အီတလီက ခြောက်ခြားဖွယ် အခြေအနေကို ပြောပြလာတဲ့ အေစီမီလန်ကစားသမား

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာနေတဲ့အီတလီက နေ့စဉ်ဘဝအစစ်အမှန်ကို အေစီမီလန်အငှားကစားသမား အက်စ်မီယာဘီဂိုဗစ်က ရှင်းပြခဲ့ပါတယ်။ လမ်းတွေက လုံးဝရှင်းလင်းနေကြပါတယ်။ မီလန် မြို့ဟာ လုံးဝပိတ်ဆို့ထားတဲ့အနေအထားဖြစ်ပြီး ၊ လူသူလေးပါး ကင်းမဲ့နေပါတယ်။

photo internet

“စူပါမားကတ်တွေပဲဖွင့်ထား ပါတယ်။ ဝယ်စရာရှိတာဝယ်ပြီးရင် အိမ်တန်းပြန် ရပါမယ်။ ကျွန်တော်ကမြို့တော်ထဲမှာနေနေပြီး ဒါကရုပ်ရှင်တစ်ကားပဲလို့ ထင်ရပါတယ် ။

photo internet

သေဆုံးမှုများစွာနဲ့ ကူးစက်ခံထားရတဲ့လူများစွာရှိနေပါတယ်။ ဒါဟာ လူသားတွေအတွက် နာကျင်စရာနဲ့ အသည်းကွဲစရာဖြစ်ပါတယ်။ အခုဆို အခြားဘောလုံးကလပ်တွေမှာရောဂါဖြစ်တာကို ခင်ဗျားမြင်ရပြီ၊ ဘဝတူကစားသမားတွေ ဒါဖြစ်နေကြပြီး အိပ်မက်ဆိုးတစ်ခုလိုခံစားရပါတယ်။ အရာအားလုံး အရင်လိုပုံမှန်အတိုင်း မြန်နိုင်သမျှမြန်မြန်ပြန်ဖြစ်ပါစေလို့ပဲ မျှော်လင့်နိုင်ပါတော့တယ်။”ဆိုပြီး သူကပြောပါတယ်။

photo internet

ဒီနေ့အထိ အေစီမီလန်ကစားသမားတွေထဲမှာ ကူးစက်ခံရမှုမရှိသေးပါဘူး။ ဒါပေမဲ့ ဘီဂိုဗစ်ကတော့ ကိစ္စတွေက ဘယ်လောက်လျင်မြန်စွာပြောင်းလဲနေသလဲ၊ ကစားစရာဘောလုံးပွဲတွေမရှိတော့တဲ့အခါ ဘောလုံးသမားတယောက်ရဲ့ဘဝက ဘာနဲ့တူသလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
“ကိစ္စတွေက ဆက်တိုက်ဖြစ်ပျက်နေတာ ပွဲတွေကစားနေရာကနေ ကွင်းပိတ်ကစားတဲ့အနေအထားဆီကို ရောက်၊ အဲဒီကနေမှ ပွဲတွေပိတ်လိုက်ပြန်ရော။ ကျွန်တော်တို့ ကစားသင့်သေးရဲ့လား ဆိုပြီးအငြင်းအခုံလည်းဖြစ်လိုက်သေးတာ။ ကွင်းပိတ်ပွဲကစားခဲ့ရတယ်။ ဒါကြီးက လုံးဝကို ကောင်းတဲ့အတွေ့အကြုံမဟုတ်ပါဘူး။အဲဒီနောက် အရာအားလုံး ပိတ်သိမ်းသွားပါတော့တယ်။

