အီတလီဘောလုံးလောကမှာ ဒုတိယအမြန်ဆုံးဂိုး ၅၀ ပြည့်သူဖြစ်လာတဲ့ စီရော်နယ်ဒို

Photo- Internet
Photo- Internet

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျူ ဗင်တပ်က ဖီအိုရင်တီးနားကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူ း စီရော်နယ်ဒိုဟာ ၂ ဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးတွေကြောင့် သူဟာဂျူ ဗင်တပ်အတွက်ဂိုး ၅၀ ပြည့်သွားခဲ့ပြီး အီတလီဘောလုံးလောကမှာ ဒုတိယမြောက်အမြန်ဆုံးဂိုး ၅၀ ပြည့်သူအဖြစ်မှတ်တမ်းဝင်သွားတယ်လို့ သိရပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဘရာဇီးတိုက်စစ်မှူ းဟောင်း ရော်နယ်ဒို၊ ဘာတစ္စတူတာ၊ ပလာတီနီ၊ ဗန်ဘတ်စတန် အစရှိတဲ့ ဂန္ထဝင်တွေကိုကျော်ဖြတ်ပြီး ဒီမှတ်တမ်းကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဖီအိုရင်တီးနားနဲ့ပွဲမှာ ပင်နယ်တီကနေတစ်ဆင့် ၂ ဂိုးသွင်းယူခဲ့တာပါ။

Photo- Internet

သူဟာဂျူ ဗင်တပ်အသင်းအတွက်ပွဲ ၇၀ တည်းနဲ့ဂိုး ၅၀ ပြည့်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း အီတလီဘောလုံးလောကမှာ သူ့ထက်အမြန်ဆုံးဂိုး ၅၀ ပြည့်ခဲ့သူဆိုလို့ အေစီမီလန်နဲ့ယူကရိန်းလက်ရွေးစင်တိုက်စစ်မှူ းဟောင်း ရှက်ချန်ကိုသာရှိတော့ပြီးသူက ၆၉ ပွဲနဲ့ ဂိုး ၅၀ ပြည့်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

ရှက်ချန်ကိုနဲ့ စီရော်နယ်ဒိုပြီးရင်ဂိုး ၅၀ အမြန်ဆုံးပြည့်ခဲ့သူတွေကတော့ အင်တာမီလန်တိုက်စစ်မှူ းဟောင်း ရော်နယ်ဒိုဖြစ်ပြီး ၇၇ ပွဲနဲ့ အဆင့် ၃၊ အေစီမီလန်နဲ့နယ်သာလန်လက်ရွေးစင်ဟောင်း ဗန်ဘတ်စတန်က ၈၃ ပွဲနဲ့အဆင့် ၄၊ ဂျူ ဗင်တပ်နဲ့ပြင်သစ်တိုက်စစ်မှူ းဟောင်း ပလာတီနီက ၈၄ ပွဲနဲ့အဆင့် ၅ နေရာမှာရှိပြီး ထိပ်ဆုံး ၅ ဦးအဖြစ် ရပ်တည်နေကြပါတယ်။

Photo- Internet

အဆင့် ၆ မှာတော့ ဖီအိုရင်တီးနားနဲ့ အာဂျင်တီးနားတိုက်စစ်မှူ းဟောင်း ဘာတစစ္စတူတာက ၈၅ ပွဲ၊ အဆင့် ၇ မှာ ဂျူ ဗင်တပ်နဲ့ပြင်သစ်လက်ရွေးစင်ဟောင်း ထရက်ဇီဂေးက ၈၆ ပွဲ၊ အဆင့် ၈ မှာရိုးမားရဲ့လက်ရှိတိုက်စစ်မှူ း ဒီဇက်ကိုက ၉၂ ပွဲ၊ အဆင့် ၉ မှာ အင်တာ၊ဖီအိုရင်တီးနားနဲ့ ပါးမားတိုက်စစ်မှူ းဟောင်း အက်ဒရီယာနိုက ၉၅ ပွဲ၊ အဆင့် ၁၀ မှာ ဟီဂူအင်က ၉၆ ပွံဲနဲ့အသီးသီးရပ်တည်နေကြတယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

