အီတလီမွာ ေတာက္ပတဲ့ဘ၀သစ္ ျပန္တည္ေဆာက္ေနတဲ့ ေနာက္ထပ္ယူႏိုက္တက္အပယ္ခံတစ္ေယာက္

Photo Credit

Photo Credit

႐ိုးမားအသင္းေနာက္ခံလူ စေမာလင္းဟာ အသင္းသစ္အတြက္ သူ႕ရဲ႕ပထမဆုံးပြဲဦးထြက္အျဖစ္ အတၱလႏၱာနဲ႔ပြဲမွာ ပါ၀င္ကစားခြင့္ရခဲ့ေပမယ့္ သူ႕ရဲ႕ပြဲဦးထြက္က အဖြင့္မလွခဲ့ဘဲ အသင္းက အိမ္ကြင္းမွာ ၀-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့ရပါတယ္။

Photo Credit

ဒါေပမဲ့ အသက္ ၂၉ႏွစ္အရြယ္ရွိ စေမာလင္းဟာ တနဂၤေႏြေန႔က လက္ခ်ီအသင္းကုိ အႏိုင္ရခဲ့တဲ့အေ၀းကြင္းပြဲမွာေတာ့ အံ့အားသင့္စရာစြမ္းေဆာင္ရည္နဲ႔အတူ ပြဲစဥ္အလုိက္အေကာင္းဆုံးကစားသမားဆုရရွိတဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

Photo Credit

သူဟာ အဲဒီပြဲမွာ အျမင့္ေဘာအားၿပိဳင္မႈ ၇ႀကိမ္မွာ ရာႏႈန္းျပည့္အသာရခဲ့သလို ေဘာလုံးဖ်က္ထုတ္မႈရာႏႈန္းျပည့္ေအာင္ျမင္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ ေဘာလုံးဆယ္ယူမႈအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့သလို ေခါင္းတုိက္ရွင္းထုတ္မႈနဲ႔ ၾကားျဖတ္လုယူမႈေတြလည္း ပူးတြဲအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

Photo Credit

သူဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း ယူႏုိက္တက္ကို လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားေရာက္လာၿပီးေနာက္ အုိးထရက္ဖုိ႔ဒ္အေျခစိုက္အသင္းမွာ ပုံမွန္ပဲြထြက္ခြင့္ရဖုိ႔ ပိုမိုမေသခ်ာေတာ့လု႔ိ ေႏြေစ်းကြက္အတြင္း ႐ိုးမားကို တစ္ရာသီအငွားနဲ႔ ေရာက္ရွိလာခဲ့တာပါ။

Photo Credit

သူ႕ရဲ႕အငွားစာခ်ဳပ္ထဲမွာ ႐ိုးမားအသင္းက အငွားသက္တမ္းကုန္ဆုံးခ်ိန္မွာ အၿပီးသတ္ေခၚယူခြင့္အခ်က္မပါလုိ႔ သူ႕အေနနဲ႔ ယခုရာသီအကုန္မွာ မိခင္ကလပ္နဲ႔ ျပန္လည္ပူးေပါင္းရမွာျဖစ္ေပမယ့္ စေမာလင္းကေတာ့ နယ္ေျမသစ္မွာ ခ်က္ခ်င္းအထုိင္က်ဖုိ႔ ႀကိဳးစားရင္း အသင္းသစ္ကို ကူညီေပးေနပါတယ္။

Photo Credit

စေမာလင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ယူႏုိက္တက္ကေန စီးရီးေအကို ေရာက္လာတဲ့ကစားသမား ၃ဦးထဲမွာ တစ္ဦးအပါအ၀င္ျဖစ္ၿပီး သူတုိ႔ ၃ဦးစလုံးမွာ တူညီတဲ့အခ်က္ကေတာ့ ယူႏုိက္တက္မွာ ပြဲထြက္ခြင့္ဆုံး႐ံႈးေနရလု႔ိ ေရၾကည္ရာျမက္ႏုရာ အသင္းေျပာင္းရႊ႕လာခဲ့ၾကတာပါ။

Photo Credit

ေနာက္ထပ္ထူးျခားခ်က္ကေတာ့ အဲဒီကစားသမား ၃ဦးစလုံး နယ္ေျမသစ္မွာ ခ်က္ခ်င္းအထုိင္က်ကာ သက္ဆိုင္ရာကလပ္အသင္းအသီးသီးရဲ႕အေရးပါတဲ့ကစားသမားေတြအျဖစ္ ရပ္တည္ေနႏုိင္တာျဖစ္ၿပီး အင္တာမီလန္ကို ေပါင္ ၇၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ တုိက္စစ္မွဴး လူကာကူက နည္းျပကြန္တီရဲ႕ဦးစားေပးတုိက္စစ္မွဴးျဖစ္ေနပါတယ္။

