အေကာင္းဆုံးဆု ဂ်ီေရာ့ဒ္အစား ဟာဇက္ရသြားျခင္းအေပၚ ခ်ဲလ္ဆီးပရိသတ္ေတြ ေပါက္ကြဲေန

Photo Credit

Photo Credit

ဒီေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕သြားခဲ့တဲ့ဟာဇက္ဟာ ေမလကယူရိုပါလိဂ္ဖိုင္နယ္အျဖစ္ အာဆင္နယ္အသင္းနဲ႔ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းအတြက္ သြင္းဂိုး၂ဂိုးသြင္းယူေပးခဲ့ပါတယ္။ ဒါေပမဲ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲဂိုးသြင္းအမ်ားဆံုးကစားသမားက ေနာက္ထပ္ခ်ဲလ္ဆီးတိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ အိုလီဗာဂ်ီေရာ့ဒ္ပါ။

Photo Credit ; Getty Images

ယမန္ေန႔က လက္ရွိရီးရဲလ္မက္ဒရစ္တိုက္စစ္မွဴးအီဒင္ဟာဇက္က ဂ်ီေရာ့ဒ္ကို ေက်ာ္ျဖတ္ၿပီး ယူအီးအက္ဖ္ေအက ေပးအပ္တဲ့၂၀၁၈- ၁၉ရာသီ ယူ႐ိုပါလိဂ္တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆု ရရွိသြားခဲ့ပါတယ္။ ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ အဆုိပါဆုကို ဂ်ီေရာ့ဒ္ကသာ ရသင့္တယ္လို႔ယူဆေနၾကပါတယ္။ ေမလကယူ႐ိုပါလိဂ္ဖိုင္နယ္ပြဲစဥ္ဟာ ဟာဇက္ ခ်ဲလ္ဆီးအသင္းအတြက္ ေနာက္ဆံုးကစားခဲ့တဲ့ပြဲစဥ္ျဖစ္ၿပီး ဘယ္လ္ဂ်ီယံသားက ဒီေႏြရာသီမွာ ေျပာင္းေရႊ႕ေၾကးေပါင္သန္း၁၃၀နဲ႔ရီးရဲလ္မက္ဒရစ္ကိုေျပာင္းေရႊ႕သြားခဲ့ပါတယ္။

Photo Credit

ဟာဇက္ဟာ ခ်ဲလ္ဆီးအသင္းအတြက္ အေရးပါတဲ့ကစားသမားတစ္ဦးဆိုတာ မျငင္းႏိုင္ေပမယ့္ ၿပီးခဲ့တဲ့ရာသီ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ ျမက္ခင္းစိမ္းေတြေပၚမွာေတာ့ ဂ်ီေရာ့ဒ္က ဘယ္လ္ဂ်ီယံသားထက္ပိုမိုေတာက္ပခဲ့တာပါ။ အသက္၃၂ႏွစ္အရြယ္ ဂ်ီေရာ့ဒ္ဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ၁၄ပြဲမွာ ၁၁ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ယူရိုပါလိဂ္ၿပိဳင္ပြဲရဲ႕ဂိုးသြင္းအမ်ားဆံုးကစားသမားလည္းျဖစ္ပါတယ္။

Photo Credit

ဖိုင္နယ္ပြဲစဥ္မွာလည္း ဂ်ီေရာ့ဒ္က ခ်ဲလ္ဆီးအသင္းအတြက္ အသင္းေဟာင္းအာနယ္နယ္အသင္းကို သြင္းဂိုး၁ဂိုးသြင္းယူေပးခဲ့ပါေသးတယ္။ ဟာဇက္က အဲဒီပြဲစဥ္မွာမွ သြင္းဂိုး၂ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အေစာပိုင္းပြဲစဥ္ေတြတုန္းက ပံုမွန္ေျခစြမ္းေလာက္ပဲ ျပသႏိုင္ခဲ့တာပါ။

Photo Credit

နည္းျပေမာ္ရိီဇီယိုဆာရီကိုင္တြယ္တဲ့ခ်ဲလ္ဆီးအသင္းမွာ ဂ်ီေရာ့ဒ္ဟာ ၂၀၁၈-၁၉ရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲ၂၇ပြဲမွာ သြင္းဂိုး၂ဂိုးသာ သြင္းယူေပးႏိုင္ခဲ့ေပမယ့္ ယူ႐ိုပါလိဂ္မွာေတာ ့သူကပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ဦးဆိုတာ သက္ေသျပသထားခဲ့သူပါ။ တခ်ိဳ႕ေသာခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ ယူအီးအက္ဖ္ေအရဲ႕ဆံုးျဖတ္ခ်က္က မမွ်တဘူးဆိုၿပီး ေဝဖန္ေနၾကပါတယ္။

Photo Credit

တြစ္တာမွာပရိသတ္တစ္ဦးက ”ယူအီးအက္ဖ္ေအက တစ္ခုခုေတာ့မွားေနၿပီ။ ဂ်ီေရာ့ဒ္က အေကာင္းဆံုးကစားသမားေလ၊ ဟာဇက္ကစားတာေကာင္းတာက ၆ ပြဲေတာင္ မရွိဘူး”လို႔ ပို႔စ္တင္ခဲ့ပါတယ္၊ တျခားတစ္ဦးက ”ဂ်ီေရာ့ဒ္အတြက္ စိတ္မေကာင္းျဖစ္မိတယ္။ ယူ႐ိုပါလိဂ္က လူႀကိဳက္မ်ားတဲ့ကစားသမားကို ေပးတဲ့အေလ့အထက ရွိေနတုန္းပဲ”လို႔ တင္ခဲ့ပါတယ္။
တျခားေသာပရိသတ္ေတြကလည္း “ ဂ်ီေရာ့ဒ္အတြက္ လံုးဝကိုတရားမွ်တမႈမရွိတာပဲ၊ ဂ်ီေရာ့ဒ္ရသင့္တာမဟုတ္လား၊ ဂ်ီေရာ့ဒ္ေရ စပိန္ကိုေျပာင္းလိုက္ကြာ။ ယူအီးအက္ဖ္ေအက မင္းကိုႀကိဳဆိုေနလိမ့္မယ့္“လို႔ ယူအီးအက္ဖ္ေအကို အသီးသီးေဝဖန္ခဲ့ၾကပါတယ္။

