
Photo Credit
Photo Credit
တိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ အယ်လ်အေဂလက်ဆီအသင်းနဲ့ စာချုပ်သက်တမ်းဟာ လာမယ့်ဒီဇင်ဘာမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အဲဒီဂန္ထဝင်တိုက်စစ်မှူးကို အေစီမီလန်အသင်းက ပြန်လည်ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေအရသိရပါတယ်။
Photo Credit
မာကာသတင်းစာရဲ့အဆိုအရ လာမယ့်ဇန်နဝါရီမှာ ဆွီဒင်တိုက်စစ်မှူးဟောင်းဟာ မီလန်အသင်းကို ဒုတိယအကြိမ် ကျိန်းသေပြန်လာလိမ့်မယ်လို့ ရေးသားထားပါတယ်။
Photo Credit
မန်ချက်စတာယူနိုက်တက်ကလည်း အသင်းရဲ့တိုက်စစ်အင်အားမြှင့်တင်နိုင်ရေးအတွက် မိုဗစ်ကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားအားထုတ်နေတယ်လို့ သတင်းတွေကဆိုပါတယ်။
ဒီလို ယူနိုက်တက်က အသည်းအသန် စိတ်ဝင်စားနေပေမယ့် အေစီမီလန်အသင်းကတော့ အီဘရာဟီမိုဗစ်ရဲ့ ပုံစံကောင်းတွေကို သဘောကျနေပြီး အားကစားဒါရိုက်တာဖြစ်တဲ့ ပေါ်လိုမာလ်ဒီနီကတော့ မိုဗစ်ဟာ “အိပ်မက်ဆန်တဲ့ အံ့သြဖွယ် ကစားသမားဖြစ်တယ်“လို့ ဆိုပြီး အသင်းမှာအတွေ့အကြုံပြည့်ဝတဲ့ ဂန္ထဝင် ကစားသမားတစ်ဦးကိုစာချုပ်ချုပ်ဆိုဖို့ အသင့်ရှိနေတယ်လို့ အခိုင်အမာပြောပါတယ်။
Photo Credit
မိုဗစ်ဟာ ၂၀၁၀ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ အေစီမီလန်အသင်းကို အငှားသွားရောက်ကစားခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်အကြာမှာတော့ မီလန်အသင်းရဲ့အမြဲတမ်းကစားသမား ဖြစ်လာခဲ့ပြီး ၈၅ ပွဲမှာ ၅၆ ဂိုးသွင်းယူကာ ၂၀၁၀-၁၁ ရာသီစီးရီးအေချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်ခဲ့တဲ့အပြင် ၂၀၁၁ အီတလီစူပါဖလားကိုလည်း ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
Photo Credit
ဇလာတန်ဟာ အေစီမီလန်အသင်းရဲ့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အင်တာမီလန်၊ ဂျူဗင်တပ်စ်တို့မှာလည်း ကစားခဲ့ဖူးပြီး စီးရီးအေပြိုင်ပွဲ ၂၉၄ ပွဲမှာသွင်းဂိုး ၁၄၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆၁ ကြိမ်အထိစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
Photo Credit
သူ့ရဲ့ ကျော်ကြားတဲ့ ကစားသမားဘဝမှာ အီဘရာဟီမိုဗစ်ဟာ မယ်လ်မို၊ အေဂျက်စ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်စတဲ့ ထိပ်သီးအသင်းတွေမှာ တောက်လျှောက် ကျင်လည်ခဲ့ဖူးပါတယ်။ နတ်ဘုရားကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဇလာတန်ဟာ ဒီအသက်အရွယ်မှာတောင် အယ်လ်အေဂလက်ဆီအသင်းမှာ ၅၈ ပွဲကစားပြီး ၅၃ ဂိုးအထိသွင်းယူပေးထားနိုင်ပါသေးတယ်။
