အီတိုးပြောတဲ့ ဒိုလေး၊မက်ဆီ ခေတ်လွန် ဘောလုံးနတ်ဘုရားအသစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆင်မြူရယ်အီတိုးက ရော်နယ်ဒိုနှင့်မက်ဆီခေတ်လွန်တွင်ဘောလုံးလောကရဲ့နတ်ဘုရားသစ်ဖြစ်လာမယ့်သူအားခန့်မှန်းဟောကိန်းထုတ်ထားပါတယ်။

သူက ပြင်သစ်စတားအမ်ဘက်ပီကို ထင်ကြေးပေး အမွှမ်းတင်ထားတာပါ။

အမ်ဘက်ပီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပြင်သစ်လီဂူး၁ ဖလားမဆွတ်ခူးနိုင်ခဲ့သော်လည် းပြိုင်ပွဲအရပ်ရပ်တွင် ၄၇ ပွဲ ကစားခဲ့ရာမှာ ၄၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ဘက်ပီဟာပြင်သစ်နှင့်အတူယူရို၂၀၂၀ပြိုင်ပွဲယှဉ်ပြိုင်နေပါတယ်။

ဒါပေမယ့် သူဟာအုပ်စုပွဲသုံးပွဲကစားခဲ့ရာဂိုးသွင်းထားနိုင်ခြင်းမရှိပါဘူး။

အသက်၄၀နှစ် အရွယ် အီတိုးက “ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ဘောလုံးနတ်ဘုရားတွေပါ။

သူတို့ဟာလက်ရှိဘောလုံးမှာအမြင့်ဆုံးအဆင့်မှာရှိသူတွေဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီနဲ့ရော်နယ်ဒို တို့ တစ်နေ့ ပင်ပန်းလာတဲ့အချိန်မှာနောက်ထပ်နတ်ဘုရားတစ်ပါးရောက်လာပါမယ်။

နတ်ဘုရားအသစ်ကတော့ အမ်ဘက်ပီဖြစ်ပါတယ်”လို့ပြောပါတယ်။

ဒါ့အပြင် အီတိုးက ကတ်တလန်ကလပ်အနေဖြင့် ဘာနေဗျူးကနေ ထွက်ခွာလာသော ရာမို့စ်ကို နူးကမ်းသို့ ခေါ်ယူသင့်ကြောင်း ပြောဆိုထားပါသေးတယ်။

“ဘာစီလိုနာအတွက် ရာမို့စ်ကို ခေါ်ယူခွင့်ရရင် ကျွန်တော်ခေါ်ချင်ပါတယ်။

သူဘယ်အသင်းကိုပဲ သွားရောက်ဖြစ်ပါစေ ခြေစွမ်းပြမှာပါ။

ဘာစီလိုနာအတွက် လက်ရှိအချိန်မှာ ရယူဖို့ ခက်ခဲနေတဲ့ ချန်ပီယံလိဂ်ဖလားရရှိနေရေးမှာ ရာမို့စ်က သိသိသာသာ အထောက်အကူပြုနိုင်မယ် ထင်ပါတယ်” လို့ အီတိုးက ပြောထားတာပါ။

ရာမို့စ်ဟာ ဘာစီလိုနာအသင်းနှင့် တွေ့ဆုံရာတွင် ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပြီး အယ်လ်ကလက်စီကို ပွဲများတွင် စုစုပေါင်း အနီကတ် 5 ကြိမ်အထိ ပြသခြင်းခံခဲ့ရပါတယ်။

ရာမို့စ်ဟာ ဘာနေဗျူးတွင် 16 နှစ်ကြာ ကစားခဲ့ပြီး လာလီဂါချန်ပီယံ 5 ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား 4 ကြိမ်ရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အီတိုးေျပာတဲ့ ဒိုေလး၊မက္ဆီ ေခတ္လြန္ ေဘာလုံးနတ္ဘုရားအသစ္

