အီတလီကတော့ စံချိန်မှတ်တမ်းကောင်းတွေရ၊ တူရကီကတော့ ပရိသတ်တွေကို တောင်းပန်ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ယူရိုအဖွင့်ပွဲမှာ တစ်သင်းက မျက်နှာပန်းလှပြီး၊ တစ်သင်းကတော့ မျက်နှာ အောက်ချခဲ့ရပါတယ်။

ရောမမှာကစားခဲ့တဲ့ ယူရို ၂၀၂၀ အဖွင့်ပွဲမှာ တူရကီဟာ ပထမပိုင်းကို ဂိုးမရှိသရေကျအောင် ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အီတလီကို ၃ ဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်။

မနေ့က နိုင်ပွဲအပြီး အီတလီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ယူရို ၃၉ ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ၂ ဂိုးအထက် သွင်းယူနိုင်တဲ့ပွဲဖြစ်လာခဲ့ပါတယ်။

အီတလီအသင်းဟာ နောက်ဆုံးကစားထားတဲ့ ၃၁ ပွဲမှာ ပေးဂိုး တစ်ဂိုးထက်ပိုပြီး ခွင့်ပြုခဲ့ရတဲ့ပွဲ မရှိခဲ့ပါဘူး။

အီတလီအသင်းဟာ တူရကီနဲ့ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ ရှုံးပွဲမရှိခဲ့ဘဲ ယခုတစ်ကြိမ်နဲ့ဆိုရင် ၁၁ ကြိမ်တွေ့ဆုံထားရာမှာ ၈ ကြိမ်နိုင်ကာ ၃ ကြိမ် သရေကျထားခဲ့ပါတယ်။

အီတလီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ပေးဂိုးလုံးဝမရှိခဲ့ဘဲ တိုက်စစ်ပိုင်းက ၂၈ ဂိုးအထိ သွင်းထားနိုင်ခဲ့ပါတယ်။

တူရကီအသင်းကတော့ နောက်ဆုံးကစားထားတဲ့ ယူရိုပြိုင်ပွဲရဲ့ အဖွင့် ၅ ပွဲလုံးမှာ ရှုံးပွဲကြုံထားခဲ့ရပါတယ်။

တူရကီနောက်ခံလူ ဒီမီရယ်လ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမိခြင်းဟာ ယူရိုပြိုင်ပွဲရဲ့ ဆယ်ဂိုးမြောက် OG ဖြစ်ခဲ့ပြီး ယူရိုအဖွင့်ဂိုးအနေနဲ့ ပထမဆုံး OG ဂိုးဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မီရက်စ်နဲ့ တိုက်စစ်မှူးကာရာမန်တို့က သူတို့ရဲ့ကစားပုံအတွက် တောင်းပန်စကားဆိုခဲ့ပါတယ်။

“ဒီနေ့ည ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်အတွက် တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်။

အီတလီက နည်းစနစ်ပိုင်းအရ ကျွန်တော်တို့ထက် အများကြီးကောင်းမွန်ခဲ့ပါတယ်” လို့ ကာရာမန်က ပြောဆိုခဲ့ပါတယ်။

ဘယ်အစွန်နောက်ခံလူ မီရက်စ်ကလည်း “ကွင်းထဲမှာ စိတ်ရှိသလောက် တုံ့ပြန်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။

အဲဒီအတွက် တောင်းပန်ပါတယ်” လို့ ပြောဆိုပါတယ်။

နည်းပြဖြစ်သူဆီနွန်ဂူးနက်စ်ကလည်း “ပိုပြီးကောင်းမွန်တဲ့ပွဲတစ်ပွဲကို မျှော်လင့်ခဲ့တာပါ။

ဒါပေမယ့် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ အဲ ဒီအတွက် တောင်းပန်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အီတလီက​ေတာ့ စံခ်ိန္မွတ္တမ္း​ေကာင္း​ေတြရ၊ တူရကီက​ေတာ့ ပရိသတ္​ေတြကို ​ေတာင္းပန္ရ

