အေစီမီလန်နဲ့ပွဲအတွက် တိုက်ပွဲဝင်ဖို့အသင့်ရှိတယ်လို့ ဆိုးလ်ရှား ကြုံးဝါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ ရင်ဆိုင်ရမယ့် အေစီမီလန်နဲ့ပွဲအတွက် တိုက်ပွဲဝင်ဖို့အသင့်ပြင်ထားပြီလို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ရှုံးထွက်(၃၂)သင်းအဆင့်တုန်းက ဆိုစီဒက်အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၄-ဝ)ဂိုးနဲ့အနိုင်ယူကျော်ဖြတ်ခဲ့ပြီး အခုအဆင့်မှာတော့ စီးရီးအေထိပ်သီး အေစီမီလန်နဲ့ ပွဲကျပ်ကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ အေစီမီလန်အသင်းတို့ဟာ ၂၀၀၉-၁၀ ရာသီချန်ပီယံပြိုင်ပွဲမှာ ဆုံတွေ့ခဲ့ပြီးနောက်ပိုင်း (၁၀)နှစ်ကျော်အကြာမှ ဥရောပပြိုင်ပွဲမှာ ပြန်လည်ဆုံတွေ့နေတာဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ လက်ရှိယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတွေဖြစ်တာကြောင့် အခုပွဲအပေါ် ပရိသတ်တွေကလည်း စိတ်ဝင်စားမှုမြင့်တက်နေပါပြီ။

အေစီမီလန်နဲ့ ဆုံတွေ့နေတဲ့အပေါ် ဆိုးလ်ရှားက “ဒီပွဲဟာ ပွဲကြီးပွဲကောင်းဖြစ်လို့ ချန်ပီယံလိဂ်ပွဲလို့တောင် ခံစားမိပါတယ်။ အေစီမီလန်အသင်းဟာ ကမ္ဘာ့အဆင့်အသင်းတစ်သင်းဖြစ်ပြီး ဒီရာသီမှာလည်း ရလဒ်ကောင်းတွေရယူပြနေတာပါ။

ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းတချို့လည်း အဲဒီအသင်းမှာ ရှိနေတာဖြစ်ပါတယ်။ ကလပ်အသင်းရဲ့ သမိုင်းကြောင်းအစဉ်အလာက ကြီးမားလွန်းပြီး အဲဒီလိုအသင်းမျိုးနဲ့ ရင်ဆိုင်ဖို့ ကျွန်တော်တို့ စောင့်မျှော်နေတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အေစီမီလန်အသင်းမှာ ယူနိုက်တက်ကစားသမားဟောင်း အီဘရာဟီမိုဗစ်က တိုက်စစ်ကို အကောင်းဆုံးဦးဆောင်ပြနေသလို နောက်ခံလူ ဒါလော့တ်ကလည်း အငှားနဲ့ကစားနေတာဖြစ်ပြီး အသင်းဟောင်းနဲ့ရင်ဆိုင်ရမယ့်ပွဲကျရင် ပါဝင်ကစားဖို့ရှိနေပါပြီ။

အီဘရာဟီမိုဗစ်ဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈ ရာသီတွေမှာ ကစားခဲ့ဖူးပြီး (၅၃)ပွဲကစား (၂၉)ဂိုးသွင်းယူခဲ့သလို သူ့ရဲ့အတွေ့အကြုံ၊ ခြေစွမ်းတွေနဲ့ ယူနိုက်တက်အသင်းကို ၂၀၁၇ ယူရိုပါလိဂ်ဖလားရရှိအောင် ကူညီပေးခဲ့ပါတယ်။