ဆင္ျမဴရယ္အီတိုးက ေရာ္နယ္ဒိုႏွင့္မက္ဆီေခတ္လြန္တြင္ေဘာလုံးေလာကရဲ႕နတ္ဘုရားသစ္ျဖစ္လာမယ့္သူအားခန႔္မွန္းေဟာကိန္းထုတ္ထားပါတယ္။ သူက ျပင္သစ္စတားအမ္ဘက္ပီကို ထင္ေၾကးေပး အမႊမ္းတင္ထားတာပါ။

အမ္ဘက္ပီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကျပင္သစ္လီဂူး၁ဖလားမဆြတ္ခူးႏိုင္ခဲ့ေသာ္လည္းၿပိဳင္ပြဲအရပ္ရပ္တြင္၄၇ပြဲကစားခဲ့ရာမွာ၄၂ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ လက္ရွိမွာ ဘက္ပီဟာျပင္သစ္ႏွင့္အတူ ယူ႐ို၂၀၂၀ၿပိဳင္ပြဲယွဥ္ၿပိဳင္ေနပါတယ္။ ဒါေပမယ့္ သူဟာအုပ္စုပြဲသုံးပြဲကစားခဲ့ရာဂိုးသြင္းထားႏိုင္ျခင္းမရွိပါဘူး။

အသက္၄၀ႏွစ္ အ႐ြယ္ အီတိုးက “ ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ဟာ ေဘာလုံးနတ္ဘုရားေတြပါ။ သူတို႔ဟာလက္ရွိေဘာလုံးမွာအျမင့္ဆုံးအဆင့္မွာရွိသူေတြျဖစ္ပါတယ္။ဒါေပမယ့္ မက္ဆီနဲ႔ေရာ္နယ္ဒို တို႔ တစ္ေန႔ ပင္ပန္းလာတဲ့အခ်ိန္မွာေနာက္ထပ္နတ္ဘုရားတစ္ပါးေရာက္လာပါမယ္။ နတ္ဘုရားအသစ္ကေတာ့ အမ္ဘက္ပီျဖစ္ပါတယ္”လို႔ေျပာပါတယ္။

ဒါ့အျပင္ အီတိုးက ကတ္တလန္ကလပ္အေနျဖင့္ ဘာေနဗ်ဴးကေန ထြက္ခြာလာေသာ ရာမို႔စ္ကို ႏူးကမ္းသို႔ ေခၚယူသင့္ေၾကာင္း ေျပာဆိုထားပါေသးတယ္။ “ဘာစီလိုနာအတြက္ ရာမို႔စ္ကို ေခၚယူခြင့္ရရင္ ကြၽန္ေတာ္ေခၚခ်င္ပါတယ္။ သူဘယ္အသင္းကိုပဲ သြားေရာက္ျဖစ္ပါေစ ေျခစြမ္းျပမွာပါ။ ဘာစီလိုနာအတြက္ လက္ရွိအခ်ိန္မွာ ရယူဖို႔ ခက္ခဲေနတဲ့ ခ်န္ပီယံလိဂ္ဖလားရရွိေနေရးမွာ ရာမို႔စ္က သိသိသာသာ အေထာက္အကူျပဳႏိုင္မယ္ ထင္ပါတယ္” လို႔ အီတိုးက ေျပာထားတာပါ။

ရာမို႔စ္ဟာ ဘာစီလိုနာအသင္းႏွင့္ ေတြ႕ဆုံရာတြင္ ၿပိဳင္ဆိုင္မႈ ျပင္းထန္ေလ့ရွိၿပီး အယ္လ္ကလက္စီကို ပြဲမ်ားတြင္ စုစုေပါင္း အနီကတ္ 5 ႀကိမ္အထိ ျပသျခင္းခံခဲ့ရပါတယ္။ ရာမို႔စ္ဟာ ဘာေနဗ်ဴးတြင္ 16 ႏွစ္ၾကာ ကစားခဲ့ၿပီး လာလီဂါခ်န္ပီယံ 5 ႀကိမ္ႏွင့္ ခ်န္ပီယံလိဂ္ဖလား 4 ႀကိမ္ရရွိခဲ့ပါတယ္။