photo internet

“လက်ရှိအချိန်မှာတော့ စောင့်ဆိုင်းခြင်းပြိုင်ပွဲပါပဲ။ ကျွန်တော်တို့ အခုလေ့ကျင့်ရေးမလုပ်ကြတော့ဘူး။ ၂၃ရက်နေ့မတိုင်ခင်အထိ ပြန်လာစရာမလိုဘူး၊ ဒါပေမဲ့ အခုကြည့်ရတာတော့ ဒီအနေအထားက အချိန်ပိုရှည်သွားလောက်တယ်။ မီလန်အသင်းမှာ ပေါ့စတစ်စစ်ဆေးတွေ့ရှိတာ တစ်ယောက်မှမရှိခဲ့ပါဘူး။ တာဝန်ရှိသူတွေက ကျွန်တော်တို့ကို ပြန်လွှတ်လိုက်ပြီး ဒီလိုပြောပါတယ်။ “ငါတို့မင်းတို့နဲ့ပြန်ဆုံကြတာပေါ့ကွာ။” တဲ့။”လူတွေလိုက်နာရမဲ့စည်းကမ်းဂိုက်လိုင်းတွေ ရှိပါတယ်။ ဒါတွေဟာ အမိန့်တွေဖြစ်ပြီး ကျွန်တော်တို့ လိုက်နာကြရမှာပါ။ ဘာမှလုပ်စရာမရှိတော့ အလုပ်တွေရှုပ်နေအောင် ကျွန်တော်ကြိုးစားတယ်။ အင်တာနက်တင်တဲ့အသံဖိုင်တွေ အသံသွင်းဖို့၊ ကိုယ့်ကိုယ့်ကို ပုံမှန်လည်ပတ်နေအောင် ထိန်းထားဖို့နဲ့ တအားကြီးစိတ်ဓါတ်ကျမနေဖို့ ကြိုးစားနေပြီး ပုံမှန်အခြေအနေတွေ ပြန်လည်စတင်လာဖို့ကို စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းနေပါတယ်။”ဆိုပြီး အက်စ်မီယာဘီဂိုဗစ်က ပြောပါတယ်။

photo internet

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

အီတလီက ေျခာက္ျခားဖြယ္ အေျခအေနကို ေျပာျပလာတဲ့ ေအစီမီလန္ကစားသမား

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အထိနာေနတဲ့အီတလီက ေန႔စဥ္ဘဝအစစ္အမွန္ကို ေအစီမီလန္အငွားကစားသမား အက္စ္မီယာဘီဂိုဗစ္က ရွင္းျပခဲ့ပါတယ္။ လမ္းေတြက လုံးဝရွင္းလင္းေနၾကပါတယ္။ မီလန္ ၿမိဳ႕ဟာ လုံး၀ပိတ္ဆုိ႕ထားတဲ့အေနအထားျဖစ္ၿပီး ၊ လူသူေလးပါး ကင္းမဲ့ေနပါတယ္။ “စူပါမားကတ္ေတြပဲဖြင့္ထား ပါတယ္။ ၀ယ္စရာရိွတာ၀ယ္ၿပီးရင္ အိမ္တန္းျပန္ ရပါမယ္။ ကၽြန္ေတာ္ကၿမိဳ႕ေတာ္ထဲမွာေနေနၿပီး ဒါက႐ုပ္ရွင္တစ္ကားပဲလို႔ ထင္ရပါတယ္ ။

ေသဆုံးမႈမ်ားစြာနဲ႔ ကူးစက္ခံထားရတဲ့လူမ်ားစြာရိွေနပါတယ္။ ဒါဟာ လူသားေတြအတြက္ နာက်င္စရာနဲ႔ အသည္းကြဲစရာျဖစ္ပါတယ္။ အခုဆို အျခားေဘာလုံးကလပ္ေတြမွာေရာဂါျဖစ္တာကို ခင္ဗ်ားျမင္ရၿပီ၊ ဘဝတူကစားသမားေတြ ဒါျဖစ္ေနၾကၿပီး အိပ္မက္ဆိုးတစ္ခုလိုခံစားရပါတယ္။ အရာအားလုံး အရင္လိုပုံမွန္အတိုင္း ျမန္ႏိုင္သမွ်ျမန္ျမန္ျပန္ျဖစ္ပါေစလို႔ပဲ ေမွ်ာ္လင့္ႏိုင္ပါေတာ့တယ္။”ဆိုၿပီး သူကေျပာပါတယ္။