ဆိုးလ်ရှားက “အီဘရာဟီမိုဗစ်ရဲ့ စွမ်းဆောင်မှုတွေကတော့ အံ့မခန်းပါပဲ။ ယူနိုက်တက်မှာ ကစားနေတုန်းက သူ့ရဲ့ ကစားသမားဘဝအဆုံးသတ်လုနီးပါးဖြစ်စေတဲ့ ဒဏ်ရာမျိုးရရှိခဲ့ပေမယ့် အီဘရာဟီမိုဗစ်က အကောင်းဆုံးပြန်လာနိုင်ခဲ့သလို အရင်လိုခြေစွမ်းမျိုးပါ ပြသနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အေစီမီလန်ကို လိဂ်ပြိုင်ပွဲမှာ ထိပ်တန်းအဆင့်ကို ပြန်ရောက်အောင်ကူညီနိုင်ဖို့ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။

နောက်မှာ အေစီမီလန်မှာ ကျွန်တော်တို့အသင်းရဲ့နောက်ခံလူ ဒါလော့တ်လည်းရှိနေတာကြောင့် သူတို့နဲ့ရင်ဆိုင်ရမယ့်ပွဲက တကယ့်ကိုအကြိတ်အနယ်ရှိမှာအသေအချာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၀)ကြိမ်အထိဆုံတွေ့ခဲ့ဖူးပြီး တစ်သင်းကို (၅)ကြိမ်စီအပြန်အလှန်အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ဆုံတွေ့ခဲ့တဲ့ (၅)ကြိမ်မှာ ၂၀၀၄-၀၅ ရာသီချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်တုန်းက (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကလွဲလို့ ကျန်တဲ့(၄)ကြိမ်မှာ အေစီမီလန်ကို အနိုင်ရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေအစီမီလန္နဲ႔ပြဲအတြက္ တိုက္ပြဲဝင္ဖို႔အသင့္ရွိတယ္လို႔ ဆိုးလ္ရွား ႀကဳံးဝါး

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာ ရင္ဆိုင္ရမယ့္ ေအစီမီလန္နဲ႔ပြဲအတြက္ တိုက္ပြဲဝင္ဖို႔အသင့္ျပင္ထားၿပီလို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ရႈံးထြက္(၃၂)သင္းအဆင့္တုန္းက ဆိုစီဒက္အသင္းကို ႏွစ္ေက်ာ့ေပါင္းရလဒ္ (၄-ဝ)ဂိုးနဲ႔အႏိုင္ယူေက်ာ္ျဖတ္ခဲ့ၿပီး အခုအဆင့္မွာေတာ့ စီးရီးေအထိပ္သီး ေအစီမီလန္နဲ႔ ပြဲက်ပ္ကစားရမွာျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ ေအစီမီလန္အသင္းတို႔ဟာ ၂၀၀၉-၁၀ ရာသီခ်န္ပီယံၿပိဳင္ပြဲမွာ ဆုံေတြ႕ခဲ့ၿပီးေနာက္ပိုင္း (၁၀)ႏွစ္ေက်ာ္အၾကာမွ ဥေရာပၿပိဳင္ပြဲမွာ ျပန္လည္ဆုံေတြ႕ေနတာျဖစ္ပါတယ္။ ဒီႏွစ္သင္းဟာ လက္ရွိယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အသင္းေတြျဖစ္တာေၾကာင့္ အခုပြဲအေပၚ ပရိသတ္ေတြကလည္း စိတ္ဝင္စားမႈျမင့္တက္ေနပါၿပီ။

