အီတလီနဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့ စပိန်ရဲ့အသက်အငယ်ဆုံးဂါဗီ ဘယ်ကလာသလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုချန်ပီယံအီတလီကိုအနိုင်ရခဲ့တဲ့နေးရှင်းလိဂ်ဆီမီးဖိုင်နယ်မှာ ပွဲထွက်စာရင်းထဲ လူငယ်ကွင်းလယ်လူဂါဗီကို ထည့်ခဲ့တဲ့ စပိန်နည်းပြလူးဝစ်အင်းနရစ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အတော်များများက အံ့အားသင့်နေကြမှာပါ။

ဒါပေမဲ့ အဲဒီဘာစီလိုနာလူငယ်ကစားသမားဟာ ဆန်စီရိုကွင်းမှာ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တဲ့ခြေစွမ်းပြသွားနိုင်ခဲ့ပါတယ်။

အဲဒီပွဲ ပွဲထွက်ပါခဲ့လို့ ၁၇ နှစ်၊ ၆၂ ရက်နဲ့ ဂါဗီဟာ စပိန်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ငယ်ရွယ်ပေမယ့်လည်း ဂါဗီဟာ ပွဲတစ်လျှောက်လုံးမှာ ဘောလုံးတောင်းဖို့ တုံ့ဆိုင်းမနေခဲ့ဘဲ စပိန်ကွင်းလယ်မှာ အတွေ့အကြုံရင့်တွေဖြစ်ကြတဲ့ ကိုကီ၊ဘက်စ်ကွက်တို့နဲ့ တွဲဖက်ညီညီကစားနိုင်ခဲ့ပါတယ်။

သူ့အရည်အသွေးကိုသက်သေပြတဲ့အခိုက်အတန့်ကတော့ ပွဲချိန် ၁၃ မိနစ်မှာဖြစ်ပြီး မားကို့စ်အလွန်ဆိုနဲ့ကိုကီတို့ကို ကျော်ဖြတ်လာခဲ့တဲ့ အီတလီတိုက်စစ်ကစားသမားချီယေဆာကို ချိန်သားကိုက်တားဆီးနိုင်ခဲ့တာပါ။

ဂါဗီဟာ လိုအပ်လို့ရှိရင် ကြမ်းကြမ်းတမ်းတမ်းလည်းကစားနိုင်စွမ်းရှိပြီး အီတလီနဲ့ပွဲမှာ ပွဲရဲ့အခြေအနေကိုလည်း အကြောက်အလန့်ကင်းစွာကောင်းကောင်းဖတ်နိုင်ခဲ့ပါတယ်။

ပေါတောရက်အမှားလုပ်ခဲ့ပြီးနောက် ခံစစ်ကို သူဆင်းကူခဲ့ပြီး ကွင်းလယ်က ကိုကီရဲ့အမှားတစ်ခုကိုလည်း ပြင်ပေးနိုင်ခဲ့ပါတယ်။

နည်းပြအင်းနရစ်က သူ့ကို ၈၄ မိနစ်ပဲ ကစားခွင့်ပေးခဲ့ပေမယ့် အသင်းကြီးကစားသမားဘဝမှာ သူ့ရဲ့အရှည်ကြာဆုံးပွဲကစားရမှု ဖြစ်လာခဲ့ပါတယ်။

ဂါဗီဟာ လက်ရွေးစင်ဖြစ်လာဖို့အတွက် ထိပ်တန်းလိဂ်မှာ ၂၇၅ မိနစ်သာကစားခဲ့ရကာ သူ့ပွဲထွက်မှာ နိုင်ငံအသင်းနည်းပြကို စိတ်မပျက်စေခဲ့ပါဘူး။

စပိန်နဲ့အီတလီတို့ရဲ့ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ကို တီဗီကနေ အားပေးခဲ့တဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဟာ ၃ လအကြာမှာပဲ သူ့နိုင်ငံရဲ့စံချိန်ရှင်တစ်ယောက်ဖြစ်လာခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အီတလီနဲ႔ပြဲမွာေျခစြမ္းျပခဲ့တဲ့ စပိန္ရဲ႕အသက္အငယ္ဆုံးဂါဗီ ဘယ္ကလာသလဲ?

