

မန္ယူအသင္းကြင္းလယ္လူ ေပါ့ဂ္ဘာဟာ သူ႔အေပၚပစ္မွတ္ထားၿခိမ္းေျခာက္ေနတဲ႔ ကလပ္ပရိသတ္အခ်ဳိ႕ေၾကာင့္ အေစာင့္ေခြးတစ္ေကာင္ကိုေပါင္ ၁၅၀၀၀ အကုန္က်ခံၿပီး ၀ယ္ယူလိုက္တယ္လို႔ အဂၤလိပ္သတင္းစာေတြမွာေဖာ္ျပသြားပါတယ္။ အသက္ ၂၆ ႏွစ္ရွိတဲ႔ ေပါ့ဂ္ဘာဟာ ကလပ္အေပၚေပးဆပ္လိုစိတ္မရွိဘူးဆိုၿပီး ပရိသတ္ေတြကေဒါသထြက္ေနၾကတာပါ။

ဒါေၾကာင့္လည္း ဒီျပင္သစ္သားဟာသူ႔လုံၿခံဳ ေရးကိုစိုးရိမ္ၿပီး အထူးေလ႔က်င့္ေပးထားတဲ႔ အေစာင့္ေခြးတစ္ေကာင္ကို၀ယ္ယူ လိုက္တာျဖစ္ပါတယ္။ ဒီေခြးအမ်ဳိးအစားက rottweiler ျဖစ္ၿပီး Chaperone K9 ဆိုတဲ႔လုံၿခံဳေရးကုပၼဏီက အထူးေလ႔က်င့္သင္ၾကားေပးထားတာျဖစ္ၿပီး အဲဒီကေန၀ယ္ယူခဲ့တာျဖစ္ပါတယ္။ ဒီေခြးဟာ မိသားစုကိုသာမက တစ္ဦးခ်င္းကိုပါေကာင္းစြာ ကာကြယ္ေပးႏိုင္ပါတယ္။
မၾကာေသးခင္က သူ႔အေပၚေဒါသထြက္ေနတဲ႔ ပရိသတ္အခ်ဳိ႕ဟာ ကလပ္ရဲ႕ေလ႔က်င့္ေရးကြင္း ေရွ႕ကိုလာေရာက္ၿပီး ေပါ့ဂ္ဘာထြက္သြားဖို႔ ေဒါသတႀကီးေတာင္းဆိုခဲ့ၾကပါတယ္။ သူဟာ ၂၀၁၆ ကဂ်ဴ ဗင္တပ္ကေနေျပာင္းလာၿပီးေနာက္ပိုင္း မန္ယူပရိသတ္ေတြနဲ႔အဆင္မေျပမႈေတြ ဆက္တိုက္ႀကံဳေတြ႔ခဲ့တဲ႔အျပင္ ေႏြရာသီတုန္းကလည္း မန္ယူကေနထြက္ေတာ႔မယ္လို႔ ေျပာခဲ့ေသးလို႔ အေျခအေနေတြက ပိုၿပီးတင္းမာလာခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ႔ မတ္လကလည္း ခ်က္ရွႈိင္းယားမွာရွိတဲ႔ ေပါ့ဂ္ဘာရဲ႕ေနအိမ္အနီးမွာ အသက္ ၁၇ ႏွစ္အရြယ္ရွိတဲ႔ ခ်ာတိတ္တစ္ေယာက္ ဓါးထိုးခံရၿပီးေသဆုံးသြားခဲ့မႈကလည္း သူ႔လုံၿခံဳေရးကိုေပါ့ဂ္ဘာက ပိုၿပီးစိုးရိမ္စိတ္ျဖစ္ေပၚေစခဲ့ပါတယ္။
Chaperone K9 ထံကေနအေစာင့္ေခြး၀ယ္ခဲ့သူေတြထဲမွာ ေပါ့ဂ္ဘာရဲ႕မန္ယူအသင္းကစားေဖာ္ေတြျဖစ္တဲ႔ ရက္ရွ္ဖို႔ဒ္နဲ႔ ဖီးလ္ဂ်ဳံးစ္တို႔လည္းပါ၀င္ေနပါတယ္။ အဲဒီကုပၼဏီရဲ႕ဥကၠ႒ ျဖစ္တဲ႔ ရစ္ခ်တ္အာႏိုးလ္က ေဘာလုံးသမားေတြဟာ တစ္ဦးခ်င္းပစ္မွတ္ထားခံရသူေတြျဖစ္တဲ႔ အတြက္သူတို႔အေ၀းေရာက္ေနခ်ိန္မွာ မိသားစုလုံၿခံဳဖို႔အတြက္ အခုလိုေခြး၀ယ္ယူမႈတိုးပြားလာတာလို႔ ေျပာသြားပါတယ္။
Unicode
အစောင့်ခွေးတစ်ကောင်ကို ပေါင် ၁၅၀၀၀ ပေးပြီးပေါ့ဂါဘာဝယ်ယူ
