အီတလီဘာသာစကား မသင်ကြားသေးတဲ့ စီရော်နယ်က ၂၀၂၂ ပြီးရင် အနားမယူသေးဘဲ အသင်းပြောင်းဖွယ်ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ စီးရီးအေချန်ပီယံနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသူဖြစ်ပေမယ့် ယင်းစာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါကျရင် အနားယူဖို့ အစီအစဉ်မရှိတဲ့ပုံပေါ်တယ်လို့ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့အတူ နောက်ထပ်ကောင်းမွန်တဲ့ရာသီကို စတင်နိုင်ခဲ့သူဖြစ်ပေမယ့် ၎င်းရဲ့စာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး နောက်ထပ်ပြောစရာကိစ္စဖြစ်လာတော့မှာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်ထက်ကျော်လွန်ပြီး ထိပ်တန်းအဆင့်မှာ ကစားချင်နေပေမယ့် ဂျူဗင်တပ်အသင်းမှာပဲ ဆက်နေပြီး ကစားလိမ့်မယ်ဆိုတဲ့ အာမခံချက်မျိုးမရှိကြောင်း Tuttosport က ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပီအက်စ်ဂျီအသင်းနဲ့ အရင်တုန်းက သတင်းတွေထွက်ပေါ်ခဲ့ဖူးသူဖြစ်ပြီး မေဂျာလိဂ်နဲ့ တရုတ်စူပါလိဂ်တို့လို ပြိုင်ပွဲမျိုးကို သွားရောက်လိုခြင်းမရှိဘူးလို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ယခုရာသီ ဂျူဗင်တပ်အသင်းအတွက် စီးရီးအေပွဲစဉ် ၃ ပွဲ ပါဝင်ကစားပေးထားရာမှာ ၅ ဂိုးသွင်းယူပေးထားသူဖြစ်ပြီး ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် ၉၃ ပွဲမှာ သွင်းဂိုး ၇၀ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး ရီးရဲမက်ဒရစ်ကနေ ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာပြီးကတည်းက စီးရီးအေမှာ ကောင်းကောင်းအသားကျနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်အသင်းအတွက် ၁၉၈၇ ခုနှစ်ကနေ ၁၉၉၀ အထိ ကစားပေးခဲ့ဖူးတဲ့ အီတလီဘောလုံးဝေဖန်သူပက်စကွားဘရူနိုအတွက်တော့ ရော်နယ်ဒိုဟာ အပြစ်ပြောစရာလူတစ်ယောက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဘရူနိုက ရော်နယ်ဒိုကို Tiki Taka အီတလီတီဗွီရှိုးမှာ ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပြီး အထူးသဖြင့် ၎င်းရဲ့ အီတလီဘာသာစကားစွမ်းရည်ကင်းမဲ့မှုအတွက် ဝေဖန်ပြစ်တင်ခဲ့တာဖြစ်ပါတယ်။

“သူက ဘာကိုမှ အလေးမနက်မထားတဲ့ ပေါ့တီးပေ့ါပျက်ကောင်ပါ။ သူ အီတလီမှာရှိနေတာ ၂ နှစ်ရှိနေခဲ့ပြီဖြစ်ပြီး အခုအချိန်အထိ ကျွန်တော်တို့ ဘာသာစကားကို ပြောဖို့ မသင်ယူသေးပါဘူး၊

သူ့အကြောင်းပြောရင် စပိန်စကားကိုပဲ အသုံးပြုပါတယ်။ သူ့ရဲ့အသင်းဖော်တွေကိုရော၊ အီတလီလူမျိုးတွေကိုပါ လေးစားမှုမရှိတဲ့သူပါ”လို့ ဘရူနိုက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အီတလီဘာသာစကား မသင္ၾကားေသးတဲ့ စီေရာ္နယ္က ၂၀၂၂ ၿပီးရင္ အနားမယူေသးဘဲ အသင္းေျပာင္းဖြယ္ရွိေန