အီတလီေဘာလုံးေလာကမွာ ဒုတိယအျမန္ဆုံးဂိုး ၅၀ ျပည့္သူျဖစ္လာတဲ႔ စီေရာ္နယ္ဒို

ၿပီးခဲ့တဲ႔ တနဂၤေႏြေန႔က ဂ်ဴ ဗင္တပ္က ဖီအိုရင္တီးနားကို ၃-၀ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲစဥ္မွာ တိုက္စစ္မွဴ း စီေရာ္နယ္ဒိုဟာ ၂ ဂိုးသြင္းယူခဲ့ပါတယ္။ ဒီဂိုးေတြေၾကာင့္ သူဟာဂ်ဴ ဗင္တပ္အတြက္ဂိုး ၅၀ ျပည့္သြားခဲ့ၿပီး အီတလီေဘာလုံးေလာကမွာ ဒုတိယေျမာက္အျမန္ဆုံးဂိုး ၅၀ ျပည့္သူအျဖစ္မွတ္တမ္း၀င္သြားတယ္လို႔ သိရပါတယ္။

အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ႔ စီေရာ္နယ္ဒိုဟာ ဘရာဇီးတိုက္စစ္မွဴ းေဟာင္း ေရာ္နယ္ဒို၊ ဘာတစၥတူတာ၊ ပလာတီနီ၊ ဗန္ဘတ္စတန္ အစရွိတဲ႔ ဂႏၳ၀င္ေတြကိုေက်ာ္ျဖတ္ၿပီး ဒီမွတ္တမ္းကိုရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ သူဟာ ဖီအိုရင္တီးနားနဲ႔ပြဲမွာ ပင္နယ္တီကေနတစ္ဆင့္ ၂ ဂိုးသြင္းယူခဲ့တာပါ။

သူဟာဂ်ဴ ဗင္တပ္အသင္းအတြက္ပြဲ ၇၀ တည္းနဲ႔ဂိုး ၅၀ ျပည့္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အီတလီေဘာလုံးေလာကမွာ သူ႔ထက္အျမန္ဆုံးဂိုး ၅၀ ျပည့္ခဲ့သူဆိုလို႔ ေအစီမီလန္နဲ႔ယူကရိန္းလက္ေရြးစင္တိုက္စစ္မွဴ းေဟာင္း ရွက္ခ်န္ကိုသာရွိေတာ႔ၿပီးသူက ၆၉ ပြဲနဲ႔ ဂိုး ၅၀ ျပည့္ခဲ့တာျဖစ္ပါတယ္။

ရွက္ခ်န္ကိုနဲ႔ စီေရာ္နယ္ဒိုၿပီးရင္ဂိုး ၅၀ အျမန္ဆုံးျပည့္ခဲ့သူေတြကေတာ႔ အင္တာမီလန္တိုက္စစ္မွဴ းေဟာင္း ေရာ္နယ္ဒိုျဖစ္ၿပီး ၇၇ ပြဲနဲ႔ အဆင့္ ၃၊ ေအစီမီလန္နဲ႔နယ္သာလန္လက္ေရြးစင္ေဟာင္း ဗန္ဘတ္စတန္က ၈၃ ပြဲနဲ႔အဆင့္ ၄၊ ဂ်ဴ ဗင္တပ္နဲ႔ျပင္သစ္တိုက္စစ္မွဴ းေဟာင္း ပလာတီနီက ၈၄ ပြဲနဲ႔အဆင့္ ၅ ေနရာမွာရွိၿပီး ထိပ္ဆုံး ၅ ဦးအျဖစ္ ရပ္တည္ေနၾကပါတယ္။

အဆင့္ ၆ မွာေတာ႔ ဖီအိုရင္တီးနားနဲ႔ အာဂ်င္တီးနားတိုက္စစ္မွဴ းေဟာင္း ဘာတစစၥတူတာက ၈၅ ပြဲ၊ အဆင့္ ၇ မွာ ဂ်ဴ ဗင္တပ္နဲ႔ျပင္သစ္လက္ေရြးစင္ေဟာင္း ထရက္ဇီေဂးက ၈၆ ပြဲ၊ အဆင့္ ၈ မွာရိုးမားရဲ႕လက္ရွိတိုက္စစ္မွဴ း ဒီဇက္ကိုက ၉၂ ပြဲ၊ အဆင့္ ၉ မွာ အင္တာ၊ဖီအိုရင္တီးနားနဲ႔ ပါးမားတိုက္စစ္မွဴ းေဟာင္း အက္ဒရီယာႏိုက ၉၅ ပြဲ၊ အဆင့္ ၁၀ မွာ ဟီဂူအင္က ၉၆ ပြံဲနဲ႔အသီးသီးရပ္တည္ေနၾကတယ္လို႔ သိရပါတယ္။