Photo Credit
Zawgyi
ေအစီမီလန္ကုိ ေက်ာခုိင္းအၿပီး ၇ႏွစ္အၾကာမွာ ျပန္ေရာက္လာဖုိ႔ ရွိေနတ့ဲ မုိဗစ္
တုိက္စစ္မွဴး ဇလာတန္အီဘရာဟီမိုဗစ္ရဲ႕ အယ္လ္ေအဂလက္ဆီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ လာမယ့္ဒီဇင္ဘာမွာ ကုန္ဆံုးေတာ့မွာျဖစ္ၿပီး အဲဒီဂႏၳဝင္တိုက္စစ္မွဴးကို ေအစီမီလန္အသင္းက ျပန္လည္ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြအရသိရပါတယ္။
မာကာသတင္းစာရဲ႕အဆုိအရ လာမယ့္ဇန္နဝါရီမွာ ဆြီဒင္တိုက္စစ္မွဴးေဟာင္းဟာ မီလန္အသင္းကို ဒုတိယအႀကိမ္ က်ိန္းေသျပန္လာလိမ့္မယ္လို႔ ေရးသားထားပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ကလည္း အသင္းရဲ႕တိုက္စစ္အင္အားျမွင့္တင္ႏိုင္ေရးအတြက္ မိုဗစ္ကို ျပန္လည္ေခၚယူဖို႔ ႀကိဳးစားအားထုတ္ေနတယ္လို႔ သတင္းေတြကဆိုပါတယ္။
ဒီလုိ ယူႏိုက္တက္က အသည္းအသန္ စိတ္ဝင္စားေနေပမယ့္ ေအစီမီလန္အသင္းကေတာ့ အီဘရာဟီမိုဗစ္ရဲ႕ ပံုစံေကာင္းေတြကို သေဘာက်ေနၿပီး အားကစားဒါ႐ိုက္တာျဖစ္တဲ့ ေပၚလုိမာလ္ဒီနီကေတာ့ မိုဗစ္ဟာ “အိပ္မက္ဆန္တဲ့ အံ့ၾသဖြယ္ ကစားသမားျဖစ္တယ္“လို႔ ဆိုၿပီး အသင္းမွာအေတြ႔အႀကံဳျပည့္ဝတဲ့ ဂႏၳဝင္ ကစားသမားတစ္ဦးကိုစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ အသင့္ရွိေနတယ္လို႔ အခိုင္အမာေျပာပါတယ္။
မိုဗစ္ဟာ ၂၀၁၀ ခုႏွစ္မွာ ဘာစီလိုနာအသင္းကေန ေအစီမီလန္အသင္းကို အငွားသြားေရာက္ကစားခဲ့တာ ျဖစ္ပါတယ္။ တစ္ႏွစ္အၾကာမွာေတာ့ မီလန္အသင္းရဲ႕အၿမဲတမ္းကစားသမား ျဖစ္လာခဲ့ၿပီး ၈၅ ပြဲမွာ ၅၆ ဂိုးသြင္းယူကာ ၂၀၁၀-၁၁ ရာသီစီးရီးေအခ်န္ပီယံ ျဖစ္ေအာင္ ကူညီေပးႏိုင္ခဲ့တဲ့အျပင္ ၂၀၁၁ အီတလီစူပါဖလားကိုလည္း ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။
ဇလာတန္ဟာ ေအစီမီလန္အသင္းရဲ႕ အဓိကၿပိဳင္ဘက္ေတြျဖစ္တဲ့ အင္တာမီလန္၊ ဂ်ဴဗင္တပ္စ္တို႔မွာလည္း ကစားခဲ့ဖူးၿပီး စီးရီးေအၿပိဳင္ပြဲ ၂၉၄ ပြဲမွာသြင္းဂိုး ၁၄၈ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၆၁ ႀကိမ္အထိစြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။
သူ႕ရဲ႕ ေက်ာ္ၾကားတဲ့ ကစားသမားဘဝမွာ အီဘရာဟီမိုဗစ္ဟာ မယ္လ္မို၊ ေအဂ်က္စ္၊ ဘာစီလိုနာ၊ ပီအက္စ္ဂ်ီနဲ႔ မန္ခ်က္စတာယူႏိုက္တက္စတဲ့ ထိပ္သီးအသင္းေတြမွာ ေတာက္ေလွ်ာက္ က်င္လည္ခဲ့ဖူးပါတယ္။ နတ္ဘုရားႀကီးလို႔ တင္စားေခၚေဝၚၾကတဲ့ ဇလာတန္ဟာ ဒီအသက္အရြယ္မွာေတာင္ အယ္လ္ေအဂလက္ဆီအသင္းမွာ ၅၈ ပြဲကစားၿပီး ၅၃ ဂိုးအထိသြင္းယူေပးထားႏိုင္ပါေသးတယ္။