Photo Credit

Unicode

အကောင်းဆုံးဆု ဂျီရော့ဒ်အစား ဟာဇက်ရသွားခြင်းအပေါ် ချဲလ်ဆီးပရိသတ်တွေ ပေါက်ကွဲနေ

ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ဟာဇက်ဟာ မေလကယူရိုပါလိဂ်ဖိုင်နယ်အဖြစ် အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းအတွက် သွင်းဂိုး၂ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဂိုးသွင်းအများဆုံးကစားသမားက နောက်ထပ်ချဲလ်ဆီးတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အိုလီဗာဂျီရော့ဒ်ပါ။
ယမန်နေ့က လက်ရှိရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးအီဒင်ဟာဇက်က ဂျီရော့ဒ်ကို ကျော်ဖြတ်ပြီး ယူအီးအက်ဖ်အေက ပေးအပ်တဲ့၂၀၁၈- ၁၉ရာသီ ယူရိုပါလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိသွားခဲ့ပါတယ်။
ချဲလ်ဆီးပရိသတ်တွေကတော့ အဆိုပါဆုကို ဂျီရော့ဒ်ကသာ ရသင့်တယ်လို့ယူဆနေကြပါတယ်။ မေလကယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်ဟာ ဟာဇက် ချဲလ်ဆီးအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ဘယ်လ်ဂျီယံသားက ဒီနွေရာသီမှာ ပြောင်းရွှေ့ကြေးပေါင်သန်း၁၃၀နဲ့ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။
ဟာဇက်ဟာ ချဲလ်ဆီးအသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ဦးဆိုတာ မငြင်းနိုင်ပေမယ့် ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ မြက်ခင်းစိမ်းတွေပေါ်မှာတော့ ဂျီရော့ဒ်က ဘယ်လ်ဂျီယံသားထက်ပိုမိုတောက်ပခဲ့တာပါ။
အသက်၃၂နှစ်အရွယ် ဂျီရော့ဒ်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲ၁၄ပွဲမှာ ၁၁ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်ပါတယ်။
ဖိုင်နယ်ပွဲစဉ်မှာလည်း ဂျီရော့ဒ်က ချဲလ်ဆီးအသင်းအတွက် အသင်းဟောင်းအာနယ်နယ်အသင်းကို သွင်းဂိုး၁ဂိုးသွင်းယူပေးခဲ့ပါသေးတယ်။ ဟာဇက်က အဲဒီပွဲစဉ်မှာမှ သွင်းဂိုး၂ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အစောပိုင်းပွဲစဉ်တွေတုန်းက ပုံမှန်ခြေစွမ်းလောက်ပဲ ပြသနိုင်ခဲ့တာပါ။
နည်းပြမော်ရီဇီယိုဆာရီကိုင်တွယ်တဲ့ချဲလ်ဆီးအသင်းမှာ ဂျီရော့ဒ်ဟာ ၂၀၁၈-၁၉ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ၂၇ပွဲမှာ သွင်းဂိုး၂ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပေမယ့် ယူရိုပါလိဂ်မှာတော့သူကပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဆိုတာ သက်သေပြသထားခဲ့သူပါ။ တချို့သောချဲလ်ဆီးပရိသတ်တွေကတော့ ယူအီးအက်ဖ်အေရဲ့ဆုံးဖြတ်ချက်က မမျှတဘူးဆိုပြီး ဝေဖန်နေကြပါတယ်။
တွစ်တာမှာပရိသတ်တစ်ဦးက ”ယူအီးအက်ဖ်အေက တစ်ခုခုတော့မှားနေပြီ။ ဂျီရော့ဒ်က အကောင်းဆုံးကစားသမားလေ၊ ဟာဇက်ကစားတာကောင်းတာက ၆ ပွဲတောင် မရှိဘူး”လို့ ပို့စ်တင်ခဲ့ပါတယ်၊ တခြားတစ်ဦးက ”ဂျီရော့ဒ်အတွက် စိတ်မကောင်းဖြစ်မိတယ်။ ယူရိုပါလိဂ်က လူကြိုက်များတဲ့ကစားသမားကို ပေးတဲ့အလေ့အထက ရှိနေတုန်းပဲ”လို့ တင်ခဲ့ပါတယ်။
တခြားသောပရိသတ်တွေကလည်း “ ဂျီရော့ဒ်အတွက် လုံးဝကိုတရားမျှတမှုမရှိတာပဲ၊ ဂျီရော့ဒ်ရသင့်တာမဟုတ်လား၊ ဂျီရော့ဒ်ရေ စပိန်ကိုပြောင်းလိုက်ကွာ။ ယူအီးအက်ဖ်အေက မင်းကိုကြိုဆိုနေလိမ့်မယ့်“လို့ ယူအီးအက်ဖ်အေကို အသီးသီးဝေဖန်ခဲ့ကြပါတယ်။