

စပိန်ထိပ်သီးကလပ်ရီးရဲလ်ဟာ အာဆင်နယ်တိုက်စစ်မှူးအူဘာမီယန်းကို ခေါ်ယူဖို့ပစ်မှတ်ထားလာပြီလို့ ဒေသခံသတင်းစာ El Desmarque က ရေးသားလိုက်ပါတယ်။ရီးရဲလ်အနေနဲ့ ဂါဘွန်တိုက်စစ်မှူးအတွက် ပေါင် သန်း ၇၀ အပြင် ကိုလံဘီယာကွင်းလယ်လူဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုပါ အလိုက်ပေးကမ်းလှမ်းသွားဖို့ရှိနေတယ်လို့ ရေးသားလိုက်တာပါ။

ဂျိမ်းစ်ရိုးရီဂွက်ဇ်ဟာ ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ အတောက်ပဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ဘာနေဗျူးကိုရောက်လာခဲ့ပေမယ့် ပုံမှန်ခြေစွမ်းပြနိုင်ဖို့ရုန်းကန်နေရသူဖြစ်ပါတယ်။ရီးရဲလ်ကိုကိုင်တွယ်ခဲ့တဲ့ နည်းပြအများစုဟာ ကိုလံဘီယာကြယ်ပွင့်ကို သဘောကျခြင်းမရှိဘဲ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်ဆီအငှားနဲ့သွားရောက်ကစားခဲ့ရသလို လက်ရှိနည်းပြဇီဒန်းကလည်း အပြည့်အဝနှစ်သက်တာမျိုးမရှိပါဘူး။

ဒါကြောင့် ဇီဒန်းဟာ အာဆင်နယ်အသင်းခေါင်းဆောင်သစ်ဖြစ်လာတဲ့ အူဘာမီယန်းကိုခေါ်ယူနိုင်ရေးမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုအသုံးချဖို့ ရည်ရွယ်လာတာလို့လည်းဆိုနိုင်ပါတယ်။အသက် ၃၀အရွယ် အူဘာမီယန်းဟာ နည်းပြအာစင်ဝင်းဂါးလက်ထက် ၂၀၁၈ မှာ အာဆင်နယ်ကို စတင်ရောက်ရှိလာသူဖြစ်ပြီး ဂန်းနားကစားသမားဘ၀ ပရီးမီးယားလိဂ် ၅၅ပွဲမှာ ဂိုး ၄၀ အထိသွင်းပေးနိုင်ခဲ့သူပါ။

ရီးရဲလ်ဟာ ပြီးခဲ့တဲ့နွေဈေးကွက်မှာလည်း ဟာဇက်နဲ့ဂျိုဗစ်တို့ကိုခေါ်ယူပြီး တိုက်စစ်အားဖြည့်ခဲ့ပါတယ်။ဒါပေမဲ့ ကစားသမားသစ်တွေရဲ့ဂိုးသွင်းစွမ်းရည်နိမ့်ကျမှုကြောင့် အခုလို အဆုံးသတ်ကောင်းတဲ့ ဂါဘွန်သားကို ပစ်မှတ်ထားလာတာဖြစ်တယ်လို့ အဲဒီသတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။
(zawgyi)
စပိန္ထိပ္သီးကလပ္ရီးရဲလ္ဟာ အာဆင္နယ္တိုက္စစ္မွဴးအူဘာမီယန္းကို ေခၚယူဖို႔ပစ္မွတ္ထားလာၿပီလို႔ ေဒသခံသတင္းစာ El Desmarque က ေရးသားလိုက္ပါတယ္။ရီးရဲလ္အေနနဲ႔ ဂါဘြန္တိုက္စစ္မွဴးအတြက္ ေပါင္ သန္း ၇၀ အျပင္ ကိုလံဘီယာကြင္းလယ္လူဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကိုပါ အလိုက္ေပးကမ္းလွမ္းသြားဖို႔ရွိေနတယ္လို႔ ေရးသားလိုက္တာပါ။ဂ်ိမ္းစ္ရိုးရီဂြက္ဇ္ဟာ ၂၀၁၄ ဘရာဇီးကမာၻ႔ဖလားၿပိဳင္ပြဲမွာ အေတာက္ပဆံုးေျခစြမ္းျပႏိုင္ခဲ့ၿပီး ေရႊဖိနပ္ဆုပိုင္ဆိုင္ႏိုင္ခဲ့တာေၾကာင့္ ဘာေနဗ်ဴးကိုေရာက္လာခဲ့ေပမယ့္ ပံုမွန္ေျခစြမ္းျပႏိုင္ဖို႔ရုန္းကန္ေနရသူျဖစ္ပါတယ္။ရီးရဲလ္ကိုကိုင္တြယ္ခဲ့တဲ့ နည္းျပအမ်ားစုဟာ ကိုလံဘီယာၾကယ္ပြင့္ကို သေဘာက်ျခင္းမရွိဘဲ ၿပီးခဲ့တဲ့ေဘာလံုးရာသီမွာ ဘိုင္ယန္ျမဴးနစ္ဆီအငွားနဲ႔သြားေရာက္ကစားခဲ့ရသလို လက္ရွိနည္းျပဇီဒန္းကလည္း အျပည့္အ၀ႏွစ္သက္တာမ်ိဳးမရွိပါဘူး။ဒါေၾကာင့္ ဇီဒန္းဟာ အာဆင္နယ္အသင္းေခါင္းေဆာင္သစ္ျဖစ္လာတဲ့ အူဘာမီယန္းကိုေခၚယူႏိုင္ေရးမွာ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကိုအသံုးခ်ဖို႔ ရည္ရြယ္လာတာလို႔လည္းဆိုႏိုင္ပါတယ္။အသက္ ၃၀အရြယ္ အူဘာမီယန္းဟာ နည္းျပအာစင္၀င္းဂါးလက္ထက္ ၂၀၁၈ မွာ အာဆင္နယ္ကို စတင္ေရာက္ရွိလာသူျဖစ္ၿပီး ဂန္းနားကစားသမားဘ၀ ပရီးမီးယားလိဂ္ ၅၅ပြဲမွာ ဂိုး ၄၀ အထိသြင္းေပးႏိုင္ခဲ့သူပါ။ရီးရဲလ္ဟာ ၿပီးခဲ့တဲ့ေႏြေစ်းကြက္မွာလည္း ဟာဇက္နဲ႔ဂ်ိဳဗစ္တို႔ကိုေခၚယူၿပီး တိုက္စစ္အားျဖည့္ခဲ့ပါတယ္။ဒါေပမဲ့ ကစားသမားသစ္ေတြရဲ႕ဂိုးသြင္းစြမ္းရည္နိမ့္က်မႈေၾကာင့္ အခုလို အဆံုးသတ္ေကာင္းတဲ့ ဂါဘြန္သားကို ပစ္မွတ္ထားလာတာျဖစ္တယ္လို႔ အဲဒီသတင္းစာမွာ ေရးသားေဖာ္ျပထားပါတယ္။