မ​ေန႔က ယူ႐ိုအဖြင့္ပြဲမွာ တစ္သင္းက မ်က္ႏွာပန္းလွၿပီး၊ တစ္သင္းက​ေတာ့ မ်က္ႏွာ ​ေအာက္ခ်ခဲ့ရပါတယ္။ ေရာမမွာကစားခဲ့တဲ့ ယူ႐ို ၂၀၂၀ အဖြင့္ပြဲမွာ တူရကီဟာ ပထမပိုင္းကို ဂိုးမရွိသေရက်ေအာင္ ကစားႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ အီတလီကို ၃ ဂိုးအထိ ခြင့္ျပဳခဲ့ရပါတယ္။

မ​ေန႔က ႏိုင္ပြဲအၿပီး အီတလီအသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ယူ႐ို ၃၉ ပြဲမွာ ပထမဆုံးအႀကိမ္အျဖစ္ ၂ ဂိုးအထက္ သြင္းယူႏိုင္တဲ့ပြဲျဖစ္လာခဲ့ပါတယ္။ အီတလီအသင္းဟာ ေနာက္ဆုံးကစားထားတဲ့ ၃၁ ပြဲမွာ ေပးဂိုး တစ္ဂိုးထက္ပိုၿပီး ခြင့္ျပဳခဲ့ရတဲ့ပြဲ မရွိခဲ့ပါဘူး။

အီတလီအသင္းဟာ တူရကီနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈတိုင္းမွာ ရႈံးပြဲမရွိခဲ့ဘဲ ယခုတစ္ႀကိမ္နဲ႔ဆိုရင္ ၁၁ ႀကိမ္ေတြ႕ဆုံထားရာမွာ ၈ ႀကိမ္ႏိုင္ကာ ၃ ႀကိမ္ သေရက်ထားခဲ့ပါတယ္။အီတလီအသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ၉ ပြဲမွာ ေပးဂိုးလုံးဝမရွိခဲ့ဘဲ တိုက္စစ္ပိုင္းက ၂၈ ဂိုးအထိ သြင္းထားႏိုင္ခဲ့ပါတယ္။

တူရကီအသင္းကေတာ့ ေနာက္ဆုံးကစားထားတဲ့ ယူ႐ိုၿပိဳင္ပြဲရဲ႕ အဖြင့္ ၅ ပြဲလုံးမွာ ရႈံးပြဲႀကဳံထားခဲ့ရပါတယ္။တူရကီေနာက္ခံလူ ဒီမီရယ္လ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းယူမိျခင္းဟာ ယူ႐ိုၿပိဳင္ပြဲရဲ႕ ဆယ္ဂိုးေျမာက္ OG ျဖစ္ခဲ့ၿပီး ယူ႐ိုအဖြင့္ဂိုးအေနနဲ႔ ပထမဆုံး OG ဂိုးျဖစ္ခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ မီရက္စ္နဲ႔ တိုက္စစ္မႉးကာရာမန္တို႔က သူတို႔ရဲ႕ကစားပုံအတြက္ ေတာင္းပန္စကားဆိုခဲ့ပါတယ္။

“ဒီေန႔ည ကြၽန္ေတာ္တို႔ရဲ႕ စြမ္းေဆာင္ရည္အတြက္ တကယ္ကိုစိတ္မေကာင္းျဖစ္ရပါတယ္။ အီတလီက နည္းစနစ္ပိုင္းအရ ကြၽန္ေတာ္တို႔ထက္ အမ်ားႀကီးေကာင္းမြန္ခဲ့ပါတယ္” လို႔ ကာရာမန္က ေျပာဆိုခဲ့ပါတယ္။ ဘယ္အစြန္ေနာက္ခံလူ မီရက္စ္ကလည္း “ကြင္းထဲမွာ စိတ္ရွိသေလာက္ တုံ႔ျပန္ကစားႏိုင္ျခင္းမရွိခဲ့ပါဘူး။အဲဒီအတြက္ ေတာင္းပန္ပါတယ္” လို႔ ​ေျပာဆိုပါတယ္။

နည္းျပျဖစ္သူဆီႏြန္ဂူးနက္စ္ကလည္း “ပိုၿပီးေကာင္းမြန္တဲ့ပြဲတစ္ပြဲကို ေမွ်ာ္လင့္ခဲ့တာပါ။ ဒါေပမယ့္ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။ အဲ ဒီအတြက္ ေတာင္းပန္ပါတယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။