အီတလီပရိသတ်တယောက်ရဲ့ အလန်းစားတက်တူး ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို ၂၀၂၀ ပြိုင်ပွဲပြီးဆုံးသွားတာ ၁ ပတ်လောက်ရှိပြီဆိုပေမဲ့ ပြောစရာတွေကတော့ ပရိသတ်တွေကြားမှာ အခုထိလတ်ဆတ်နေဆဲပါ။

ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီပရိသတ်တွေက အောင်ပွဲခံလို့မဝသေးသလို ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်ပရိသတ်တွေကလည်း အရှုံးရလဒ်ရဲ့ ရိုက်ခက်မှုကို အခုထိခံစားနေရဆဲပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက အီတလီ ပရိသတ်တယောက်ရဲ့ တက်တူး နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေကြားမှာ အတော်လေးအပြောများခဲ့ပါတယ်။

အကြောင်းရင်းကတော့ အင်္ဂလန်-အီတလီ ပွဲက အငြင်းပွါးဖွယ်ဖြစ်ရပ်တခုဖြစ်တဲ့ ချီလီနီ က ဆာကာ ကို အနောက်ကနေဆွဲထားခဲ့တဲ့ ပုံရိပ်ကို အီတလီပရိသတ်တယောက်က အနည်းငယ်ဆန်းသစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်မှာ တက်တူးထိုးခဲ့တာကြောင့်ဖြစ်ပါတယ်။

ယူရိုဖလားကို လှမ်းယူဖို့ကြိုးစားနေတဲ့ ဆာကာ ကို ချီလီနီ က အနောက်ကနေလှမ်းဆွဲလိုက်တဲ့ ပုံကို တက်တူးဆရာက လက်ရာမြောက်စွာ ရေးထိုးပေးထားတဲ့ သူ့ရဲ့တက်တူးဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားခဲ့ပြီး အတော်လေးလူပြောများခဲ့ပါတယ်။

ဒီကိစ္စဟာ အင်္ဂလန်ပရိသတ်တွေအတွက်တော့ အတော်လေးခံရခက်တဲ့ ကိစ္စဖြစ်တာကြောင့် တက်တူးပိုင်ရှင်ကို အင်္ဂလန်ကိုတော့ နောက်တခါ မသွားမိစေနဲ့လို့ ပရိသတ်တချို့က ကျီစယ်ခဲ့ကြပါတယ်။

ဒီလိုမျိုး ကိုယ်အားပေးတဲ့အသင်းရဲ့ အောင်ပွဲကို တသက်လုံးအမှတ်ရနေအောင် တက်တူးထိုးထားတာဟာ ဘောလုံးလောကမှာတော့ သိပ်ပြီးထူးဆန်းတဲ့အရာမဟုတ်ဘူးလို့ ဆိုရမှာပါ။

ဒါပေမဲ့ ထူးဆန်းတာကတော့ အင်္ဂလန်ပရိသတ်တချို့ရဲ့ တက်တူးတွေပါ။

သူတို့အသင်းကို အမြဲအထင်ကြီးတက်တဲ့ အင်္ဂလန်ပရိသတ်တွေဟာ အောင်ပွဲမရခင်ကတည်းက တက်တူးတွေကြိုပြီး ထိုးတက်လေ့ရှိကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း ပရိသတ်တယောက်က အင်္ဂလန် ကမ္ဘာ့ဖလားကြိမ်းသေရပြီဆိုပြီး “ England 2018 World Cup Winner “ လို့ ရေးထားတဲ့စာသားနဲ့အတူ ကမ္ဘာ့ဖလားပုံကို တက်တူးထိုးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း ပရိသတ်တယောက်က ဗိုလ်လုပွဲမကန်ခင်ကတည်းက “ Euro 2020 England Winner “ ၊ “ It’s Coming Home “ လို့ရေးထားတဲ့စာသားတွေနဲ့အတူ ယူရိုဖလားပုံကို တက်တူးထိုးခဲ့ပါတယ်။

အင်္ဂလန်အသင်းကို အကြွင်းမဲ့ယုံကြည်လေ့ရှိတဲ့ ပရိသတ်တွေက တက်တူးတွေကြိုထိုးတက်ကြပေမဲ့ အဆုံးသတ်မှာတော့ လူတွေရဲ့လှောင်ပြောင်ခြင်းကိုသာ ခံခဲ့ရတယ်လို့သာ ဆိုရမှာဖြစ်ပါတယ်။

နောက်လာမယ့် ပြိုင်ပွဲတွေမှာတော့ တက်တူးမထိုးခင် ၂ ခါ ၃ ခါလောက် ပြန်စဉ်းစားပါအုန်းလို့သာ အင်္ဂလန်ပရိသတ်တွေကို အကြံပေးလိုက်ချင်ပါတော့တယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အီတလီပရိသတ္တေယာက္ရဲ႕ အလန္းစားတက္တူး ဆိုရွယ္မီဒီယာေပၚမွာ ေရပန္းစားေန

