အီတလီနဲ့စပိန်က ကိုဗစ်တိုက်ပွဲဝင်ကျန်းမာရေးဝန်ထမ်းတွေအတွက် ဖိတ်ခေါ်ပွဲကစားမယ့် ဘိုင်ယန်၊ရီးရဲလ်နဲ့အင်တာ

photo-allfootball

photo-daily mail

ဥရောပအသင်းကြီးတွေဖြစ်ကြတဲ့ ဘိုင်ယန်မြူးနစ်၊ရီးရဲလ်မက်ဒရစ်နဲ့အင်တာမီလန်တို့ဟာ ကိုဗစ်တိုက်ပွဲဝင်ကျန်းမာရေးဝန်ထမ်းတွေအတွက် လာမယ့် ၂၀၂၁ မှာ ဖိတ်ခေါ်ပြိုင်ပွဲသစ်တစ်ခု ကစားကြမယ်လို့ သိရပါတယ်။ ပြိုင်ပွဲအမည်က European Solidarity Cup ဖြစ်ပြီး အဲဒီကရတဲ့ ပိုက်ဆံတွေကို အီတလီနဲ့စပိန်တို့က ဆေးရုံတွေမှာ လှူဒန်းသွားမှာပါ။

photo-gettyimages

မြန်မာလိုဆိုရင်တော့ ဥရောပစည်းလုံးညီညွတ်မှုဖလား ဖြစ်ပါတယ်။ အီတလီနဲ့စပိန်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ရင် ဥရောပမှာ အဆိုးရွားဆုံးခံစားခဲ့ရတဲ့နိုင်ငံတွေဖြစ်ပြီး အီတလီမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၂၀၀၀ ကျော်ရှိကာ စပိန်မှာလည်း ၂၇၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုဗစ်အရေးမှာ ရှေ့တန်းရောက် ကျန်းမာရေးဝန်ထမ်းတွေအတွက် အထောက်အကူဖြစ်စေတယ့် ဆေးဝါးပစ္စည်းတွေဝယ်ယူနိုင်ရေးအတွက် သူတို့ ၃ သင်းကြား ရန်ပုံငွေပြိုင်ပွဲတစ်ခု ကျင်းပဖို့ စီစဉ်ခဲ့တာပါ။

photo-gettyimages

ပွဲစဉ်ပြက္ခဒိန်အနေအထား၊ ပရိသတ်တွေရှေ့ကစားနိုင်မယ့်အချိန်အပေါ်မူတည်ပြီး  လာမယ့်နှစ်မှာ ကစားသွားမှာပါ။ ၃ သင်းလုံးဟာ အုပ်စုပတ်လည်ကစားမှာဖြစ်ကာ တစ်မြို့ချင်းစီမှာ တစ်ပွဲစီကစားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲစဉ်အနေအထားက အခုလိုဖြစ်သွားပါတယ်။ မီလန်မြို့မှာက အင်တာနဲ့ဘိုင်ယန်တို့ရဲ့ပွဲ ကစားမှာဖြစ်ပြီး မက်ဒရစ်မြို့မှာက ရီးရဲလ်နဲ့အင်တာတို့ရဲ့ပွဲ ကစားမှာဖြစ်ကာ မြူးနစ်မြို့မှာတော့ ဘိုင်ယန်နဲ့ရီးရဲလ်တို့ရဲ့ပွဲကစားသွားမှာပါ။

[Zawgyi]

အီတလီနဲ႔စပိန္က ကိုဗစ္တိုက္ပြဲ၀င္က်န္းမာေရး၀န္ထမ္းေတြအတြက္ ဖိတ္ေခၚပြဲကစားမယ့္ ဘိုင္ယန္၊ရီးရဲလ္နဲ႔အင္တာ

ဥေရာပအသင္းႀကီးေတြျဖစ္ၾကတဲ့ ဘိုင္ယန္ျမဴးနစ္၊ရီးရဲလ္မက္ဒရစ္နဲ႔အင္တာမီလန္တို႔ဟာ ကိုဗစ္တိုက္ပြဲ၀င္က်န္းမာေရး၀န္ထမ္းေတြအတြက္ လာမယ့္ ၂၀၂၁ မွာ ဖိတ္ေခၚၿပိဳင္ပြဲသစ္တစ္ခု ကစားၾကမယ္လုိ႔ သိရပါတယ္။ ၿပိဳင္ပြဲအမည္က European Solidarity Cup ျဖစ္ၿပီး အဲဒီကရတဲ့ ပိုက္ဆံေတြကို အီတလီနဲ႔စပိန္တို႔က ေဆးရုံေတြမွာ လွဴဒန္းသြားမွာပါ။

ျမန္မာလိုဆုိရင္ေတာ့ ဥေရာပစည္းလုံးညီညြတ္မႈဖလား ျဖစ္ပါတယ္။ အီတလီနဲ႔စပိန္တို႔ဟာ ကိုရိုနာဗုိင္းရပ္စ္နဲ႔ပတ္သက္ရင္ ဥေရာပမွာ အဆိုးရြားဆုံးခံစားခဲ့ရတဲ့ႏိုင္ငံေတြျဖစ္ၿပီး အီတလီမွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၃၂၀၀၀ ေက်ာ္ရွိကာ စပိန္မွာလည္း ၂၇၀၀၀ ေက်ာ္ေသဆုံးခဲ့ပါတယ္။ ဒါေၾကာင့္လည္း ကိုဗစ္အေရးမွာ ေရွ႕တန္းေရာက္ က်န္းမာေရး၀န္ထမ္းေတြအတြက္ အေထာက္အကူျဖစ္ေစတယ့္ ေဆး၀ါးပစၥည္းေတြ၀ယ္ယူႏိုင္ေရးအတြက္ သူတို႔ ၃ သင္းၾကား ရန္ပုံေငြၿပိဳင္ပြဲတစ္ခု က်င္းပဖုိ႔ စီစဥ္ခဲ့တာပါ။

ပြဲစဥ္ျပကၡဒိန္အေနအထား၊ ပရိသတ္ေတြေရွ႕ကစားႏိုင္မယ့္အခ်ိန္အေပၚမူတည္ၿပီး  လာမယ့္ႏွစ္မွာ ကစားသြားမွာပါ။ ၃ သင္းလုံးဟာ အုပ္စုပတ္လည္ကစားမွာျဖစ္ကာ တစ္ၿမိဳ႕ခ်င္းစီမွာ တစ္ပြဲစီကစားသြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ပြဲစဥ္အေနအထားက အခုလိုျဖစ္သြားပါတယ္။ မီလန္ၿမိဳ႕မွာက အင္တာနဲ႔ဘိုင္ယန္တုိ႔ရဲ႕ပြဲ ကစားမွာျဖစ္ၿပီး မက္ဒရစ္ၿမိဳ႕မွာက ရီးရဲလ္နဲ႔အင္တာတုိ႔ရဲ႕ပြဲ ကစားမွာျဖစ္ကာ ျမဴးနစ္ၿမိဳ႕မွာေတာ့ ဘုိင္ယန္နဲ႔ရီးရဲလ္တို႔ရဲ႕ပြဲကစားသြားမွာပါ။