အီတလီကျောင်းက ခံစစ်သင်ခန်းစာတွေကို ဒီလစ်သင်ယူနေရဆဲလို့ နယ်သာလန်နည်းပြဆို

photo-gettyimages

photo-gettyimages

နယ်သာလန်ကြယ်ပွင့်ဒီလစ်ဟာ ဂျူဗင်တပ်မှာ အသားကျရေးအတွက် သင်ယူနေရဆဲဖြစ်ကြောင်း သူ့ရဲ့လက်ရွေးစင်အသင်းနည်းပြရော်နယ်ကိုးမန်းက ပြောကြားလိုက်ပါတယ်။ အသက် ၂၀ သာရှိသေးတဲ့အဲဒီဗဟိုခံစစ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အေဂျက်ကနေ ကနဦးပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းနဲ့ ရောက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိရောက်ခဲ့တဲ့ အေဂျက်မှာ ခြေစွမ်းပြရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်နဲ့အတူ စီးရီးအေက သူ့ရဲ့ပထမဆုံးရာသီမှာတော့ အခုချိန်ထိ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

photo-gettyimages

ရာသီစကတည်းက အမှားတွေကျူးလွန်မိပြီး အသင်းနဲ့ချက်ချင်းအံမဝင်နိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒီလစ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေမှာ ကစားသွားခဲ့တဲ့အင်တာမီလန်နဲ့ပွဲမှာလည်း အားနည်းမှုတွေရှိခဲ့ပါတယ်။ သူ့ရဲ့လက်ထိဘောကြောင့်ပဲ ဂျူဗင်တပ်ဟာ အင်တာမီလန်ကို ပင်နယ်တီပေးခဲ့ရပါတယ်။ ဒါ့အပြင် အဲဒီပွဲမှာ အင်တာတိုက်စစ်မှုးလူကာကူက ဒီလစ်ရဲ့ခြေထောက်နှစ်ဖက်ကြားထဲကနေ ဘောလုံးထုတ်ယူသွားပါသေးတယ်။ ဒီအချိန်မှာ နယ်သာလန်နည်းပြကိုးမန်းက ဒီလစ်ဟာ ခံစစ်သင်ခန်းစာတွေကို သင်ယူနေရဆဲဖြစ်ပေမယ့် တိုးတက်လာမယ်လို့ ထောက်ခံပြောသွားပါတယ်။

photo-gettyimages

”သူ့ရဲ့အသင်းသစ်၊သူ့ရဲ့နိုင်ငံသစ်နဲ့ သူ့ရဲ့အသင်းဖော်သစ်တွေနဲ့ အသားကျရေးအတွက် ကျွန်တော်ကတော့ ဒီလစ်ကို အမြဲတမ်းထောက်ခံအားပေးသွားမှာပါ။ ခံစစ်ပိုင်းနည်းလမ်းသစ်နဲ့အသားကျဖို့ သူတကယ်လိုအယ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အေဂျက်မှာ သူကစားခဲ့ရပုံနဲ့ ကွဲပြားခြားနားပါတယ်။ ဒါဟာ ခံစစ်နဲ့ပတ်သက်လို့ အီတလီကျောင်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့”လို့ ကိုးမန်းက ဒီလစ်နဲ့ပတ်သက်ပြီး ပြောသွားခဲ့တာပါ။

[Zawgyi]

အီတလီေက်ာင္းက ခံစစ္သင္ခန္းစာေတြကို ဒီလစ္သင္ယူေနရဆဲလုိ႔ နယ္သာလန္နည္းျပဆို

နယ္သာလန္ၾကယ္ပြင့္ဒီလစ္ဟာ ဂ်ဴဗင္တပ္မွာ အသားက်ေရးအတြက္ သင္ယူေနရဆဲျဖစ္ေၾကာင္း သူ႔ရဲ႕လက္ေရြးစင္အသင္းနည္းျပေရာ္နယ္ကိုးမန္းက ေျပာၾကားလိုက္ပါတယ္။ အသက္ ၂၀ သာရွိေသးတဲ့အဲဒီဗဟိုခံစစ္ကစားသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ေအဂ်က္ကေန ကနဦးေျပာင္းေရႊ႕ေၾကး ယူရို ၇၅ သန္းနဲ႔ ေရာက္လာခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီတုနး္က ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အထိေရာက္ခဲ့တဲ့ ေအဂ်က္မွာ ေျခစြမ္းျပရာသီတစ္ခုကို ျဖတ္သန္းႏိုင္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္နဲ႔အတူ စီးရီးေအက သူ႔ရဲ႕ပထမဆုံးရာသီမွာေတာ့ အခုခ်ိန္ထိ ရုန္းကန္ေနရဆဲျဖစ္ပါတယ္။

ရာသီစကတည္းက အမွားေတြက်ဴးလြန္မိၿပီး အသင္းနဲ႔ခ်က္ခ်င္းအံမ၀င္ႏိုင္ခဲ့တာေၾကာင့္ ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဒီလစ္ဟာ ၿပီးခဲ့တဲ့တနဂၤေႏြမွာ ကစားသြားခဲ့တဲ့အင္တာမီလန္နဲ႔ပြဲမွာလည္း အားနည္းမႈေတြရွိခဲ့ပါတယ္။ သူ႔ရဲ႕လက္ထိေဘာေၾကာင့္ပဲ ဂ်ဴဗင္တပ္ဟာ အင္တာမီလန္ကို ပင္နယ္တီေပးခဲ့ရပါတယ္။ ဒါ့အျပင္ အဲဒီပြဲမွာ အင္တာတိုက္စစ္မႈးလူကာကူက ဒီလစ္ရဲ႕ေျခေထာက္ႏွစ္ဖက္ၾကားထဲကေန ေဘာလုံးထုတ္ယူသြားပါေသးတယ္။ ဒီအခ်ိန္မွာ နယ္သာလန္နည္းျပကိုးမန္းက ဒီလစ္ဟာ ခံစစ္သင္ခန္းစာေတြကို သင္ယူေနရဆဲျဖစ္ေပမယ့္ တိုးတက္လာမယ္လုိ႔ ေထာက္ခံေျပာသြားပါတယ္။

”သူ႔ရဲ႕အသင္းသစ္၊သူ႔ရဲ႕ႏိုင္ငံသစ္နဲ႔ သူ႔ရဲ႕အသင္းေဖာ္သစ္ေတြနဲ႔ အသားက်ေရးအတြက္ ကၽြန္ေတာ္ကေတာ့ ဒီလစ္ကို အၿမဲတမ္းေထာက္ခံအားေပးသြားမွာပါ။ ခံစစ္ပိုင္းနည္းလမး္သစ္နဲ႔အသားက်ဖို႔ သူတကယ္လိုအယ္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ေအဂ်က္မွာ သူကစားခဲ့ရပုံနဲ႔ ကြဲျပားျခားနားပါတယ္။ ဒါဟာ ခံစစ္နဲ႔ပတ္သက္လုိ႔ အီတလီေက်ာင္းျဖစ္ေကာင္းျဖစ္ႏိုင္တာေပါ့”လို႔ ကိုးမန္းက ဒီလစ္နဲ႔ပတ္သက္ၿပီး ေျပာသြားခဲ့တာပါ။