မန်ယူအသင်းကွင်းလယ်လူ ပေါ့ဂ်ဘာဟာ သူ့အပေါ်ပစ်မှတ်ထားခြိမ်းခြောက်နေတဲ့ ကလပ်ပရိသတ်အချို့ကြောင့် အစောင့်ခွေးတစ်ကောင်ကိုပေါင် ၁၅၀၀၀ အကုန်ကျခံပြီး ဝယ်ယူလိုက်တယ်လို့ အင်္ဂလိပ်သတင်းစာတွေမှာဖော်ပြသွားပါတယ်။ အသက် ၂၆ နှစ်ရှိတဲ့ ပေါ့ဂ်ဘာဟာ ကလပ်အပေါ်ပေးဆပ်လိုစိတ်မရှိဘူးဆိုပြီး ပရိသတ်တွေကဒေါသထွက်နေကြတာပါ။
ဒါကြောင့်လည်း ဒီပြင်သစ်သားဟာသူ့လုံခြုံ ရေးကိုစိုးရိမ်ပြီး အထူးလေ့ကျင့်ပေးထားတဲ့ အစောင့်ခွေးတစ်ကောင်ကိုဝယ်ယူ လိုက်တာဖြစ်ပါတယ်။ ဒီခွေးအမျိုးအစားက rottweiler ဖြစ်ပြီး Chaperone K9 ဆိုတဲ့လုံခြုံရေးကုပ္မဏီက အထူးလေ့ကျင့်သင်ကြားပေးထားတာဖြစ်ပြီး အဲဒီကနေဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒီခွေးဟာ မိသားစုကိုသာမက တစ်ဦးချင်းကိုပါကောင်းစွာ ကာကွယ်ပေးနိုင်ပါတယ်။
မကြာသေးခင်က သူ့အပေါ်ဒေါသထွက်နေတဲ့ ပရိသတ်အချို့ဟာ ကလပ်ရဲ့လေ့ကျင့်ရေးကွင်း ရှေ့ကိုလာရောက်ပြီး ပေါ့ဂ်ဘာထွက်သွားဖို့ ဒေါသတကြီးတောင်းဆိုခဲ့ကြပါတယ်။ သူဟာ ၂၀၁၆ ကဂျူ ဗင်တပ်ကနေပြောင်းလာပြီးနောက်ပိုင်း မန်ယူပရိသတ်တွေနဲ့အဆင်မပြေမှုတွေ ဆက်တိုက်ကြုံတွေ့ခဲ့တဲ့အပြင် နွေရာသီတုန်းကလည်း မန်ယူကနေထွက်တော့မယ်လို့ ပြောခဲ့သေးလို့ အခြေအနေတွေက ပိုပြီးတင်းမာလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း ချက်ရှှိုင်းယားမှာရှိတဲ့ ပေါ့ဂ်ဘာရဲ့နေအိမ်အနီးမှာ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ ချာတိတ်တစ်ယောက် ဓါးထိုးခံရပြီးသေဆုံးသွားခဲ့မှုကလည်း သူ့လုံခြုံရေးကိုပေါ့ဂ်ဘာက ပိုပြီးစိုးရိမ်စိတ်ဖြစ်ပေါ်စေခဲ့ပါတယ်။
Chaperone K9 ထံကနေအစောင့်ခွေးဝယ်ခဲ့သူတွေထဲမှာ ပေါ့ဂ်ဘာရဲ့မန်ယူအသင်းကစားဖော်တွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဖီးလ်ဂျုံးစ်တို့လည်းပါဝင်နေပါတယ်။ အဲဒီကုပ္မဏီရဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ရစ်ချတ်အာနိုးလ်က ဘောလုံးသမားတွေဟာ တစ်ဦးချင်းပစ်မှတ်ထားခံရသူတွေဖြစ်တဲ့ အတွက်သူတို့အဝေးရောက်နေချိန်မှာ မိသားစုလုံခြုံဖို့အတွက် အခုလိုခွေးဝယ်ယူမှုတိုးပွားလာတာလို့ ပြောသွားပါတယ်။