အေစီမီလန်နဲ့ ယူရိုပါလိဂ်ပွဲမှာ ပေါ့ဘာအပါအဝင် ကစားသမား(၅)ဦး ပြန်ကစားနိုင်ဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့်တစ်ပတ် အေစီမီလန်နဲ့ကစားမယ့် ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ပေါ့ဘာအပါအဝင် အဓိကကစားသမား(၅)ဦး ပြန်ကစားနိုင်ဖို့ရှိနေတာကြောင့် ရလဒ်ကောင်းဖို့လိုနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် သတင်းကောင်းလို့ ပြောရမှာဖြစ်ပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၆)ရက်တုန်းက အဲဗာတန်နဲ့ (၃)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပေါင်ဒဏ်ရာရရှိခဲ့တာကြောင့် ရက်အတော်ကြာအနားယူခဲ့ရသလို ယူနိုက်တက်အသင်းရဲ့ ပွဲတော်တော်များများကိုလည်း လွဲချော်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အေစီမီလန်နဲ့ ဒုတိယအကျော့အဖြစ် လာမယ့်ကြာသပတေးနေ့ကျရင် အဝေးကွင်းပွဲစဉ်သွားရောက်ကစားရမှာဖြစ်ပြီး အိမ်ကွင်းမှာ (၁)ဂိုးစီသရေကျခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ မဖြစ်မနေ ရလဒ်ကောင်းရယူဖို့ လိုနေပါပြီ။

တကယ်လို့ ပေ့ါဘာသာ အဲဒီပွဲမတိုင်ခင်အချိန်မီ ပြန်ပါလာနိုင်မယ်ဆိုရင်တော့ ယူနိုက်တက်အသင်းရဲ့ ကွာတားဖိုင်နယ်တက်ရေးမျှော်လင့်ချက်က ပိုအားကောင်းလာမှာဖြစ်ပြီး တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာစီယဲလ်နဲ့ ကာဗာနီတို့လည်း အေစီမီလန်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ရှိနေပါတယ်။

ဒါ့အပြင် အဓိက ဂိုးသမားဒီဂီယာ၊ ကြွက်သားဒဏ်ရာကြောင့် အသင်းရဲ့နောက်ဆုံးပွဲစဉ်(၇)ပွဲကို လွဲချော်ခဲ့သူ ဗန်ဒီဘိခ်တို့လည်း အေစီမီလန်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ရှိတယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။ ဆိုးလ်ရှားက “အေစီမီလန်နဲ့ကစားမယ့်ပွဲမှာ ကျွန်တော်တို့အသင်းက အဓိက ကစားသမား (၄)ယောက်၊ (၅)ယောက်လောက် ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကာဗာနီနဲ့ မာစီယဲလ်တို့ဟာ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်သလို ဗန်ဒီဘိခ်လည်း ဒဏ်ရာပြန်ကောင်းလာပါပြီ။ ပေါ့ဘာကလည်း မီလန်ခရီးစဉ်မှာ ပါဝင်လာနိုင်မယ့်အနေအထားရှိနေပြီး Quarantine ဝင်နေရတဲ့ ဒီဂီယာဟာ အသင်းနဲ့အတူ ပူးပေါင်းတော့မှာဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရက်တွေမှာ ပွဲကျပ်တွေကစားရဖို့ရှိနေတာကြောင့် အဓိက ကစားသမားတွေ ပြန်လည်ကစားနိုင်ဖို့ရှိနေတဲ့အတွက် အားတက်စရာလို့ပြောရမှာပါ။

ယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့မှာ အေစီမီလန်နဲ့ ယူရိုပါလိဂ်ပွဲကစားအပြီး (၃)ရက်အကြာ မတ်လ(၂၁)ရက်၊ တနင်္ဂနွေနေ့ကျရင် လက်စတာအသင်းနဲ့ FA ဖလားကွာတားဖိုင်နယ်ပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေအစီမီလန္နဲ႔ ယူ႐ိုပါလိဂ္ပြဲမွာ ေပါ့ဘာအပါအဝင္ ကစားသမား(၅)ဦး ျပန္ကစားႏိုင္ဖို႔ရွိေန

