
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူရို-၂၀၂၀ ဗိုလ်လုပွဲအဖြစ် အီတလီနဲ့ကစားမယ့်ပွဲမှာ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ နောက်ခံလူ(၅)ဦးအထိထားပြီး ပွဲထွက်လာဖို့ရှိတာကြောင့်
တောင်ပံကစားသမား ဆာကာ နေရာပျောက်ဖို့ရှိတယ်လို့ ဗြိတိန်နာမည်ကျော် The Sun သတင်းစာက သုံးသပ်ဖော်ပြခဲ့ပါတယ်။
ဆောက်ဂိတ်အနေနဲ့ (၅၅)နှစ်အကြာမှာ ပထမဆုံးအကြိမ်ကစားရမယ့် ဗိုလ်လုပွဲအတွက် သေသေချာချာပြင်ဆင်လာမှာဖြစ်ပြီး
အီတလီအသင်း တောင်ပံတိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ ခံစစ်မှာ ကစားသမား(၅)ဦးအထိ အသုံးပြုဖု့ိရှိနေတာပါ။
ခံစစ်အတွင်းလူတွေအဖြစ် ဝေါလ်ကာ၊ မက်ဂွိုင်းယား၊ ဂျွန်စတုန်းစ်၊ ဘယ်နောက်ခံလူနေရာမှာ လုခ်ရှော၊ ညာခြမ်းမှာတော့ ထရစ်ပီယာကို ပွဲထုတ်ဖို့ရှိနေပြီး
ကွင်းလယ်မှာ ပုံမှန်အတိုင်း ဒီကလန်ရိုက်စ်နဲ့ ကယ်လ်ဗင်ဖိလစ်၊ တိုက်စစ်အတွဲအဖြစ် ဟယ်ရီကိန်း၊ စတာလင်၊ မေဆင်မောင့်တို့ကို အသုံးပြုနိုင်ပါတယ်။
အင်္ဂလန်အသင်း Full Backs တွေဖြစ်တဲ့ လုခ်ရှောနဲ့ ထရစ်ပီယာတို့ဟာ Wing Backs တွေအဖြစ် ကစားဖို့ရှိနေတာကြောင့် အင်္ဂလန်အသင်းကစားကွက်က (၃-၄-၃)ပုံစံဖြစ်သွားမှာပါ။
အီတလီအသင်းဟာ တိုက်စစ်ဆင်တဲ့အခါ တောင်ပံတိုက်စစ်ကစားသမားတွေနဲ့ Full Backs တွေ ချိတ်ဆက်ပြီးကစားလေ့ရှိတာကြောင့်
အဲဒါကို ထိန်းချုပ်ဖို့ ဆောက်ဂိတ်က ပြင်ဆင်နေတာဖြစ်ပြီး ဒီကစားပုံနဲ့ ပြီးခဲ့တဲ့ရှုံးထွက်(၁၆)သင်းအဆင့်တုန်းက ဂျာမနီအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းမှာ အသေးစားဒဏ်ရာပြဿနာကြောင့် ဗိုလ်လုပွဲနဲ့လွဲချော်ဖို့ရှိနေတဲ့ ဖိုဒန်ကလွဲလို့ ကျန်တဲ့ကစားသမားတွေအစုံအလင်ပါဝင်နိုင်မှာဖြစ်ပြီး
ဆောက်ဂိတ်ဟာ ပရိသတ်အကြိုက်ကစားသမားတစ်ဦးဖြစ်တဲ့ ဂရီးလစ်ရှ်ကို ထုံးစံအတိုင်းလူစားဝင်ကစားသမားအဖြစ် အသုံးပြုဖို့ရှိနေပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အီတလီနဲ႔ ဗိုလ္လုပြဲမွာ အဂၤလန္အသင္း ေနာက္ခံလူ(၅)ဦးနဲ႔ ပြဲထြက္လာဖို႔ရွိေန