ေအစီမီလန္နဲ႔ ဆုံေတြ႕ေနတဲ့အေပၚ ဆိုးလ္ရွားက “ဒီပြဲဟာ ပြဲႀကီးပြဲေကာင္းျဖစ္လို႔ ခ်န္ပီယံလိဂ္ပြဲလို႔ေတာင္ ခံစားမိပါတယ္။ ေအစီမီလန္အသင္းဟာ ကမာၻ႔အဆင့္အသင္းတစ္သင္းျဖစ္ၿပီး ဒီရာသီမွာလည္း ရလဒ္ေကာင္းေတြရယူျပေနတာပါ။ ကြၽန္ေတာ္တို႔ရဲ႕ မိတ္ေဆြေဟာင္းတခ်ိဳ႕လည္း အဲဒီအသင္းမွာ ရွိေနတာျဖစ္ပါတယ္။ ကလပ္အသင္းရဲ႕ သမိုင္းေၾကာင္းအစဥ္အလာက ႀကီးမားလြန္းၿပီး အဲဒီလိုအသင္းမ်ိဳးနဲ႔ ရင္ဆိုင္ဖို႔ ကြၽန္ေတာ္တို႔ ေစာင့္ေမွ်ာ္ေနတာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ေအစီမီလန္အသင္းမွာ ယူႏိုက္တက္ကစားသမားေဟာင္း အီဘရာဟီမိုဗစ္က တိုက္စစ္ကို အေကာင္းဆုံးဦးေဆာင္ျပေနသလို ေနာက္ခံလူ ဒါေလာ့တ္ကလည္း အငွားနဲ႔ကစားေနတာျဖစ္ၿပီး အသင္းေဟာင္းနဲ႔ရင္ဆိုင္ရမယ့္ပြဲက်ရင္ ပါဝင္ကစားဖို႔ရွိေနပါၿပီ။ အီဘရာဟီမိုဗစ္ဟာ ယူႏိုက္တက္အသင္းမွာ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈ ရာသီေတြမွာ ကစားခဲ့ဖူးၿပီး (၅၃)ပြဲကစား (၂၉)ဂိုးသြင္းယူခဲ့သလို သူ႔ရဲ႕အေတြ႕အႀကဳံ၊ ေျခစြမ္းေတြနဲ႔ ယူႏိုက္တက္အသင္းကို ၂၀၁၇ ယူ႐ိုပါလိဂ္ဖလားရရွိေအာင္ ကူညီေပးခဲ့ပါတယ္။

ဆိုးလ္ရွားက “အီဘရာဟီမိုဗစ္ရဲ႕ စြမ္းေဆာင္မႈေတြကေတာ့ အံ့မခန္းပါပဲ။ ယူႏိုက္တက္မွာ ကစားေနတုန္းက သူ႔ရဲ႕ ကစားသမားဘဝအဆုံးသတ္လုနီးပါးျဖစ္ေစတဲ့ ဒဏ္ရာမ်ိဳးရရွိခဲ့ေပမယ့္ အီဘရာဟီမိုဗစ္က အေကာင္းဆုံးျပန္လာႏိုင္ခဲ့သလို အရင္လိုေျခစြမ္းမ်ိဳးပါ ျပသႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ေအစီမီလန္ကို လိဂ္ၿပိဳင္ပြဲမွာ ထိပ္တန္းအဆင့္ကို ျပန္ေရာက္ေအာင္ကူညီႏိုင္ဖို႔ ေျပာင္းေ႐ႊ႕ခဲ့ျပန္ပါတယ္။ ေနာက္မွာ ေအစီမီလန္မွာ ကြၽန္ေတာ္တို႔အသင္းရဲ႕ေနာက္ခံလူ ဒါေလာ့တ္လည္းရွိေနတာေၾကာင့္ သူတို႔နဲ႔ရင္ဆိုင္ရမယ့္ပြဲက တကယ့္ကိုအႀကိတ္အနယ္ရွိမွာအေသအခ်ာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ေအစီမီလန္အသင္းနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ (၁၀)ႀကိမ္အထိဆုံေတြ႕ခဲ့ဖူးၿပီး တစ္သင္းကို (၅)ႀကိမ္စီအျပန္အလွန္အႏိုင္ရခဲ့ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ဆုံေတြ႕ခဲ့တဲ့ (၅)ႀကိမ္မွာ ၂၀၀၄-၀၅ ရာသီခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္တုန္းက (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာကလြဲလို႔ က်န္တဲ့(၄)ႀကိမ္မွာ ေအစီမီလန္ကို အႏိုင္ရခဲ့ပါတယ္။