
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းကနေ အေစီမီလန်အသင်းဆီ ယူရို(၂)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ပြင်သစ်ဝါရင့်တိုက်စစ်မှူးဂျရူးဟာ အသင်းသစ်အတွက် ပွဲဦးထွက်မှာပဲ ဂိုးသွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ဂျရူးဟာ (၄)နှစ်ကြာကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့လမ်းခွဲပြီးတော့ အေစီမီလန်အသင်းဆီ (၂)နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့က နိုက်စ်အသင်းနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ အသင်းသစ်အတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်ရခဲ့သလို (၄)မိနစ်အတွင်းမှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
နိုက်စ်နဲ့အေစီမီလန်တို့ကစားခဲ့တဲ့ပွဲမှာ ပထမပိုင်းအပြီးဂိုးမရှိသရေကျခဲ့ပြီး နိုက်စ်အသင်းအတွက် ပယ်နယ်တီကနေ Amine Gouiri က ပယ်နယ်တီကနေ အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့်
ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ ဂျရူးက (၆၆)မိနစ်မှာ ကတ်စတီလေဟိုရဲ့ ဖရီးကစ်ကန်ချက် တိုင်ထိထွက်လာကို ပြိုင်ဘက်ကစားသမား လူကပ်ထားတဲ့ကြားကနေ ခေါင်းတိုက်ပြီးတော့ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ဂျရူးဟာ အေစီမီလန်အတွက် ပွဲဦးထွက်မှာပဲ ပရိသတ်တွေစိတ်ကျေနပ်လောက်တဲ့ခြေစွမ်းမျိုးပြသနိုင်ခဲ့ပြီး လာမယ့်သြဂုတ်လ(၂၃)ရက်ကျရင် စီးရီးအေရာသီအဖွင့်ပွဲအဖြစ် ဆမ်ဒိုးရီးယားနဲ့ကစားမယ့်အဝေးကွင်းပွဲမှာလည်း ခြေစွမ်းကောင်းဆက်ပြနိုင်ဖို့လိုနေပါပြီ။
၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိခဲ့တဲ့ ဂျရူးဟာ ပြိုင်ဘက်အသင်းရဲ့ Final Third Zone အတွင်း ထက်မြက်မှုရှိနေဆဲဖြစ်သလို အေစီမီလန်အသင်းတိုက်စစ်တစ်နေရာအတွက် ဆွီဒင်ဝါရင့်တိုက်စစ်မှူးအီဘရာဟီမိုဗစ်ကို စိန်ခေါ်နိုင်ဖို့ မျှော်လင့်ရမှာပါ။
မောင့်ပယ်လီယာ၊ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့မှာကစားခဲ့ပြီး ကလပ်အသင်းကစားသမားဘဝ (၂၂၁)ဂိုးသွင်းယူထားတဲ့အပြင် FA ဖလား၊ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်စတဲ့ဆုဖလားတွေယူခဲ့တဲ့ဂျရူးဟာ နိုင်ငံအသင်းအတွက်လည်း ပွဲပေါင်း(၁၁၀)ကစား၊ (၄၆)ဂိုးသွင်းယူခဲ့ပါတယ်။
ချယ်လ်ဆီးကစားသမားဘဝ နောက်ဆုံးရာသီဖြစ်တဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ပုံမှန်ပွဲထွက်ခွင့်မရခဲ့တာတောင် ဂျရူးရဲ့သွင်းဂိုးက (၃၁)ပွဲမှာ (၁၁)ဂိုးရှိခဲ့ပြီး ရာသီကုန်မှာ ပရီးမီးယားလိဂ်အဆင့်(၄)၊ အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်ချန်ပီယံလိဂ်ဖလားတွေရယူနိုင်အောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ အေစီမီလန်အသင်းအနေနဲ့ ရာသီသစ်ကျရင် စီးရီးအေချန်ပီယံဆုအတွက်
အင်တာမီလန်အသင်းနဲ့အပြိုင် စိန်ခေါ်နိုင်ဖို့၊ ဥရောပမှာ အရင်လိုအဆင့်အတန်းမျိုးပြန်ရောက်ဖို့ ပစ်မှတ်ထားနေတာကြောင့် ဂျရူးဟာ အသင်းရဲ့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာဖို့ ကူညီပေးရမှာပဲဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေအစီမီလန္အသင္းအတြက္ ပထမဆုံးဂိုးသြင္းယူဖို႔ (၄)မိနစ္သာအခ်ိန္ယူခဲ့ရတဲ့ဂ်႐ူး
အခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း ခ်ယ္လ္ဆီးအသင္းကေန ေအစီမီလန္အသင္းဆီ ယူ႐ို(၂)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ ျပင္သစ္ဝါရင့္တိုက္စစ္မႉးဂ်႐ူးဟာ အသင္းသစ္အတြက္ ပြဲဦးထြက္မွာပဲ ဂိုးသြင္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ဂ်႐ူးဟာ (၄)ႏွစ္ၾကာကစားခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းနဲ႔လမ္းခြဲၿပီးေတာ့ ေအစီမီလန္အသင္းဆီ (၂)ႏွစ္စာခ်ဳပ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၿပီးခဲ့တဲ့စေနေန႔က ႏိုက္စ္အသင္းနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာ အသင္းသစ္အတြက္ ပြဲဦးထြက္ပါဝင္ကစားခြင့္ရခဲ့သလို (၄)မိနစ္အတြင္းမွာပဲ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။
ႏိုက္စ္နဲ႔ေအစီမီလန္တို႔ကစားခဲ့တဲ့ပြဲမွာ ပထမပိုင္းအၿပီးဂိုးမရွိသေရက်ခဲ့ၿပီး ႏိုက္စ္အသင္းအတြက္ ပယ္နယ္တီကေန Amine Gouiri က ပယ္နယ္တီကေန အဖြင့္ဂိုးသြင္းယူခဲ့ေပမယ့္ ဒုတိယပိုင္းမွာလူစားဝင္လာတဲ့ ဂ်႐ူးက (၆၆)မိနစ္မွာ ကတ္စတီေလဟိုရဲ႕ ဖရီးကစ္ကန္ခ်က္ တိုင္ထိထြက္လာကို ၿပိဳင္ဘက္ကစားသမား လူကပ္ထားတဲ့ၾကားကေန ေခါင္းတိုက္ၿပီးေတာ့ေခ်ပဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ ဂ်႐ူးဟာ ေအစီမီလန္အတြက္ ပြဲဦးထြက္မွာပဲ ပရိသတ္ေတြစိတ္ေက်နပ္ေလာက္တဲ့ေျခစြမ္းမ်ိဳးျပသႏိုင္ခဲ့ၿပီး လာမယ့္ၾသဂုတ္လ(၂၃)ရက္က်ရင္ စီးရီးေအရာသီအဖြင့္ပြဲအျဖစ္ ဆမ္ဒိုးရီးယားနဲ႔ကစားမယ့္အေဝးကြင္းပြဲမွာလည္း ေျခစြမ္းေကာင္းဆက္ျပႏိုင္ဖို႔လိုေနပါၿပီ။
၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံဆုရရွိခဲ့တဲ့ ဂ်႐ူးဟာ ၿပိဳင္ဘက္အသင္းရဲ႕ Final Third Zone အတြင္း ထက္ျမက္မႈရွိေနဆဲျဖစ္သလို ေအစီမီလန္အသင္းတိုက္စစ္တစ္ေနရာအတြက္ ဆြီဒင္ဝါရင့္တိုက္စစ္မႉးအီဘရာဟီမိုဗစ္ကို စိန္ေခၚႏိုင္ဖို႔ ေမွ်ာ္လင့္ရမွာပါ။ ေမာင့္ပယ္လီယာ၊ အာဆင္နယ္၊ ခ်ယ္လ္ဆီးအသင္းတို႔မွာကစားခဲ့ၿပီး ကလပ္အသင္းကစားသမားဘဝ (၂၂၁)ဂိုးသြင္းယူထားတဲ့အျပင္ FA ဖလား၊ ယူ႐ိုပါလိဂ္၊ ခ်န္ပီယံလိဂ္စတဲ့ဆုဖလားေတြယူခဲ့တဲ့ဂ်႐ူးဟာ ႏိုင္ငံအသင္းအတြက္လည္း ပြဲေပါင္း(၁၁၀)ကစား၊ (၄၆)ဂိုးသြင္းယူခဲ့ပါတယ္။
ခ်ယ္လ္ဆီးကစားသမားဘဝ ေနာက္ဆုံးရာသီျဖစ္တဲ့ ၿပီးခဲ့တဲ့ရာသီတုန္းက ပုံမွန္ပြဲထြက္ခြင့္မရခဲ့တာေတာင္ ဂ်႐ူးရဲ႕သြင္းဂိုးက (၃၁)ပြဲမွာ (၁၁)ဂိုးရွိခဲ့ၿပီး ရာသီကုန္မွာ ပရီးမီးယားလိဂ္အဆင့္(၄)၊ အသင္းသမိုင္းတစ္ေလွ်ာက္ ဒုတိယအႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားေတြရယူႏိုင္ေအာင္လည္း ကူညီေပးႏိုင္ခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရထားတဲ့ ေအစီမီလန္အသင္းအေနနဲ႔ ရာသီသစ္က်ရင္ စီးရီးေအခ်န္ပီယံဆုအတြက္ အင္တာမီလန္အသင္းနဲ႔အၿပိဳင္ စိန္ေခၚႏိုင္ဖို႔၊ ဥေရာပမွာ အရင္လိုအဆင့္အတန္းမ်ိဳးျပန္ေရာက္ဖို႔ ပစ္မွတ္ထားေနတာေၾကာင့္ ဂ်႐ူးဟာ အသင္းရဲ႕ရည္မွန္းခ်က္ေတြ အေကာင္အထည္ေပၚလာဖို႔ ကူညီေပးရမွာပဲျဖစ္ပါတယ္။