ယူ႐ို-၂၀၂၀ ဗိုလ္လုပြဲအျဖစ္ အီတလီနဲ႔ကစားမယ့္ပြဲမွာ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ဟာ ေနာက္ခံလူ(၅)ဦးအထိထားၿပီး ပြဲထြက္လာဖို႔ရွိတာေၾကာင့္ ေတာင္ပံကစားသမား ဆာကာ ေနရာေပ်ာက္ဖို႔ရွိတယ္လို႔ ၿဗိတိန္နာမည္ေက်ာ္ The Sun သတင္းစာက သုံးသပ္ေဖာ္ျပခဲ့ပါတယ္။
ေဆာက္ဂိတ္အေနနဲ႔ (၅၅)ႏွစ္အၾကာမွာ ပထမဆုံးအႀကိမ္ကစားရမယ့္ ဗိုလ္လုပြဲအတြက္ ေသေသခ်ာခ်ာျပင္ဆင္လာမွာျဖစ္ၿပီး အီတလီအသင္း ေတာင္ပံတိုက္စစ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ခံစစ္မွာ ကစားသမား(၅)ဦးအထိ အသုံးျပဳဖု႔ိရွိေနတာပါ။
ခံစစ္အတြင္းလူေတြအျဖစ္ ေဝါလ္ကာ၊ မက္ဂြိဳင္းယား၊ ဂြၽန္စတုန္းစ္၊ ဘယ္ေနာက္ခံလူေနရာမွာ လုခ္ေရွာ၊ ညာျခမ္းမွာေတာ့ ထရစ္ပီယာကို ပြဲထုတ္ဖို႔ရွိေနၿပီး ကြင္းလယ္မွာ ပုံမွန္အတိုင္း ဒီကလန္႐ိုက္စ္နဲ႔ ကယ္လ္ဗင္ဖိလစ္၊ တိုက္စစ္အတြဲအျဖစ္ ဟယ္ရီကိန္း၊ စတာလင္၊ ေမဆင္ေမာင့္တို႔ကို အသုံးျပဳႏိုင္ပါတယ္။
အဂၤလန္အသင္း Full Backs ေတြျဖစ္တဲ့ လုခ္ေရွာနဲ႔ ထရစ္ပီယာတို႔ဟာ Wing Backs ေတြအျဖစ္ ကစားဖို႔ရွိေနတာေၾကာင့္ အဂၤလန္အသင္းကစားကြက္က (၃-၄-၃)ပုံစံျဖစ္သြားမွာပါ။
အီတလီအသင္းဟာ တိုက္စစ္ဆင္တဲ့အခါ ေတာင္ပံတိုက္စစ္ကစားသမားေတြနဲ႔ Full Backs ေတြ ခ်ိတ္ဆက္ၿပီးကစားေလ့ရွိတာေၾကာင့္ အဲဒါကို ထိန္းခ်ဳပ္ဖို႔ ေဆာက္ဂိတ္က ျပင္ဆင္ေနတာျဖစ္ၿပီး ဒီကစားပုံနဲ႔ ၿပီးခဲ့တဲ့ရႈံးထြက္(၁၆)သင္းအဆင့္တုန္းက ဂ်ာမနီအသင္းကို (၂-ဝ)ဂိုးနဲ႔အႏိုင္ယူေက်ာ္ျဖတ္ခဲ့တာျဖစ္ပါတယ္။
အဂၤလန္အသင္းမွာ အေသးစားဒဏ္ရာျပႆနာေၾကာင့္ ဗိုလ္လုပြဲနဲ႔လြဲေခ်ာ္ဖို႔ရွိေနတဲ့ ဖိုဒန္ကလြဲလို႔ က်န္တဲ့ကစားသမားေတြအစုံအလင္ပါဝင္ႏိုင္မွာျဖစ္ၿပီး ေဆာက္ဂိတ္ဟာ ပရိသတ္အႀကိဳက္ကစားသမားတစ္ဦးျဖစ္တဲ့ ဂရီးလစ္ရွ္ကို ထုံးစံအတိုင္းလူစားဝင္ကစားသမားအျဖစ္ အသုံးျပဳဖို႔ရွိေနပါၿပီ။