





နာမည်ကြီး အင်္ဂလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ
ဗြိတိန်ဒါဘီပြိုင်ဘက် ဝေးလ်စ်အသင်းကို အခက်အခဲမရှိ





(၃-ဝ)ဂိုးအနိုင်ယူပြီး အုပ်စုပထမနေရာနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်
တက်ရောက်ခွင့်ရရှိသွားပါတယ်။ ဝေးလ်စ်အသင်းဟာ ပြီးခဲ့တဲ့
ယူရိုပြိုင်ပွဲတွေတုန်းကလို ကျစ်လျစ်တဲ့ ဖျက်မြင်းအဆင့်အနေအထား





မရှိတော့ဘဲ အခုပွဲမှာလည်း အင်္ဂလန်ကို ကြီးကြီးမားမား ဒုက္ခမပေးနိုင်ခဲ့ဘူး။
ဒါတောင် အင်္ဂလန်တို့ ပထမပိုင်းတစ်ပိုင်းလုံး ဂိုးမသွင်းနိုင်ဘဲ





မိနစ်(၅၀)ရောက်မှ ရပ်ရှ်ဖို့ဒ်ရဲ့ လှပတဲ့ ဖရီးကစ်သွင်ငးဂိုးနဲ့
အဖွင့်ဂိုးစရခဲ့ပါတယ်။ ဂိုးရပြီးတဲ့နောက် ချက်ချင်းဆိုသလို
အင်္ဂလန် ဒုတိယဂိုးရခဲ့ပြီး ဟယ်ရီကိန်း ဖြတ်ချိုးပေးလိုက်တာကို





ဖိုဒန်က ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ဟယ်ရီကိန်းရဲ့ ဂိုးဖန်တီးမှုက (၃)ကြိမ်ရှိလာပြီး ဂန္ထဝင်ကစားသမား





ဒေးဗစ်ဘက်ခမ် (၂၀၀၂၊ ၃ ကြိမ်) နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲ
တစ်ခုတည်းမှာ အင်္ဂလန်အသင်းအတွက် ဂိုးဖန်တီးမှု(၃)ကြိမ်
ပြုလုပ်ခဲ့သူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်ရဲ့





ခြေစွမ်းက တော်တော်လေး အားရဖို့ကောင်းပြီး တိုက်စစ်ဘယ်ခြမ်း၊
ညာခြမ်းကနေ ဝေးလ်စ်ဖက်ကို ထိုးဖောက်ကစားခဲ့သလို (၆၈)မိနစ်မှာ





အင်္ဂလန်အသင်းရဲ့ တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အင်္ဂလန်တို့ နိုင်ပွဲရယူခဲ့သလို တစ်ဖက်မှာလည်း အမေရိကန်အသင်းက
အီရန်ကို ပူလီဆစ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာကြောင့်





အင်္ဂလန်နဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
အမေရိကန်အသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအဖြစ်





ဒီဇင်ဘာ(၃)ရက်ကျရင် အုပ်စု(A) ပထမ နယ်သာလန်နဲ့
ရင်ဆိုင်ရမှာဖြစ်ပြီး အင်္ဂလန်ကတော့ ဒီဇင်ဘာ(၄)ရက်မှာ ဆီနီဂေါနဲ့ ကစားရမှာဖြစ်ပါတယ်။





zawgyi
အုပ္စုပထမရခဲ့လို႔ အဂၤလန္အသင္း နယ္သာလန္ကို ေရွာင္ႏိုင္ၿပီး ဆီနီေဂါနဲ႔ ဆုံေတြ႕ရမယ္ . . .





နာမည္ႀကီး အဂၤလန္အသင္းဟာ အုပ္စုေနာက္ဆုံးပြဲမွာ
ၿဗိတိန္ဒါဘီၿပိဳင္ဘက္ ေဝးလ္စ္အသင္းကို အခက္အခဲမရွိ
(၃-ဝ)ဂိုးအႏိုင္ယူၿပီး အုပ္စုပထမေနရာနဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္





တက္ေရာက္ခြင့္ရရွိသြားပါတယ္။ ေဝးလ္စ္အသင္းဟာ ၿပီးခဲ့တဲ့
ယူ႐ိုၿပိဳင္ပြဲေတြတုန္းကလို က်စ္လ်စ္တဲ့ ဖ်က္ျမင္းအဆင့္အေနအထား





မရွိေတာ့ဘဲ အခုပြဲမွာလည္း အဂၤလန္ကို ႀကီးႀကီးမားမား ဒုကၡမေပးႏိုင္ခဲ့ဘူး။
ဒါေတာင္ အဂၤလန္တို႔ ပထမပိုင္းတစ္ပိုင္းလုံး ဂိုးမသြင္းႏိုင္ဘဲ
မိနစ္(၅၀)ေရာက္မွ ရပ္ရွ္ဖို႔ဒ္ရဲ႕ လွပတဲ့ ဖရီးကစ္သြင္ငးဂိုးနဲ႔





အဖြင့္ဂိုးစရခဲ့ပါတယ္။ ဂိုးရၿပီးတဲ့ေနာက္ ခ်က္ခ်င္းဆိုသလို
အဂၤလန္ ဒုတိယဂိုးရခဲ့ၿပီး ဟယ္ရီကိန္း ျဖတ္ခ်ိဳးေပးလိုက္တာကို





ဖိုဒန္က ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ အခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ
ဟယ္ရီကိန္းရဲ႕ ဂိုးဖန္တီးမႈက (၃)ႀကိမ္ရွိလာၿပီး ဂႏၴဝင္ကစားသမား
ေဒးဗစ္ဘက္ခမ္ (၂၀၀၂၊ ၃ ႀကိမ္) ေနာက္ပိုင္း ကမာၻ႔ဖလားၿပိဳင္ပြဲ





တစ္ခုတည္းမွာ အဂၤလန္အသင္းအတြက္ ဂိုးဖန္တီးမႈ(၃)ႀကိမ္
ျပဳလုပ္ခဲ့သူအျဖစ္ မွတ္တမ္းဝင္သြားပါတယ္။ ဒီပြဲမွာ ရပ္ရွ္ဖို႔ဒ္ရဲ႕





ေျခစြမ္းက ေတာ္ေတာ္ေလး အားရဖို႔ေကာင္းၿပီး တိုက္စစ္ဘယ္ျခမ္း၊
ညာျခမ္းကေန ေဝးလ္စ္ဖက္ကို ထိုးေဖာက္ကစားခဲ့သလို (၆၈)မိနစ္မွာ
အဂၤလန္အသင္းရဲ႕ တတိယဂိုးကို သြင္းယူေပးခဲ့ပါတယ္။





အဂၤလန္တို႔ ႏိုင္ပြဲရယူခဲ့သလို တစ္ဖက္မွာလည္း အေမရိကန္အသင္းက
အီရန္ကို ပူလီဆစ္ရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္





အဂၤလန္နဲ႔အတူ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။
အေမရိကန္အသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲအျဖစ္
ဒီဇင္ဘာ(၃)ရက္က်ရင္ အုပ္စု(A) ပထမ နယ္သာလန္နဲ႔





ရင္ဆိုင္ရမွာျဖစ္ၿပီး အဂၤလန္ကေတာ့ ဒီဇင္ဘာ(၄)ရက္မွာ ဆီနီေဂါနဲ႔ ကစားရမွာျဖစ္ပါတယ္။