
photo-foxsportasia
photo-fifpro
ရီးရဲလ္မက္ဒရစ္အသင္းဟာ ၿပီးခဲ့ဲတဲ့ ၂၀၁၈-၁၉ ေဘာလုံးရာသီမွာ သူတုိ႔စံႏႈန္းနဲ႔ဆိုရင္ အေျခအေနဆုိးရြားခဲ့ေပမယ့္လည္း ဖီဖာဆုေပးပြဲက ေနရာအလိုက္တစ္ႏွစ္အေကာင္းဆုံးအသင္းမွာ ကိုယ္စားျပဳအမ်ားဆုံးအျဖစ္ လႊမ္းမိုးႏိုင္ခဲ့ပါတယ္။ အသင္းေဖာ္သစ္ဟာဇတ္နဲ႔အတူ ရာမို႔စ္၊မိုဒရစ္နဲ႔မာဆယ္လိုတုိ႔ဟာ FIFPro ကမာၻ႔အေကာင္းဆုံးအသင္းမွာ ပါ၀င္ခဲ့ၾကတာပါ။ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တဲ့လီဗာပူးအသင္းေတာင္ ဒီေနရာအလိုက္အေကာင္းဆုံးအသင္းမွာ ၂ ေယာက္သာ ပါ၀င္ခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီအဂၤလန္ျပည္တြင္းမွာ သမိုငး္၀င္ဖလား ၃ လုံးေအာင္ျမင္မႈရခဲ့တဲ့ မန္စီးတီးက ဆိုရင္ တစ္ေယာက္မွေတာင္ မပါခဲ့ပါဘူး။
photo-squawka
ဒီအတြက္လညး္ ဆိုရွယ္မီဒီယာထက္မွာ ပရိသတ္ေတြဟာ ေပါက္ကြဲခ့ဲၾကပါတယ္။ ဟာဇတ္ထက္စာရင္ ရာမို႔စ္၊မိုဒရစ္န႔ဲမာဆယ္လုိတို႔ဟာ ေနရာအလုိက္အေကာင္းဆုံးအသင္းမွာ ပါ၀င္ဖုိ႔ မထိုက္တန္ဘူးလို႔ ပရိသတ္အမ်ားစုက ယူဆေနၾကပါတယ္။ တကယ္လည္း ရီးရဲလ္ဟာ ၿပီးခဲ့တဲ့ရာသီလာလီဂါမွာ ခ်န္ပီယံျဖစ္သြားတဲ့ ဘာစီလိုနာနဲ႔ ၁၉ မွတ္အထိ ကြာဟခဲ့သလို ခ်န္ပီယံလိဂ္မွာလည္း ေအဂ်က္နဲ႔ေတြ႕ၿပီး ၁၆ သင္းရႈံးထြက္အဆင့္နဲ႔တင္ ၿပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။
photo-gettyimages
အထူးသျဖင့္ ခံစစ္မွာ ရာမို႔စ္နဲ႔မာဆယ္လုိတုိ႔ ပါလာၾကတာကို လုံး၀လက္မခံႏိုင္ျဖစ္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ရာသီ ရီးရဲလ္ခံစစ္ဟာ လာလီဂါမွာ ၈ သင္းေျမာက္အေကာင္းဆုံးသာျဖစ္ခဲ့တာပါ။ ခ်န္ပီယံလိဂ္က ထြက္ခဲ့ရတုန္းကလည္း ေအဂ်က္ကို ၅ ဂိုးေတာင္ေပးခဲ့ရပါတယ္။ မာဆယ္လိုဆိုရင္ ၿပီးခဲ့တဲ့ရာသီလာလီဂါ ၃၈ ပြဲမွာ ၂၁ ပြဲသာ ပြဲထြက္ခြင့္ရၿပီး ၂ ႀကိမ္သာ ဂိုးဖန္တီးႏိုင္ခဲ့ပါတယ္။ ဒီေနရာမွာ လီဗာပူးေနာက္ခံအစြန္လူေတြျဖစ္ၾကတဲ့ အာႏိုးနဲ႔ေရာဘတ္ဆန္တုိ႔ခ်န္လွပ္ခံခဲ့ရတာကို လုံး၀မေက်နပ္ၾကပါဘူး။ အာႏိုးနဲ႔ေရာဘတ္ဆန္တုိ႔ဟာ ၿပီးခဲ့တဲ့ရာသီမွာ လီဗာပူးအသင္းေဖာ္ေတြအတြက္ ႏွစ္ေယာက္ေပါင္း ၂၃ ႀကိမ္ေတာင္ ဂိုးဖန္တီးေပးႏုိင္ခဲ့ၾကပါတယ္။