ယူ႐ိုခ်န္ပီယံအီတလီကိုအႏိုင္ရခဲ့တဲ့ေနးရွင္းလိဂ္ဆီမီးဖိုင္နယ္မွာ ပြဲထြက္စာရင္းထဲ လူငယ္ကြင္းလယ္လူဂါဗီကို ထည့္ခဲ့တဲ့ စပိန္နည္းျပလူးဝစ္အင္းနရစ္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ အေတာ္မ်ားမ်ားက အံ့အားသင့္ေနၾကမွာပါ။

ဒါေပမဲ့ အဲဒီဘာစီလိုနာလူငယ္ကစားသမားဟာ ဆန္စီ႐ိုကြင္းမွာ အ႐ြယ္နဲ႔မလိုက္ေအာင္ ရင့္က်က္တဲ့ေျခစြမ္းျပသြားႏိုင္ခဲ့ပါတယ္။ အဲဒီပြဲ ပြဲထြက္ပါခဲ့လို႔ ၁၇ ႏွစ္၊ ၆၂ ရက္နဲ႔ ဂါဗီဟာ စပိန္အသင္းသမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

ငယ္႐ြယ္ေပမယ့္လည္း ဂါဗီဟာ ပြဲတစ္ေလွ်ာက္လုံးမွာ ေဘာလုံးေတာင္းဖို႔ တုံ႔ဆိုင္းမေနခဲ့ဘဲ စပိန္ကြင္းလယ္မွာ အေတြ႕အႀကဳံရင့္ေတြျဖစ္ၾကတဲ့ ကိုကီ၊ဘက္စ္ကြက္တို႔နဲ႔ တြဲဖက္ညီညီကစားႏိုင္ခဲ့ပါတယ္။ သူ႔အရည္အေသြးကိုသက္ေသျပတဲ့အခိုက္အတန႔္ကေတာ့ ပြဲခ်ိန္ ၁၃ မိနစ္မွာျဖစ္ၿပီး မားကို႔စ္အလြန္ဆိုနဲ႔ကိုကီတို႔ကို ေက်ာ္ျဖတ္လာခဲ့တဲ့ အီတလီတိုက္စစ္ကစားသမားခ်ီေယဆာကို ခ်ိန္သားကိုက္တားဆီးႏိုင္ခဲ့တာပါ။

ဂါဗီဟာ လိုအပ္လို႔ရွိရင္ ၾကမ္းၾကမ္းတမ္းတမ္းလည္းကစားႏိုင္စြမ္းရွိၿပီး အီတလီနဲ႔ပြဲမွာ ပြဲရဲ႕အေျခအေနကိုလည္း အေၾကာက္အလန႔္ကင္းစြာေကာင္းေကာင္းဖတ္ႏိုင္ခဲ့ပါတယ္။ ေပါေတာရက္အမွားလုပ္ခဲ့ၿပီးေနာက္ ခံစစ္ကို သူဆင္းကူခဲ့ၿပီး ကြင္းလယ္က ကိုကီရဲ႕အမွားတစ္ခုကိုလည္း ျပင္ေပးႏိုင္ခဲ့ပါတယ္။

နည္းျပအင္းနရစ္က သူ႔ကို ၈၄ မိနစ္ပဲ ကစားခြင့္ေပးခဲ့ေပမယ့္ အသင္းႀကီးကစားသမားဘဝမွာ သူ႔ရဲ႕အရွည္ၾကာဆုံးပြဲကစားရမႈ ျဖစ္လာခဲ့ပါတယ္။ ဂါဗီဟာ လက္ေ႐ြးစင္ျဖစ္လာဖို႔အတြက္ ထိပ္တန္းလိဂ္မွာ ၂၇၅ မိနစ္သာကစားခဲ့ရကာ သူ႔ပြဲထြက္မွာ ႏိုင္ငံအသင္းနည္းျပကို စိတ္မပ်က္ေစခဲ့ပါဘူး။

စပိန္နဲ႔အီတလီတို႔ရဲ႕ယူ႐ို ၂၀၂၀ ဆီမီးဖိုင္နယ္ကို တီဗီကေန အားေပးခဲ့တဲ့ ဆယ္ေက်ာ္သက္ေလးတစ္ေယာက္ဟာ ၃ လအၾကာမွာပဲ သူ႔ႏိုင္ငံရဲ႕စံခ်ိန္ရွင္တစ္ေယာက္ျဖစ္လာခဲ့တာပါ။