Photo Credit

ဆန္းခ်က္ဇ္ဟာ စေနညက ဆမ္ဒုိးရီးယားကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပဲြမွာ ပထမဆုံးပြဲထြက္အျဖစ္ ပါ၀င္ကစားၿပီး ဟန္ေဆာင္ဒုိင္ဗင္ထုိးတယ္ဆိုတာ ၂၀ါ၊ ၁နီနဲ႔ ထုတ္ပယ္ခံခဲ့ရေပမယ့္ အသင္းသစ္အတြက္ သူ႕ရဲ႕ပထမဆုံးဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ေနာက္တစ္ေန႔မွာေတာ့ စေမာလင္းက ႐ိုးမားအသင္းရဲ႕အဓိကေနာက္ခံလူအျဖစ္ ခံစစ္ကို ဦးေဆာင္ကစားသြားႏိုင္ခဲ့ပါတယ္။

Photo Credit

Unicode

အီတလီမှာ တောက်ပတဲ့ဘဝသစ် ပြန်တည်ဆောက်နေတဲ့ နောက်ထပ်ယူနိုက်တက်အပယ်ခံတစ်ယောက်

ရိုးမားအသင်းနောက်ခံလူ စမောလင်းဟာ အသင်းသစ်အတွက် သူ့ရဲ့ပထမဆုံးပွဲဦးထွက်အဖြစ် အတ္တလန္တာနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် သူ့ရဲ့ပွဲဦးထွက်က အဖွင့်မလှခဲ့ဘဲ အသင်းက အိမ်ကွင်းမှာ ဝ-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ရပါတယ်။
ဒါပေမဲ့ အသက် ၂၉နှစ်အရွယ်ရှိ စမောလင်းဟာ တနင်္ဂနွေနေ့က လက်ချီအသင်းကို အနိုင်ရခဲ့တဲ့အဝေးကွင်းပွဲမှာတော့ အံ့အားသင့်စရာစွမ်းဆောင်ရည်နဲ့အတူ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
သူဟာ အဲဒီပွဲမှာ အမြင့်ဘောအားပြိုင်မှု ၇ကြိမ်မှာ ရာနှုန်းပြည့်အသာရခဲ့သလို ဘောလုံးဖျက်ထုတ်မှုရာနှုန်းပြည့်အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဘောလုံးဆယ်ယူမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သလို ခေါင်းတိုက်ရှင်းထုတ်မှုနဲ့ ကြားဖြတ်လုယူမှုတွေလည်း ပူးတွဲအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်ကို လက်စတာနောက်ခံလူ မက်ဂွိုင်းယားရောက်လာပြီးနောက် အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ပိုမိုမသေချာတော့လု့ိ နွေဈေးကွက်အတွင်း ရိုးမားကို တစ်ရာသီအငှားနဲ့ ရောက်ရှိလာခဲ့တာပါ။
သူ့ရဲ့အငှားစာချုပ်ထဲမှာ ရိုးမားအသင်းက အငှားသက်တမ်းကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူခွင့်အချက်မပါလို့ သူ့အနေနဲ့ ယခုရာသီအကုန်မှာ မိခင်ကလပ်နဲ့ ပြန်လည်ပူးပေါင်းရမှာဖြစ်ပေမယ့် စမောလင်းကတော့ နယ်မြေသစ်မှာ ချက်ချင်းအထိုင်ကျဖို့ ကြိုးစားရင်း အသင်းသစ်ကို ကူညီပေးနေပါတယ်။
စမောလင်းဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ယူနိုက်တက်ကနေ စီးရီးအေကို ရောက်လာတဲ့ကစားသမား ၃ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး သူတို့ ၃ဦးစလုံးမှာ တူညီတဲ့အချက်ကတော့ ယူနိုက်တက်မှာ ပွဲထွက်ခွင့်ဆုံးရှုံးနေရလု့ိ ရေကြည်ရာမြက်နုရာ အသင်းပြောင်းရွှ့လာခဲ့ကြတာပါ။
နောက်ထပ်ထူးခြားချက်ကတော့ အဲဒီကစားသမား ၃ဦးစလုံး နယ်မြေသစ်မှာ ချက်ချင်းအထိုင်ကျကာ သက်ဆိုင်ရာကလပ်အသင်းအသီးသီးရဲ့အရေးပါတဲ့ကစားသမားတွေအဖြစ် ရပ်တည်နေနိုင်တာဖြစ်ပြီး အင်တာမီလန်ကို ပေါင် ၇၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး လူကာကူက နည်းပြကွန်တီရဲ့ဦးစားပေးတိုက်စစ်မှူးဖြစ်နေပါတယ်။
ဆန်းချက်ဇ်ဟာ စနေညက ဆမ်ဒိုးရီးယားကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပထမဆုံးပွဲထွက်အဖြစ် ပါဝင်ကစားပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်ဆိုတာ ၂ဝါ၊ ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရပေမယ့် အသင်းသစ်အတွက် သူ့ရဲ့ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ စမောလင်းက ရိုးမားအသင်းရဲ့အဓိကနောက်ခံလူအဖြစ် ခံစစ်ကို ဦးဆောင်ကစားသွားနိုင်ခဲ့ပါတယ်။