ဂ်ဴဗင္တပ္ၾကယ္ပြင့္တိုက္စစ္မႉး ခရစ္စတီယာႏိုေရာ္နယ္ဒိုဟာ စီးရီးေအခ်န္ပီယံနဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနသူျဖစ္ေပမယ့္ ယင္းစာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အခါက်ရင္ အနားယူဖို႔ အစီအစဥ္မရွိတဲ့ပုံေပၚတယ္လို႔ သိရပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းနဲ႔အတူ ေနာက္ထပ္ေကာင္းမြန္တဲ့ရာသီကို စတင္ႏိုင္ခဲ့သူျဖစ္ေပမယ့္ ၎ရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၂ ခုႏွစ္မွာ ကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အနာဂတ္နဲ႔ပတ္သက္ၿပီး ေနာက္ထပ္ေျပာစရာကိစၥျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ၂၀၂၂ ခုႏွစ္ထက္ေက်ာ္လြန္ၿပီး ထိပ္တန္းအဆင့္မွာ ကစားခ်င္ေနေပမယ့္ ဂ်ဴဗင္တပ္အသင္းမွာပဲ ဆက္ေနၿပီး ကစားလိမ့္မယ္ဆိုတဲ့ အာမခံခ်က္မ်ိဳးမရွိေၾကာင္း Tuttosport က ေဖာ္ျပခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ အရင္တုန္းက သတင္းေတြထြက္ေပၚခဲ့ဖူးသူျဖစ္ၿပီး ေမဂ်ာလိဂ္နဲ႔ တ႐ုတ္စူပါလိဂ္တို႔လို ၿပိဳင္ပြဲမ်ိဳးကို သြားေရာက္လိုျခင္းမရွိဘူးလို႔ သိရပါတယ္။

ေရာ္နယ္ဒိုဟာ ယခုရာသီ ဂ်ဴဗင္တပ္အသင္းအတြက္ စီးရီးေအပြဲစဥ္ ၃ ပြဲ ပါဝင္ကစားေပးထားရာမွာ ၅ ဂိုးသြင္းယူေပးထားသူျဖစ္ၿပီး
ယခုရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပထမဆုံးသြင္းဂိုးကို သြင္းယူႏိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းအတြက္ ၉၃ ပြဲမွာ သြင္းဂိုး ၇၀ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ၿပီး ရီးရဲမက္ဒရစ္ကေန ယူ႐ိုသန္း ၁၀၀ နဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက စီးရီးေအမွာ ေကာင္းေကာင္းအသားက်ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဂ်ဴဗင္တပ္အသင္းအတြက္ ၁၉၈၇ ခုႏွစ္ကေန ၁၉၉၀ အထိ ကစားေပးခဲ့ဖူးတဲ့ အီတလီေဘာလုံးေဝဖန္သူပက္စကြားဘ႐ူႏိုအတြက္ေတာ့ ေရာ္နယ္ဒိုဟာ အျပစ္ေျပာစရာလူတစ္ေယာက္ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ဘ႐ူႏိုက ေရာ္နယ္ဒိုကို Tiki Taka အီတလီတီဗြီရႈိးမွာ ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ၿပီး အထူးသျဖင့္ ၎ရဲ႕ အီတလီဘာသာစကားစြမ္းရည္ကင္းမဲ့မႈအတြက္ ေဝဖန္ျပစ္တင္ခဲ့တာျဖစ္ပါတယ္။

“သူက ဘာကိုမွ အေလးမနက္မထားတဲ့ ေပါ့တီးေပ့ါပ်က္ေကာင္ပါ။ သူ အီတလီမွာရွိေနတာ ၂ ႏွစ္ရွိေနခဲ့ၿပီျဖစ္ၿပီး အခုအခ်ိန္အထိ ကြၽန္ေတာ္တို႔ ဘာသာစကားကို ေျပာဖို႔ မသင္ယူေသးပါဘူး၊

သူ႔အေၾကာင္းေျပာရင္ စပိန္စကားကိုပဲ အသုံးျပဳပါတယ္။ သူ႔ရဲ႕အသင္းေဖာ္ေတြကိုေရာ၊ အီတလီလူမ်ိဳးေတြကိုပါ ေလးစားမႈမရွိတဲ့သူပါ”လို႔ ဘ႐ူႏိုက ေျပာၾကားခဲ့ပါတယ္။