ဒီေန႔အထိ ေအစီမီလန္ကစားသမားေတြထဲမွာ ကူးစက္ခံရမႈမရွိေသးပါဘူး။ ဒါေပမဲ့ ဘီဂိုဗစ္ကေတာ့ ကိစၥေတြက ဘယ္ေလာက္လ်င္ျမန္စြာေျပာင္းလဲေနသလဲ၊ ကစားစရာေဘာလုံးပြဲေတြမရွိေတာ့တဲ့အခါ ေဘာလုံးသမားတေယာက္ရဲ႕ဘဝက ဘာနဲ႔တူသလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။
“ကိစၥေတြက ဆက္တိုက္ျဖစ္ပ်က္ေနတာ ပြဲေတြကစားေနရာကေန ကြင္းပိတ္ကစားတဲ့အေနအထားဆီကို ေရာက္၊ အဲဒီကေနမွ ပြဲေတြပိတ္လိုက္ျပန္ေရာ။ ကၽြန္ေတာ္တို႔ ကစားသင့္ေသးရဲ႕လား ဆိုၿပီးအျငင္းအခုံလည္းျဖစ္လိုက္ေသးတာ။ ကြင္းပိတ္ပြဲကစားခဲ့ရတယ္။ ဒါႀကီးက လုံးဝကို ေကာင္းတဲ့အေတြ႕အႀကဳံမဟုတ္ပါဘူး။အဲဒီေနာက္ အရာအားလုံး ပိတ္သိမ္းသြားပါေတာ့တယ္။

“လက္ရွိအခ်ိန္မွာေတာ့ ေစာင့္ဆိုင္းျခင္းၿပိဳင္ပြဲပါပဲ။ ကၽြန္ေတာ္တို႔ အခုေလ့က်င့္ေရးမလုပ္ၾကေတာ့ဘူး။ ၂၃ရက္ေန႔မတိုင္ခင္အထိ ျပန္လာစရာမလိုဘူး၊ ဒါေပမဲ့ အခုၾကည့္ရတာေတာ့ ဒီအေနအထားက အခ်ိန္ပိုရွည္သြားေလာက္တယ္။ မီလန္အသင္းမွာ ေပါ့စတစ္စစ္ေဆးေတြ႕ရွိတာ တစ္ေယာက္မွမရွိခဲ့ပါဘူး။ တာ၀န္ရိွသူေတြက ကၽြန္ေတာ္တို႔ကို ျပန္လႊတ္လိုက္ၿပီး ဒီလိုေျပာပါတယ္။ “ငါတို႔မင္းတို႔နဲ႔ျပန္ဆုံၾကတာေပါ့ကြာ။” တဲ့။”လူေတြလိုက္နာရမဲ့စည္းကမ္းဂိုက္လိုင္းေတြ ရွိပါတယ္။ ဒါေတြဟာ အမိန႔္ေတြျဖစ္ၿပီး ကၽြန္ေတာ္တို႔ လိုက္နာၾကရမွာပါ။ ဘာမွလုပ္စရာမရိွေတာ့ အလုပ္ေတြရႈပ္ေနေအာင္ ကၽြန္ေတာ္ႀကိဳးစားတယ္။ အင္တာနက္တင္တဲ့အသံဖိုင္ေတြ အသံသြင္းဖို႔၊ ကိုယ့္ကိုယ့္ကို ပုံမွန္လည္ပတ္ေနေအာင္ ထိန္းထားဖို႔နဲ႔ တအားႀကီးစိတ္ဓါတ္က်မေနဖို႔ ႀကိဳးစားေနၿပီး ပုံမွန္အေျခအေနေတြ ျပန္လည္စတင္လာဖို႔ကို စိတ္ရွည္စြာနဲ႔ ေစာင့္ဆိုင္းေနပါတယ္။”ဆိုၿပီး အက္စ္မီယာဘီဂိုဗစ္က ေျပာပါတယ္။