[Unicode]
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့ဲတဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ သူတို့စံနှုန်းနဲ့ဆိုရင် အခြေအနေဆိုးရွားခဲ့ပေမယ့်လည်း ဖီဖာဆုပေးပွဲက နေရာအလိုက်တစ်နှစ်အကောင်းဆုံးအသင်းမှာ ကိုယ်စားပြုအများဆုံးအဖြစ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အသင်းဖော်သစ်ဟာဇတ်နဲ့အတူ ရာမို့စ်၊မိုဒရစ်နဲ့မာဆယ်လိုတို့ဟာ FIFPro ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့လီဗာပူးအသင်းတောင် ဒီနေရာအလိုက်အကောင်းဆုံးအသင်းမှာ ၂ ယောက်သာ ပါဝင်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီအင်္ဂလန်ပြည်တွင်းမှာ သမိုင်းဝင်ဖလား ၃ လုံးအောင်မြင်မှုရခဲ့တဲ့ မန်စီးတီးက ဆိုရင် တစ်ယောက်မှတောင် မပါခဲ့ပါဘူး။
ဒီအတွက်လည်း ဆိုရှယ်မီဒီယာထက်မှာ ပရိသတ်တွေဟာ ပေါက်ကွဲခဲ့ကြပါတယ်။ ဟာဇတ်ထက်စာရင် ရာမို့စ်၊မိုဒရစ်နဲ့မာဆယ်လိုတို့ဟာ နေရာအလိုက်အကောင်းဆုံးအသင်းမှာ ပါဝင်ဖို့ မထိုက်တန်ဘူးလို့ ပရိသတ်အများစုက ယူဆနေကြပါတယ်။ တကယ်လည်း ရီးရဲလ်ဟာ ပြီးခဲ့တဲ့ရာသီလာလီဂါမှာ ချန်ပီယံဖြစ်သွားတဲ့ ဘာစီလိုနာနဲ့ ၁၉ မှတ်အထိ ကွာဟခဲ့သလို ချန်ပီယံလိဂ်မှာလည်း အေဂျက်နဲ့တွေ့ပြီး ၁၆ သင်းရှုံးထွက်အဆင့်နဲ့တင် ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
အထူးသဖြင့် ခံစစ်မှာ ရာမို့စ်နဲ့မာဆယ်လိုတို့ ပါလာကြတာကို လုံးဝလက်မခံနိုင်ဖြစ်နေကြပါတယ်။ ပြီးခဲ့တဲ့ရာသီ ရီးရဲလ်ခံစစ်ဟာ လာလီဂါမှာ ၈ သင်းမြောက်အကောင်းဆုံးသာဖြစ်ခဲ့တာပါ။ ချန်ပီယံလိဂ်က ထွက်ခဲ့ရတုန်းကလည်း အေဂျက်ကို ၅ ဂိုးတောင်ပေးခဲ့ရပါတယ်။ မာဆယ်လိုဆိုရင် ပြီးခဲ့တဲ့ရာသီလာလီဂါ ၃၈ ပွဲမှာ ၂၁ ပွဲသာ ပွဲထွက်ခွင့်ရပြီး ၂ ကြိမ်သာ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ လီဗာပူးနောက်ခံအစွန်လူတွေဖြစ်ကြတဲ့ အာနိုးနဲ့ရောဘတ်ဆန်တို့ချန်လှပ်ခံခဲ့ရတာကို လုံးဝမကျေနပ်ကြပါဘူး။ အာနိုးနဲ့ရောဘတ်ဆန်တို့ဟာ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးအသင်းဖော်တွေအတွက် နှစ်ယောက်ပေါင်း ၂၃ ကြိမ်တောင် ဂိုးဖန်တီးပေးနိုင်ခဲ့ကြပါတယ်။