတြက္ ဒီရာသီသူ႔ပရီးမီးယားလိဂ္သြင္းဂိုးအေရအတြက္ကလည္း ၁၁ ဂိုးအထိရွိလာၿပီျဖစ္ပါတယ္။ လက္ရွိမွာ ဂိုးသြင္းအမ်ားဆုံးျဖစ္ေနသူက လက္စတာတိုက္စစ္မွဴ း ဗာဒီျဖစ္ၿပီး ၁၄ ဂိုးရရွိကာ ေအဘရာဟမ္က ဒုတိယေနရာမွာရပ္တည္ေနတာပါ။
ဒါေပမယ္႔လည္း ေအဘရာဟမ္ဟာ အရမး္ကိုတိုးတက္ေနတဲ႔အတြက္ ရာသီကုန္ရင္ ဗာဒီကိုေက်ာ္ၿပီး ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို ရရွိမယ္႔သူလို႔ အက္ဇ္ပီလူကာတာကဆိုခဲ့ပါတယ္။ သူက”ေအဘရာဟမ္စြမ္းေဆာင္ျပခဲ့တာက အရမး္ကိုအံအားသင့္စရာေကာင္းပါတယ္။
သူဟာအျမင့္ကို ပိုၿပီးေရာက္လာဦးမွာပါ။ အခုမွဒီဇင္ဘာဘဲရွိေသးလို႔ ပြဲေတြအမ်ားႀကီး ဆက္ကစားရဦးမွာပါ။ သူ႔ရဲ႕စိတ္ဓါတ္ျပင္းထန္မႈ၊ ဂိုးသြင္းဆာေလာင္မႈေတြနဲ႔ ဆိုရင္ဂိုးသြင္းအမ်ားဆုံးသူ ျဖစ္လာမယ္႔ အလားအလာေကာင္းေတြလည္းရွိေနပါတယ္။
ဗာဒီဟာ အံအားသင့္စရာေကာင္းတဲ႔ ရာသီနဲ႔ႀကံဳေတြ႔ေနရၿပီး ဂိုးေတြလည္းအမ်ားႀကီးသြင္းထားႏိုင္ပါတယ္။ ေအဘရာဟမ္ဟာ ဒုတိယေနရာမွာရွိေနၿပီး ဒီေနရာကိုထိုက္တန္စြာနဲ႔ ေရာက္လာတာပါ။ သူ႔ေျခစြမ္းနဲ႔ဆိုရင္ ဂိုးေတြပိုၿပီးသြင္းယူႏိုင္ဦးမွာေသခ်ာပါတယ္”လို႔ ေျပာသြားပါတယ္။