လာမယ့္တစ္ပတ္ ေအစီမီလန္နဲ႔ကစားမယ့္ ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ဒုတိယအေက်ာ့ပြဲမွာ ေပါ့ဘာအပါအဝင္ အဓိကကစားသမား(၅)ဦး ျပန္ကစားႏိုင္ဖို႔ရွိေနတာေၾကာင့္ ရလဒ္ေကာင္းဖို႔လိုေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ သတင္းေကာင္းလို႔ ေျပာရမွာျဖစ္ပါတယ္။ ေပါ့ဘာဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ(၆)ရက္တုန္းက အဲဗာတန္နဲ႔ (၃)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ေပါင္ဒဏ္ရာရရွိခဲ့တာေၾကာင့္ ရက္အေတာ္ၾကာအနားယူခဲ့ရသလို ယူႏိုက္တက္အသင္းရဲ႕ ပြဲေတာ္ေတာ္မ်ားမ်ားကိုလည္း လြဲေခ်ာ္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ေအစီမီလန္နဲ႔ ဒုတိယအေက်ာ့အျဖစ္ လာမယ့္ၾကာသပေတးေန႔က်ရင္ အေဝးကြင္းပြဲစဥ္သြားေရာက္ကစားရမွာျဖစ္ၿပီး အိမ္ကြင္းမွာ (၁)ဂိုးစီသေရက်ခဲ့လို႔ ေနာက္တစ္ဆင့္တက္ဖို႔ မျဖစ္မေန ရလဒ္ေကာင္းရယူဖို႔ လိုေနပါၿပီ။

တကယ္လို႔ ေပ့ါဘာသာ အဲဒီပြဲမတိုင္ခင္အခ်ိန္မီ ျပန္ပါလာႏိုင္မယ္ဆိုရင္ေတာ့ ယူႏိုက္တက္အသင္းရဲ႕ ကြာတားဖိုင္နယ္တက္ေရးေမွ်ာ္လင့္ခ်က္က ပိုအားေကာင္းလာမွာျဖစ္ၿပီး တိုက္စစ္ကစားသမားေတြျဖစ္တဲ့ မာစီယဲလ္နဲ႔ ကာဗာနီတို႔လည္း ေအစီမီလန္နဲ႔ပြဲမွာ ပါဝင္ႏိုင္ဖို႔ရွိေနပါတယ္။ ဒါ့အျပင္ အဓိက ဂိုးသမားဒီဂီယာ၊ ႂကြက္သားဒဏ္ရာေၾကာင့္ အသင္းရဲ႕ေနာက္ဆုံးပြဲစဥ္(၇)ပြဲကို လြဲေခ်ာ္ခဲ့သူ ဗန္ဒီဘိခ္တို႔လည္း ေအစီမီလန္နဲ႔ပြဲမွာ ပါဝင္ကစားႏိုင္ဖို႔ရွိတယ္လို႔ ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။ ဆိုးလ္ရွားက “ေအစီမီလန္နဲ႔ကစားမယ့္ပြဲမွာ ကြၽန္ေတာ္တို႔အသင္းက အဓိက ကစားသမား (၄)ေယာက္၊ (၅)ေယာက္ေလာက္ ျပန္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကာဗာနီနဲ႔ မာစီယဲလ္တို႔ဟာ ႀကံ့ခိုင္မႈျပည့္ဝေနၿပီျဖစ္သလို ဗန္ဒီဘိခ္လည္း ဒဏ္ရာျပန္ေကာင္းလာပါၿပီ။ ေပါ့ဘာကလည္း မီလန္ခရီးစဥ္မွာ ပါဝင္လာႏိုင္မယ့္အေနအထားရွိေနၿပီး Quarantine ဝင္ေနရတဲ့ ဒီဂီယာဟာ အသင္းနဲ႔အတူ ပူးေပါင္းေတာ့မွာျဖစ္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ရက္ေတြမွာ ပြဲက်ပ္ေတြကစားရဖို႔ရွိေနတာေၾကာင့္ အဓိက ကစားသမားေတြ ျပန္လည္ကစားႏိုင္ဖို႔ရွိေနတဲ့အတြက္ အားတက္စရာလို႔ေျပာရမွာပါ။ ယူႏိုက္တက္အသင္းဟာ ၾကာသပေတးေန႔မွာ ေအစီမီလန္နဲ႔ ယူ႐ိုပါလိဂ္ပြဲကစားအၿပီး (၃)ရက္အၾကာ မတ္လ(၂၁)ရက္၊ တနဂၤေႏြေန႔က်ရင္ လက္စတာအသင္းနဲ႔ FA ဖလားကြာတားဖိုင္နယ္ပြဲအျဖစ္ ဆက္လက္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။