အေဘရာဟမ်ကိုခေါ်ဖို့ ဘာစီလိုနာကို ဆွာရက်ဇ်အကြံပေး

PC ; Internet

အင်္ဂလန်လူငယ်တိုက်စစ်မှူးအေဘရာဟမ်ရဲ့ ဒီရာသီခြေစွမ်းဟာ သူ့ကိုအပြည့်အဝဖမ်းစားနိုင်ခဲ့တယ်လို့ ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်က ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။ဒါ့အပြင် ကက်တာလန်အခြေစိုက်အသင်းရဲ့ အနာဂတ်အတွက် အထောင်တိုက်စစ်မှူးနေရာနဲ့သင့်တော်သူဖြစ်ပြီး နူးကမ့်ကိုခေါ်ယူဖို့လည်း အကြံပေးသွားခဲ့ပါတယ်။ဆွာရက်ဇ်ဟာ လာမယ့်ဇန်နဝါရီမှာ အသက် ၃၃နှစ်ပြည့်တော့မှာပါ။

PC ; Internet

ဒါကြောင့် ဘာစီလိုနာအနေနဲ့ သူတို့ရဲ့ နံပါတ် ၉ နေရာမှာအစားထိုးရေးအတွက် အစီအစဉ်လုပ်ရဖို့နီးကပ်လာခဲ့ပါပြီ။“လက်ရှိဘောလုံးလောကမှာ ကစားသမားကောင်းတွေအများကြီးရှိပါတယ်။ ကျွန်တော်စောင့်ကြည့်ဖြစ်တဲ့တိုက်စစ်မှူးတွေလည်း အများကြီးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဘောလုံးပွဲကြည့်ရတာကို ဝါသနာပါသူဖြစ်လို့ပါ။ လူငယ်တွေရော၊ လူရွယ်တွေရော အားလုံးကိုကြည့်ဖြစ်ပါတယ်။ ဒီထဲကတစ်ယောက်ကတော့ အေဘရာဟမ်ပါ။

PC ; Getty

သူကချဲလ်ဆီးရဲ့ နံပါတ် ၉ ဖြစ်ပြီး ကျွန်တော့်အတွက်တော့ အရမ်းကြည့်ကောင်းတဲ့တိုက်စစ်မှူးဖြစ်နေပါတယ်။ အလွန်ငယ်သေးပေမယ့် သူ့ရဲ့လှုပ်ရှားပုံနဲ့ အဆုံးသတ်တွေက အရမ်းကောင်းပါတယ်။ နောက်ထပ်တစ်ယောက်ကတော့ မက်ဆီဂိုမက်ဇ်ပါ။ သူက ဥရုဂွေးကစားသမားဖြစ်နေလို့မဟုတ်ပါဘူး။ အထောင်တိုက်စစ်မှူးနေရာမှာ အကောင်းဆုံးကစားနိုင်တဲ့ အရည်အသွေးရှိပါတယ်။ လော်တာရိုမာတီနက်ဇ်ကလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့အဆင့်တစ်ခုအထိ ခြေစွမ်းပြနေပါတယ်”လို့ ဆွာရက်ဇ်က ပြောဆိုသွားပါတယ်။

PC ; Internet

ဒါပေမဲ့ ဒီကစားသမားတွေဟာ ဘာစီလိုနာရဲ့ နံပါတ် ၉နေရာနဲ့ထိုက်တန်သူတွေလို့ ထောက်ခံလိုက်ပေမယ့် သူ့အနေနဲ့ကစားသမားဘဝက အမြန်ဆုံးအနားယူဖို့တော့ အစီအစဉ်မရှိသေးဘူးလို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်ဟာ ဘာစီလိုနာအတွက် အသင်းသမိုင်းတစ်လျှောက် ထာဝရသွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ စတုတ္ထနေရာရပ်တည်နေသူပါ။

(zawgyi)