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲၿပီးဆုံးသြားတာ ၁ ပတ္ေလာက္ရွိၿပီဆိုေပမဲ့ ေျပာစရာေတြကေတာ့ ပရိသတ္ေတြၾကားမွာ အခုထိလတ္ဆတ္ေနဆဲပါ။ ခ်န္ပီယံျဖစ္ခဲ့တဲ့ အီတလီပရိသတ္ေတြက ေအာင္ပြဲခံလို႔မဝေသးသလို ရႈံးနိမ့္ခဲ့တဲ့ အဂၤလန္ပရိသတ္ေတြကလည္း အရႈံးရလဒ္ရဲ႕ ႐ိုက္ခက္မႈကို အခုထိခံစားေနရဆဲပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းက အီတလီ ပရိသတ္တေယာက္ရဲ႕ တက္တူး နဲ႔ပတ္သက္ၿပီး ဆိုရွယ္မီဒီယာေပၚက ပရိသတ္ေတြၾကားမွာ အေတာ္ေလးအေျပာမ်ားခဲ့ပါတယ္။ အေၾကာင္းရင္းကေတာ့ အဂၤလန္-အီတလီ ပြဲက အျငင္းပြါးဖြယ္ျဖစ္ရပ္တခုျဖစ္တဲ့ ခ်ီလီနီ က ဆာကာ ကို အေနာက္ကေနဆြဲထားခဲ့တဲ့ ပုံရိပ္ကို အီတလီပရိသတ္တေယာက္က အနည္းငယ္ဆန္းသစ္ၿပီး သူ႔ရဲ႕ခႏၶာကိုယ္မွာ တက္တူးထိုးခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ယူ႐ိုဖလားကို လွမ္းယူဖို႔ႀကိဳးစားေနတဲ့ ဆာကာ ကို ခ်ီလီနီ က အေနာက္ကေနလွမ္းဆြဲလိုက္တဲ့ ပုံကို တက္တူးဆရာက လက္ရာေျမာက္စြာ ေရးထိုးေပးထားတဲ့ သူ႔ရဲ႕တက္တူးဟာ ဆိုရွယ္မီဒီယာေပၚမွာ ေရပန္းစားခဲ့ၿပီး အေတာ္ေလးလူေျပာမ်ားခဲ့ပါတယ္။

ဒီကိစၥဟာ အဂၤလန္ပရိသတ္ေတြအတြက္ေတာ့ အေတာ္ေလးခံရခက္တဲ့ ကိစၥျဖစ္တာေၾကာင့္ တက္တူးပိုင္ရွင္ကို အဂၤလန္ကိုေတာ့ ေနာက္တခါ မသြားမိေစနဲ႔လို႔ ပရိသတ္တခ်ိဳ႕က က်ီစယ္ခဲ့ၾကပါတယ္။ ဒီလိုမ်ိဳး ကိုယ္အားေပးတဲ့အသင္းရဲ႕ ေအာင္ပြဲကို တသက္လုံးအမွတ္ရေနေအာင္ တက္တူးထိုးထားတာဟာ ေဘာလုံးေလာကမွာေတာ့ သိပ္ၿပီးထူးဆန္းတဲ့အရာမဟုတ္ဘူးလို႔ ဆိုရမွာပါ။

ဒါေပမဲ့ ထူးဆန္းတာကေတာ့ အဂၤလန္ပရိသတ္တခ်ိဳ႕ရဲ႕ တက္တူးေတြပါ။ သူတို႔အသင္းကို အၿမဲအထင္ႀကီးတက္တဲ့ အဂၤလန္ပရိသတ္ေတြဟာ ေအာင္ပြဲမရခင္ကတည္းက တက္တူးေတြႀကိဳၿပီး ထိုးတက္ေလ့ရွိၾကပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားတုန္းကလည္း ပရိသတ္တေယာက္က အဂၤလန္ ကမာၻ႔ဖလားႀကိမ္းေသရၿပီဆိုၿပီး “ England 2018 World Cup Winner “ လို႔ ေရးထားတဲ့စာသားနဲ႔အတူ ကမာၻ႔ဖလားပုံကို တက္တူးထိုးခဲ့ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာလည္း ပရိသတ္တေယာက္က ဗိုလ္လုပြဲမကန္ခင္ကတည္းက “ Euro 2020 England Winner “ ၊ “ It’s Coming Home “ လို႔ေရးထားတဲ့စာသားေတြနဲ႔အတူ ယူ႐ိုဖလားပုံကို တက္တူးထိုးခဲ့ပါတယ္။

အဂၤလန္အသင္းကို အႂကြင္းမဲ့ယုံၾကည္ေလ့ရွိတဲ့ ပရိသတ္ေတြက တက္တူးေတြႀကိဳထိုးတက္ၾကေပမဲ့ အဆုံးသတ္မွာေတာ့ လူေတြရဲ႕ေလွာင္ေျပာင္ျခင္းကိုသာ ခံခဲ့ရတယ္လို႔သာ ဆိုရမွာျဖစ္ပါတယ္။ ေနာက္လာမယ့္ ၿပိဳင္ပြဲေတြမွာေတာ့ တက္တူးမထိုးခင္ ၂ ခါ ၃ ခါေလာက္ ျပန္စဥ္းစားပါအုန္းလို႔သာ အဂၤလန္ပရိသတ္ေတြကို အႀကံေပးလိုက္ခ်င္ပါေတာ့တယ္။