အဂၤလန္လူငယ္တိုက္စစ္မွဴးေအဘရာဟမ္ရဲ႕ ဒီရာသီေျခစြမ္းဟာ သူ႔ကိုအျပည့္အ၀ဖမ္းစားႏိုင္ခဲ့တယ္လို႔ ဘာစီလိုနာတိုက္စစ္မွဴးဆြာရက္ဇ္က ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။ဒါ့အျပင္ ကက္တာလန္အေျခစိုက္အသင္းရဲ႕ အနာဂတ္အတြက္ အေထာင္တိုက္စစ္မွဴးေနရာနဲ႔သင့္ေတာ္သူျဖစ္ၿပီး ႏူးကမ့္ကိုေခၚယူဖို႔လည္း အႀကံေပးသြားခဲ့ပါတယ္။ဆြာရက္ဇ္ဟာ လာမယ့္ဇန္န၀ါရီမွာ အသက္ ၃၃ႏွစ္ျပည့္ေတာ့မွာပါ။ဒါေၾကာင့္ ဘာစီလိုနာအေနနဲ႔ သူတို႔ရဲ႕ နံပါတ္ ၉ ေနရာမွာအစားထိုးေရးအတြက္ အစီအစဥ္လုပ္ရဖို႔နီးကပ္လာခဲ့ပါၿပီ။“လက္ရွိေဘာလံုးေလာကမွာ ကစားသမားေကာင္းေတြအမ်ားၾကီးရွိပါတယ္။ ကၽြန္ေတာ္ေစာင့္ၾကည့္ျဖစ္တဲ့တိုက္စစ္မွဴးေတြလည္း အမ်ားၾကီးပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္က ေဘာလံုးပြဲၾကည့္ရတာကို ၀ါသနာပါသူျဖစ္လို႔ပါ။ လူငယ္ေတြေရာ၊ လူရြယ္ေတြေရာ အားလံုးကိုၾကည့္ျဖစ္ပါတယ္။ ဒီထဲကတစ္ေယာက္ကေတာ့ ေအဘရာဟမ္ပါ။ သူကခ်ဲလ္ဆီးရဲ႕ နံပါတ္ ၉ ျဖစ္ျပီး ကၽြန္ေတာ့္အတြက္ေတာ့ အရမ္းၾကည့္ေကာင္းတဲ့တိုက္စစ္မွဴးျဖစ္ေနပါတယ္။ အလြန္ငယ္ေသးေပမယ့္ သူ႔ရဲ႕လႈပ္ရွားပံုနဲ႔ အဆံုးသတ္ေတြက အရမ္းေကာင္းပါတယ္။ ေနာက္ထပ္တစ္ေယာက္ကေတာ့ မက္ဆီဂိုမက္ဇ္ပါ။ သူက ဥရုေဂြးကစားသမားျဖစ္ေနလို႔မဟုတ္ပါဘူး။ အေထာင္တိုက္စစ္မွဴးေနရာမွာ အေကာင္းဆံုးကစားႏိုင္တဲ့ အရည္အေသြးရွိပါတယ္။ ေလာ္တာရိုမာတီနက္ဇ္ကလည္း စိတ္လႈပ္ရွားစရာေကာင္းတဲ့အဆင့္တစ္ခုအထိ ေျခစြမ္းျပေနပါတယ္”လို႔ ဆြာရက္ဇ္က ေျပာဆိုသြားပါတယ္။ဒါေပမဲ့ ဒီကစားသမားေတြဟာ ဘာစီလိုနာရဲ႕ နံပါတ္ ၉ေနရာနဲ႔ထိုက္တန္သူေတြလို႔ ေထာက္ခံလိုက္ေပမယ့္ သူ႔အေနနဲ႔ကစားသမားဘ၀က အျမန္ဆံုးအနားယူဖို႔ေတာ့ အစီအစဥ္မရွိေသးဘူးလို႔ ဆက္လက္ေျပာဆိုခဲ့ပါတယ္။ဥရုေဂြးတိုက္စစ္မွဴးဆြာရက္ဇ္ဟာ ဘာစီလိုနာအတြက္ အသင္းသမိုင္းတစ္ေလွ်ာက္ ထာ၀ရသြင္းဂိုးအမ်ားဆံုးကစားသမားစာရင္းမွာ စတုတၳေနရာရပ္တည္ေနသူပါ။